အယ်လစ်ဆန်ရဲ့ အမှားအတွက် ရယ်စရာကောင်းတဲ့ဆင်ခြေပေးခဲ့တဲ့ ယာဂန်ကလော့ပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ဟာ မန်စီးတီးကို (၄-၁)ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အမှားတွေကျူးလွန်ခဲ့သူ အသင်းဂိုးသမားအယ်လစ်ဆန်အပေါ် ကာကွယ်ပြောဆိုခဲ့ပေမယ့် သူ့ရဲ့ဆင်ခြေက တော်တော်လေး ရယ်စရာကောင်းခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ မန်စီးတီးနဲ့ပွဲမှာ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ပယ်နယ်တီကနေ ဆာလာက ချေပဂိုးပြန်သွင်းခဲ့ပြီး ဧည့်သည်အသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ (၇၃)မိနစ်နဲ့ (၇၆)မိနစ်မှာ အယ်လစ်ဆန်ရဲ့ စိတ်ပျက်စရာကောင်းလောက်အောင် လူအပေးမှားခဲ့တာကနေ မန်စီးတီးအသင်း ဂိုးပြန်ရခဲ့သလို စတုတ္ထမြောက်ဂိုးကိုတော့ ဖိုဒန်က လှလှပပကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့် လီဗာပူးလ်အသင်းဟာ မန်စီးတီးနဲ့ တစ်ပွဲပို (၁၀)မှတ်အထိကွာဟသွားပြီဖြစ်လို့ သူတို့ရဲ့ လက်ရှိချန်ပီယံဘွဲ့ကာကွယ်နိုင်ဖို့ မျှော်လင့်ချက်က အဆုံးသတ်လုနီးပါးဖြစ်ခဲ့ရပြီး အယ်လစ်ဆန်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ ယာဂန်ကလော့ပ်ကတော့ သူ့အသင်း ဂိုးသမားအပေါ် ကာကွယ်ပြောဆိုခဲ့ပြီး ရယ်စရာကောင်းတဲ့အကြောင်းပြချက်ပေးခဲ့တာပါ။ “ကျွန်တော်တို့ ကြီးမားတဲ့အမှားနှစ်ခုကျူးလွန်ခဲ့ပြီး အားလုံးလည်း မြင်တွေ့ပြီးသားဖြစ်မှာပါပဲ။ (၃-၁)ဂိုးဆိုတဲ့ရလဒ်ကို ပြန်ချေပဖို့က အရမ်းကို ခက်ခဲလွန်းပြီး မန်စီးတီးအသင်းဟာ စတုတ္ထမြောက်ဂိုးသွင်းယူဖို့ အခွင့်အရေးကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။

ဒီပွဲမှာအသင်းရဲ့ခြေစွမ်းက အားရကျေနပ်ဖို့ကောင်းပြီး ဒီလိုခြေစွမ်းမျိုးနဲ့ဆိုရင် မန်စီးတီးနဲ့ (၁၃)မှတ်အထိကွာသွားနိုင်တဲ့အနေအထားမျိုးတော့ မရှိလောက်ပါဘူး။ အယ်လစ်ဆန်ရဲ့ အမှားတွေနဲ့ပတ်သက်ပြီး ဘာမှဖုံးကွယ်ထားစရာ မလိုပေမယ့် အဲဒါကို ထပ်ခါထပ်ခါ ပြောနေစရာ မလိုပါဘူး။ ကျွန်တော်ကတော့ သူ့ ခြေဖဝါးတွေ အေးစက်ထုံကျင်နေတာကြောင့် ဘောလုံးပေးတာမှာ ပုံမှန်အတိုင်းမဖြစ်ခဲ့ဘူးလို့ ထင်ပါတယ်။

