အယ်လီကယ်တင်ခဲ့ရတဲ့စပါး၊ ပေးဂိုးမရှိနိုင်ပွဲတွေရယူနိုင်ခဲ့တဲ့ ချဲလ်ဆီးနဲ့စီးတီး (ပရီးမီးယားလိဂ်ပွဲစဉ် ၉ စနေညပွဲပြီးသုံးသပ်ချက်)

Photo Credit

Photo Credit

နိုင်ငံတကာရက်သတ္တပတ်အပြီး ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၉ စနေညပွဲစဉ်တွေမှာတော့ စပါးကလွဲလို့ ကျန်အသင်းကြီးတွေအနိုင်ရခဲ့ပြီး စပါးကတော့ အမှတ်ပေးဇယားအောက်ဆုံးက ဝက်ဖို့ဒ်ကို အယ်လီရဲ့နောက်ကျချေပဂိုးကြောင့်သာ အရေးမနိမ့်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit

နောက်ဆုံး ၂ပွဲမှာ ဘိုင်ယန်မြူးနစ်ကို ၇-၂၊ ဘရိုက်တန်ကို ၃-၀ ဂိုးရလဒ်တွေနဲ့ အသီးသီးအရေးနိမ့်ခဲ့တဲ့ စပါးဟာ ယခုရာသီပရီးမီးယားလိဂ်မှာ ဝက်ဖို့ဒ်ကို အရေးနိမ့်ရတဲ့ပထမဆုံးအသင်းဖြစ်လာဖို့ အလွန်နီးစပ်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ဝက်ဖို့ဒ်ဂိုးသမား ဖော်စတာနဲ့ နောက်ခံလူ ကီကိုဖီမီနီယာတို့ကြား နားလည်မှုလွဲမှားရာကနေ အယ်လီက ချေပဂိုးသွင်းသွားလို့သာ အဆိုးဆုံးမဖြစ်ခဲ့တာပါ။

Photo Credit

နည်းပြလမ်းပတ်ရဲ့ချဲလ်ဆီးအသင်းကလည်း နယူးကာဆယ်ကို ၁-၀ ဂိုးနဲ့အနိုင်ယူကာ ပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲဆက်အနိုင်ရခဲ့ပြီး လက်စတာကလည်း ဘန်လေကို ဗာဒီနဲ့ တိုင်လီမန်းစ်တို့ရဲ့သွင်းဂိုးတွေကြောင့် ၂-၁ ဂိုးနဲ့အနိုင်ယူကာ ထိပ်ဆုံး ၄သင်းစာရင်းဝင်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit

နောက်ကျပွဲစဉ်မှာလည်း စီးတီးက ရလဒ်တွေကောင်းမွန်နေတဲ့ ပဲလေ့စ်ကို ဝ-၂ဂိုးနဲ့အနိုင်ယူကာ ဝုဗ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့မှုကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး ပဲလေ့စ်ကတော့ ဒီရာသီပထမဆုံးလိဂ်အိမ်ကွင်းအရှုံးနဲ့ရင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit

တခြားပွဲစဉ်တွေအဖြစ် ဘုန်းမောက်က တန်းမဆင်းရရေးရုန်းကန်နေရတဲ့နောဝစ်ချ်နဲ့အိမ်ကွင်းမှာ အမှတ်ခွဲယူသွားခဲ့ရသလို ဝုဗ်ကလည်း ဂျီမီနက်ဇ်ရဲ့ပင်နယ်တီချေပဂိုးကြောင့် ဆောက်သမ်တန်ကို အိမ်ကွင်းမှာအရေးနိမ့်ရမယ့်အရေးကနေ လွတ်မြောက်သွားခဲ့ရပြီး ဗီလာကတော့ တစ်ယောက်လျော့ဘရိုက်တန်ကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

Photo Credit

အစောဆုံးပွဲစဉ်မှာတော့ မဖြစ်မနေနိုင်ပွဲရယူဖို့ လိုအပ်နေတဲ့အဲဗာတန်က ဝက်စ်ဟမ်းကို ၂-၀ ဂိုးနဲ့အနိုင်ယူကာ နည်းပြမာကိုဆေးလ်ဗားအပေါ် ကျရောက်နေတဲ့ဖိအားတွေကို အတန်အသင့်လျှော့ချပေးနိုင်ခဲ့ပါတယ်။ စပါးဟာ အိမ်ကွင်းမှာ ဝက်ဖို့ဒ်ကို စောစောစီးစီးနောက်ကနေ လိုက်ကစားခဲ့ရပြီး တစ်ချိန်လုံးဖိအားပေးနိုင်ခဲ့ပေမယ့် ပွဲချိန် ၈၅ မိနစ်ရောက်တဲ့အထိ ချေပဂိုးမသွင်းနိုင်ခဲ့ပါဘူး။

