အယ်လ်ကလက်စီကို ပွဲနိုင်ပေမယ့် စိတ်မအေးရတဲ့ ဇီဒန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယမန်နေ့ညက ပြိုင်ဘက် ဘာစီလိုနာကို အယ်လ်ကလက်စီကို ပွဲမှာ ၂-၁ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် လာလီဂါ ဇယားထိပ်မှာ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာတင် ရီးရဲလ်မက်ဒရစ်က ဘန်ဇီးမား၊ ခရုးစ်တို့ရဲ့ ဂိုးတွေနဲ့အတူ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ဒါပေမယ့် ဒုတိယပိုင်းမှာ ဘာစီလိုနာအတွက် ချေပဂိုး၁ဂိုးကို လူငယ်နောက်ခံကစားသမား မင်ဂွီဇာက သွင်းယူပေးခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ ရီးရဲလ် ကွင်းလယ်ကစားသမား ကက်စ်မဲရိုး ၂ဝါ၁နီနဲ့ ထုတ်ပယ်ခံခဲ့ရပေမယ့် နောက်ဆုံးအချိန်အထိ ဇီဒန်းရဲ့ အသင်းဟာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဇယားထိပ်မှာ ပြန်လည် ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

ဇီဒန်းကဘာစီလိုနာအသင်းကိုအနိုင်ရခဲ့တဲ့အပေါ်ဝမ်းသာနေပေမယ့်ကစားသမားတွေရဲ့ကြံ့ခိုင်မှုအနေအထားကြောင့်လီဗာပူးနဲ့ပွဲမှာကစားသမားတွေအနာတရမဖြစ်အောင်ကစားစေရမယ်လို့ပြောဆိုပါတယ်။

ဇီဒန်းက”ဒဏ်ရာရကစားသမားတချို့ရှိနေပြန်ပါတယ်။ရာသီကုန်မှာဘာတွေဖြစ်မလဲဆိုတာမသိပေမယ့်အသင်းမှာကစားသမားအပိုမရှိတဲ့အတွက်ကစားသမားအားလုံးကိုလိုအပ်ပါတယ်။ကျွန်တော်တို့ဆက်လက်ရှင်သန်နိုင်အောင် ကြိုးစားနေဆဲပါ” လို့ပြောဆိုပါတယ်။

လက်ရှိမှာဇီဒန်းရဲ့ အသင်းဟာ ဗုဒ္ဓဟူးနေ့မှာယှဉ်ပြိုင်ကစားမယ့်လီဗာပူးအသင်းနဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အတွက်အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အယ္လ္ကလက္စီကို ပြဲႏိုင္​ေပမယ့္ စိတ္မ​ေအးရတဲ့ ဇီဒန္း

ရီးရဲလ္မက္ဒရစ္အသင္းဟာ ယမန္ေန႔ညက ၿပိဳင္ဘက္ ဘာစီလိုနာကို အယ္လ္ကလက္စီကို ပြဲမွာ ၂-၁ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ လာလီဂါ ဇယားထိပ္မွာ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာတင္ ရီးရဲလ္မက္ဒရစ္က ဘန္ဇီးမား၊ ခ႐ုးစ္တို႔ရဲ႕ ဂိုးေတြနဲ႔အတူ ဦးေဆာင္ထားႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ ဒုတိယပိုင္းမွာ ဘာစီလိုနာအတြက္ ေခ်ပဂိုး၁ဂိုးကို လူငယ္ေနာက္ခံကစားသမား မင္ဂြီဇာက သြင္းယူေပးခဲ့ပါတယ္။

ပြဲၿပီးခါနီးမွာ ရီးရဲလ္ ကြင္းလယ္ကစားသမား ကက္စ္မဲ႐ိုး ၂ဝါ၁နီနဲ႔ ထုတ္ပယ္ခံခဲ့ရေပမယ့္ ေနာက္ဆုံးအခ်ိန္အထိ ဇီဒန္းရဲ႕ အသင္းဟာ ဂိုးမေပးရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာေၾကာင့္ ဇယားထိပ္မွာ ျပန္လည္ ဦးေဆာင္သြားႏိုင္ခဲ့ပါတယ္။

ဇီဒန္းကဘာစီလိုနာအသင္းကိုအႏိုင္ရခဲ့တဲ့အေပၚဝမ္းသာေနေပမယ့္ကစားသမားေတြရဲ႕ႀကံ့ခိုင္မႈအေနအထားေၾကာင့္လီဗာပူးနဲ႔ပြဲမွာကစားသမားေတြအနာတရမျဖစ္ေအာင္ကစားေစရမယ္လို႔​ေျပာဆိုပါတယ္။

ဇီဒန္းက”ဒဏ္ရာရကစားသမားတခ်ိဳ႕ရွိေနျပန္ပါတယ္။ရာသီကုန္မွာဘာေတြျဖစ္မလဲဆိုတာမသိေပမယ့္အသင္းမွာကစားသမားအပိုမရွိတဲ့အတြက္ကစားသမားအားလုံးကိုလိုအပ္ပါတယ္။ကြၽန္ေတာ္တို႔ဆက္လက္ရွင္သန္ႏိုင္​ေအာင္ ႀကိဳးစားေနဆဲပါ” လို႔​ေျပာဆိုပါတယ္။

လက္ရွိမွာဇီဒန္းရဲ႕ အသင္းဟာ ဗုဒၶဟူးေန႔မွာယွဥ္ၿပိဳင္ကစားမယ့္လီဗာပူးအသင္းနဲ႔ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ဒုတိယအေက်ာ့ပြဲစဥ္အတြက္အာ႐ုံစိုက္ရေတာ့မွာျဖစ္ပါတယ္။