ဒီအကြောင်းပြချက်က ရယ်စရာကောင်းပေမယ့် ဖြစ်နိုင်ခြေတော့ရှိပါတယ်။ အယ်လစ်ဆန်ဟာ အသင်းအတွက် လက်စွမ်းပြကာကွယ်မှုတွေ အများကြီးလုပ်ခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ အမှားနှစ်ခုလုပ်ခဲ့ပါတယ်၊ အဲဒီအတွက် ဘာမှထပ်မပြောချင်ပါဘူး”လု့ိ ယာဂန်ကလော့ပ်က ဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၀၃ ခုနှစ်တုန်းက အန်ဖီးလ်မှာ မန်စီးတီးကို (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ရှုံးပွဲလုံးဝမရှိတော့ဘဲ (၁၈)နှစ်အကြာမှ ပထမဆုံးအကြိမ်ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ၁၉၆၃ခုနှစ် နောက်ပိုင်း ပထမဆုံးအဖြစ် အိမ်ကွင်း(၃)ပွဲဆက်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၉ ခုနှစ်က အာဆင်နယ်နဲ့ (၄)ဂိုးစီသရေကျခဲ့ပြီးနောက်ပိုင်း (၁၂)နှစ်အကြာ အိမ်ကွင်းမှာ ပထမဆုံးအကြိမ် (၄)ဂိုးအထိပေးခဲ့ရတယ်ဆိုတဲ့ မှတ်တမ်းဆိုးတွေလည်း ပိုင်ဆိုင်ခဲ့ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အယ္လစ္ဆန္ရဲ႕ အမွားအတြက္ ရယ္စရာေကာင္းတဲ့ဆင္ေျခေပးခဲ့တဲ့ ယာဂန္ကေလာ့ပ္

လီဗာပူးလ္အသင္းနည္းျပ ယာဂန္ကေလာ့ပ္ဟာ မန္စီးတီးကို (၄-၁)ဂိုးနဲ႔ အရွက္တကြဲရႈံးနိမ့္ခဲ့တဲ့ပြဲမွာ အမွားေတြက်ဴးလြန္ခဲ့သူ အသင္းဂိုးသမားအယ္လစ္ဆန္အေပၚ ကာကြယ္ေျပာဆိုခဲ့ေပမယ့္ သူ႔ရဲ႕ဆင္ေျခက ေတာ္ေတာ္ေလး ရယ္စရာေကာင္းခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ မန္စီးတီးနဲ႔ပြဲမွာ ဦးေဆာင္ဂိုးေပးလိုက္ရေပမယ့္ ပယ္နယ္တီကေန ဆာလာက ေခ်ပဂိုးျပန္သြင္းခဲ့ၿပီး ဧည့္သည္အသင္းဘက္ကို ဖိအားေပးကစားႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ (၇၃)မိနစ္နဲ႔ (၇၆)မိနစ္မွာ အယ္လစ္ဆန္ရဲ႕ စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ လူအေပးမွားခဲ့တာကေန မန္စီးတီးအသင္း ဂိုးျပန္ရခဲ့သလို စတုတၳေျမာက္ဂိုးကိုေတာ့ ဖိုဒန္က လွလွပပကန္သြင္းခဲ့တာျဖစ္ပါတယ္။ ဒီရႈံးပြဲေၾကာင့္ လီဗာပူးလ္အသင္းဟာ မန္စီးတီးနဲ႔ တစ္ပြဲပို (၁၀)မွတ္အထိကြာဟသြားၿပီျဖစ္လို႔ သူတို႔ရဲ႕ လက္ရွိခ်န္ပီယံဘြဲ႕ကာကြယ္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္က အဆုံးသတ္လုနီးပါးျဖစ္ခဲ့ရၿပီး အယ္လစ္ဆန္ရဲ႕ စြမ္းေဆာင္ရည္ကိုလည္း ေဝဖန္မႈေတြ က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနပါတယ္။