Photo Credit

အယ်လီရဲ့ချေပဂိုးကလည်း ဝက်ဖို့ဒ်ဂိုးသမား ဖော်စတာလက်ဆောင်ပေးတာလို့တောင် ဆိုနိုင်ပြီး ဝက်ဖို့ဒ်ခံစစ်ခေါင်းတိုက်ရှင်းထုတ်လို့ ကျလာတာကို ဖီမီနီယာဖျက်မလို့လုပ်နေတုန်း ဖော်စတာက ပြေးဝင်ဖမ်းတာ လက်ထဲကနေ ဘောလုံးလွတ်ထွက်သွားလို့ အယ်လီက ပခုံးနဲ့ ထိန်းယူကာ ပိတ်သွင်းခဲ့တာပါ။ လက်ထိဘောဖြစ်၊ မဖြစ် VAR ပြန်ကြည့်ပေမယ့် ဂိုးအဖြစ် ခွင့်ပြုခဲ့ပါတယ်။

Photo Credit

ချဲလ်ဆီးကလည်း နယူးကာဆယ်ကို အနိုင်ရဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီး ပွဲချိန် ၇၂ မိနစ်ရောက်မှ ဘယ်နောက်ခံလူ မားကို့စ်အလွန်ဆိုရဲ့ပြင်းထန်အားပါတဲ့ကန်ချက်ကြောင့် အနိုင်ဂိုးရခဲ့တာဖြစ်ပြီး နိုင်ပွဲဆက်သွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ အေဘရာဟမ်နဲ့ ဝီလျံတို့ အပိုင်အခွင့်အရေးတွေရခဲ့ပေမယ့် အဆုံးသတ်မသေချာလို့ ချဲလ်ဆီးရဲ့နိုင်ပွဲက မပြတ်သားခဲ့တာပါ။

Photo Credit

အဲဗာတန်ဟာ ဒီပွဲမတိုင်ခင် နောက်ဆုံးလိဂ် ၄ပွဲဆက်အရှုံးနဲ့ရင်ဆိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းကိုတော့ တစ်ပွဲလုံးခြေစွမ်းအသာနဲ့ ဦးဆောင်ကစားနိုင်ခဲ့ပြီး ဘားနက်က စောစောစီးစီးဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သလို နောက်ထပ်ဂိုးတွေရဖို့လည်း အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။

Photo Credit

တိုက်စစ်မှူး ရစ်ချာလီဆင်နဲ့ တောင်ပံကစားသမား ဝဲလ်ကော့တို့ရဲ့ကန်သွင်းချက်တွေ တိုင်ထိ၊ ဘားထိထွက်ခဲ့သလို ၂ဂိုးကိုလည်း ဂိုးအဖြစ် ခွင့်ပြုမခံခဲ့ရဘဲ ဝက်စ်ဟမ်းနောက်ခံလူ အော့ဘွန်နာရဲ့အနီးကပ်ပိတ်သွင်းချက်ကို ပစ်ဖို့ဒ် ကာကွယ်နိုင်ခဲ့သလို ပွဲပြီးခါနီးမှာ ကွင်းလယ်လူ ဆီဂတ်ဆန်က ဒီရာသီသူ့ရဲ့ပထမဆုံးလိဂ်သွင်းဂိုးအဖြစ် အဲဗာတန်အတွက် အဆုံးသတ်ဂိုးသွင်းယူသွားပါတယ်။

Photo Credit

Zawgyi

အယ္လီကယ္တင္ခဲ့ရတဲ့စပါး၊ ေပးဂိုးမရွိႏိုင္ပဲြေတြရယူႏုိင္ခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔စီးတီး (ပရီးမီးယားလိဂ္ပြဲစဥ္ ၉ စေနညပြဲၿပီးသုံးသပ္ခ်က္)

ႏုိင္ငံတကာရက္သတၱပတ္အၿပီး က်င္းပခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၉ စေနညပြဲစဥ္ေတြမွာေတာ့ စပါးကလြဲလုိ႔ က်န္အသင္းႀကီးေတြအႏိုင္ရခဲ့ၿပီး စပါးကေတာ့ အမွတ္ေပးဇယားေအာက္ဆုံးက ၀က္ဖုိ႔ဒ္ကို အယ္လီရဲ႕ေနာက္က်ေခ်ပဂိုးေၾကာင့္သာ အေရးမနိမ့္ခဲ့ရတာျဖစ္ပါတယ္။
ေနာက္ဆုံး ၂ပြဲမွာ ဘုိင္ယန္ျမဴးနစ္ကို ၇-၂၊ ဘ႐ိုက္တန္ကို ၃-၀ ဂိုးရလဒ္ေတြနဲ႔ အသီးသီးအေရးနိမ့္ခဲ့တဲ့ စပါးဟာ ယခုရာသီပရီးမီးယားလိဂ္မွာ ၀က္ဖုိ႔ဒ္ကို အေရးနိမ့္ရတဲ့ပထမဆုံးအသင္းျဖစ္လာဖို႔ အလြန္နီးစပ္ခဲ့ေပမယ့္ ပြဲၿပီးခါနီးမွာ ၀က္ဖုိ႔ဒ္ဂိုးသမား ေဖာ္စတာနဲ႔ ေနာက္ခံလူ ကီကိုဖီမီနီယာတို႔ၾကား နားလည္မႈလဲြမွားရာကေန အယ္လီက ေခ်ပဂိုးသြင္းသြားလုိ႔သာ အဆုိးဆုံးမျဖစ္ခဲ့တာပါ။
နည္းျပလမ္းပတ္ရဲ႕ခ်ဲလ္ဆီးအသင္းကလည္း နယူးကာဆယ္ကို ၁-၀ ဂိုးနဲ႔အႏိုင္ယူကာ ၿပိဳင္ပြဲစုံေနာက္ဆုံး ၅ပဲြဆက္အႏုိင္ရခဲ့ၿပီး လက္စတာကလည္း ဘန္ေလကို ဗာဒီနဲ႔ တုိင္လီမန္းစ္တုိ႔ရဲ႕သြင္းဂိုးေတြေၾကာင့္ ၂-၁ ဂိုးနဲ႔အႏိုင္ယူကာ ထိပ္ဆုံး ၄သင္းစာရင္း၀င္ေရာက္ႏိုင္ခဲ့ပါတယ္။
ေနာက္က်ပြဲစဥ္မွာလည္း စီးတီးက ရလဒ္ေတြေကာင္းမြန္ေနတ့ဲ ပဲေလ့စ္ကို ၀-၂ဂိုးနဲ႔အႏိုင္ယူကာ ၀ုဗ္ကုိ ဂိုးျပတ္အေရးနိမ့္ခဲ့မႈကေန အေကာင္းဆုံးျပန္လာႏိုင္ခဲ့ၿပီး ပဲေလ့စ္ကေတာ့ ဒီရာသီပထမဆုံးလိဂ္အိမ္ကြင္းအ႐ံႈးနဲ႔ရင္ဆုိင္သြားခဲ့ရပါတယ္။
တျခားပြဲစဥ္ေတြအျဖစ္ ဘုန္းေမာက္က တန္းမဆင္းရေရး႐ုန္းကန္ေနရတဲ့ေနာ၀စ္ခ်္နဲ႔အိမ္ကြင္းမွာ အမွတ္ခြဲယူသြားခဲ့ရသလို ၀ုဗ္ကလည္း ဂ်ီမီနက္ဇ္ရဲ႕ပင္နယ္တီေခ်ပဂိုးေၾကာင့္ ေဆာက္သမ္တန္ကို အိမ္ကြင္းမွာအေရးနိမ့္ရမယ့္အေရးကေန လြတ္ေျမာက္သြားခဲ့ရၿပီး ဗီလာကေတာ့ တစ္ေယာက္ေလ်ာ့ဘ႐ိုက္တန္ကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။