ဒါေပမဲ့ ယာဂန္ကေလာ့ပ္ကေတာ့ သူ႔အသင္း ဂိုးသမားအေပၚ ကာကြယ္ေျပာဆိုခဲ့ၿပီး ရယ္စရာေကာင္းတဲ့အေၾကာင္းျပခ်က္ေပးခဲ့တာပါ။ “ကြၽန္ေတာ္တို႔ ႀကီးမားတဲ့အမွားႏွစ္ခုက်ဴးလြန္ခဲ့ၿပီး အားလုံးလည္း ျမင္ေတြ႕ၿပီးသားျဖစ္မွာပါပဲ။ (၃-၁)ဂိုးဆိုတဲ့ရလဒ္ကို ျပန္ေခ်ပဖို႔က အရမ္းကို ခက္ခဲလြန္းၿပီး မန္စီးတီးအသင္းဟာ စတုတၳေျမာက္ဂိုးသြင္းယူဖို႔ အခြင့္အေရးေကာင္းတစ္ခု ပိုင္ဆိုင္ခဲ့ပါတယ္။ ဒီပြဲမွာအသင္းရဲ႕ေျခစြမ္းက အားရေက်နပ္ဖို႔ေကာင္းၿပီး ဒီလိုေျခစြမ္းမ်ိဳးနဲ႔ဆိုရင္ မန္စီးတီးနဲ႔ (၁၃)မွတ္အထိကြာသြားႏိုင္တဲ့အေနအထားမ်ိဳးေတာ့ မရွိေလာက္ပါဘူး။ အယ္လစ္ဆန္ရဲ႕ အမွားေတြနဲ႔ပတ္သက္ၿပီး ဘာမွဖုံးကြယ္ထားစရာ မလိုေပမယ့္ အဲဒါကို ထပ္ခါထပ္ခါ ေျပာေနစရာ မလိုပါဘူး။ ကြၽန္ေတာ္ကေတာ့ သူ႔ ေျခဖဝါးေတြ ေအးစက္ထုံက်င္ေနတာေၾကာင့္ ေဘာလုံးေပးတာမွာ ပုံမွန္အတိုင္းမျဖစ္ခဲ့ဘူးလို႔ ထင္ပါတယ္။ ဒီအေၾကာင္းျပခ်က္က ရယ္စရာေကာင္းေပမယ့္ ျဖစ္ႏိုင္ေျခေတာ့ရွိပါတယ္။ အယ္လစ္ဆန္ဟာ အသင္းအတြက္ လက္စြမ္းျပကာကြယ္မႈေတြ အမ်ားႀကီးလုပ္ခဲ့ေပမယ့္ ဒီေန႔ပြဲမွာေတာ့ အမွားႏွစ္ခုလုပ္ခဲ့ပါတယ္၊ အဲဒီအတြက္ ဘာမွထပ္မေျပာခ်င္ပါဘူး”လု႔ိ ယာဂန္ကေလာ့ပ္က ဆိုခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ၂၀၀၃ ခုႏွစ္တုန္းက အန္ဖီးလ္မွာ မန္စီးတီးကို (၂-၁)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ရႈံးပြဲလုံးဝမရွိေတာ့ဘဲ (၁၈)ႏွစ္အၾကာမွ ပထမဆုံးအႀကိမ္ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ၁၉၆၃ခုႏွစ္ ေနာက္ပိုင္း ပထမဆုံးအျဖစ္ အိမ္ကြင္း(၃)ပြဲဆက္ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ ဒါ့အျပင္ ၂၀၀၉ ခုႏွစ္က အာဆင္နယ္နဲ႔ (၄)ဂိုးစီသေရက်ခဲ့ၿပီးေနာက္ပိုင္း (၁၂)ႏွစ္အၾကာ အိမ္ကြင္းမွာ ပထမဆုံးအႀကိမ္ (၄)ဂိုးအထိေပးခဲ့ရတယ္ဆိုတဲ့ မွတ္တမ္းဆိုးေတြလည္း ပိုင္ဆိုင္ခဲ့ပါၿပီ။