အေစာဆုံးပြဲစဥ္မွာေတာ့ မျဖစ္မေနႏိုင္ပြဲရယူဖုိ႔ လိုအပ္ေနတဲ့အဲဗာတန္က ၀က္စ္ဟမ္းကို ၂-၀ ဂိုးနဲ႔အႏိုင္ယူကာ နည္းျပမာကိုေဆးလ္ဗားအေပၚ က်ေရာက္ေနတဲ့ဖိအားေတြကို အတန္အသင့္ေလွ်ာ့ခ်ေပးႏိုင္ခဲ့ပါတယ္။ စပါးဟာ အိမ္ကြင္းမွာ ၀က္ဖုိ႔ဒ္ကို ေစာေစာစီးစီးေနာက္ကေန လုိက္ကစားခဲ့ရၿပီး တစ္ခ်ိန္လုံးဖိအားေပးႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ ၈၅ မိနစ္ေရာက္တဲ့အထိ ေခ်ပဂိုးမသြင္းႏိုင္ခဲ့ပါဘူး။
အယ္လီရဲ႕ေခ်ပဂိုးကလည္း ၀က္ဖို႔ဒ္ဂိုးသမား ေဖာ္စတာလက္ေဆာင္ေပးတာလုိ႔ေတာင္ ဆုိႏိုင္ၿပီး ၀က္ဖို႔ဒ္ခံစစ္ေခါင္းတုိက္ရွင္းထုတ္လုိ႔ က်လာတာကို ဖီမီနီယာဖ်က္မလို႔လုပ္ေနတုန္း ေဖာ္စတာက ေျပး၀င္ဖမ္းတာ လက္ထဲကေန ေဘာလုံးလြတ္ထြက္သြားလုိ႔ အယ္လီက ပခုံးနဲ႔ ထိန္းယူကာ ပိတ္သြင္းခဲ့တာပါ။ လက္ထိေဘာျဖစ္၊ မျဖစ္ VAR ျပန္ၾကည့္ေပမယ့္ ဂိုးအျဖစ္ ခြင့္ျပဳခဲ့ပါတယ္။
ခ်ဲလ္ဆီးကလည္း နယူးကာဆယ္ကို အႏိုင္ရဖို႔ ခက္ခက္ခဲခဲႀကိဳးစားခဲ့ရၿပီး ပြဲခ်ိန္ ၇၂ မိနစ္ေရာက္မွ ဘယ္ေနာက္ခံလူ မားကို႔စ္အလြန္ဆိုရဲ႕ျပင္းထန္အားပါတဲ့ကန္ခ်က္ေၾကာင့္ အႏုိင္ဂိုးရခဲ့တာျဖစ္ၿပီး ႏိုင္ပြဲဆက္သြားခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာ ေအဘရာဟမ္နဲ႔ ၀ီလ်ံတို႔ အပိုင္အခြင့္အေရးေတြရခဲ့ေပမယ့္ အဆုံးသတ္မေသခ်ာလုိ႔ ခ်ဲလ္ဆီးရဲ႕ႏိုင္ပဲြက မျပတ္သားခဲ့တာပါ။
အဲဗာတန္ဟာ ဒီပဲြမတုိင္ခင္ ေနာက္ဆုံးလိဂ္ ၄ပဲြဆက္အ႐ံႈးနဲ႔ရင္ဆုိင္ခဲ့ေပမယ့္ ၀က္စ္ဟမ္းကိုေတာ့ တစ္ပြဲလုံးေျခစြမ္းအသာနဲ႔ ဦးေဆာင္ကစားႏိုင္ခဲ့ၿပီး ဘားနက္က ေစာေစာစီးစီးဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့သလို ေနာက္ထပ္ဂိုးေတြရဖုိ႔လည္း အခြင့္အေရးေတြဖန္တီးႏိုင္ခဲ့ပါတယ္။
တုိက္စစ္မွဴး ရစ္ခ်ာလီဆင္နဲ႔ ေတာင္ပံကစားသမား ၀ဲလ္ေကာ့တို႔ရဲ႕ကန္သြင္းခ်က္ေတြ တုိင္ထိ၊ ဘားထိထြက္ခဲ့သလုိ ၂ဂိုးကုိလည္း ဂိုးအျဖစ္ ခြင့္ျပဳမခံခဲ့ရဘဲ ၀က္စ္ဟမ္းေနာက္ခံလူ ေအာ့ဘြန္နာရဲ႕အနီးကပ္ပိတ္သြင္းခ်က္ကို ပစ္ဖို႔ဒ္ ကာကြယ္ႏိုင္ခဲ့သလို ပြဲၿပီးခါနီးမွာ ကြင္းလယ္လူ ဆီဂတ္ဆန္က ဒီရာသီသူ႕ရဲ႕ပထမဆုံးလိဂ္သြင္းဂိုးအျဖစ္ အဲဗာတန္အတြက္ အဆုံးသတ္ဂိုးသြင္းယူသြားပါတယ္။