အယ်လစ်ဆင်နဲ့ဖရက်ဒ်အပါအဝင် နိုင်ငံအသင်းအတွက်ကစားဖို့ပျက်ကွက်ခဲ့သူတွေအားလုံး လာမယ့်ပရီးမီးယားလိဂ်ပွဲမှာပါဝင်ကစားခွင့်ပိတ်ပင်ခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ လီဗာပူးလ်၊ မန်စီးတီး၊ မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီး၊ လိဒ်စ်အသင်းက ဘရာဇီးလ်ကစားသမားတွေသာမက နိုင်ငံအသင်းမှာ ပါဝင်ကစားဖို့ပျက်ကွက်ခဲ့သူတွေအားလုံးကို

အခုတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ သက်ဆိုင်ရာကလပ်အသင်းအတွက် ပါဝင်ကစားခွင့် ပိတ်ပင်လိုက်ပါတယ်။

ဖီဖာက ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင်အသင်းကစားမယ့်ပွဲတွေမှာ မပါဝင်ခဲ့တဲ့ကစားသမားတွေကို (၅)ရက်ကြာပွဲကစားခွင့်ပိတ်ပင်ဖို့ တောင်းဆိုခဲ့တယ်ဆိုတာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေကို အသိပေးအကြောင်းကြားခဲ့ပါတယ်။

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ အခုတစ်ပတ်တနင်္ဂနွေကျရင် လိဒ်စ်အသင်းနဲ့ကစားမယ့်ပွဲမှာ အဓိက,ကစားသမားတွေဖြစ်တဲ့ အယ်လစ်ဆင်၊ ဖာဘင်ဟို၊ ဖေမီနိုတို့ကို အသုံးပြုခွင့်ရမှာမဟုတ်ဘဲ လိဒ်စ်အသင်းရဲ့ ဘရာဇီးလ်ကစားသမားရာဖင်ဟာလည်း အဲဒီပွဲကို လွဲချော်မှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဖရက်ဒ်ကတော့ နယူးကာဆယ်နဲ့ကစားမယ့်ပရီးမီးယားလိဂ်အိမ်ကွင်းပွဲအပြင် လာမယ့်တစ်ပတ်စတင်ကျင်းပမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့ ယန်းဘွိုင်းစ်နဲ့ပွဲကိုပါ လွဲချော်မှာဖြစ်ပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးအသင်းက ဘရာဇီးလ်ဝါရင့်နောက်ခံလူသီယာဂိုဆေးလ်ဗားဟာ အက်စတွန်ဗီလာ၊ ဇင်းနစ်တို့နဲ့ပွဲကို လွဲချော်မှာဖြစ်သလို မန်စီးတီးအသင်းရဲ့ဘရာဇီးလ်ကစားသမားနှစ်ဦးဖြစ်တဲ့ အီဒါဆင်နဲ့ဂျေးဆုတို့ဟာ လက်စတာနဲ့ပွဲမှာ ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။

နိုင်ငံအသင်းအတွက် ပါဝင်ကစားဖို့ပျက်ကွက်ခဲ့ကြတဲ့ ဝုလ်ဗ်အသင်းက မက္ကဆီကိုတိုက်စစ်မှူးရာအူးလ်ဟီမီနက်ဇ်၊ နယူးကာဆယ်အသင်းရဲ့ ပါရာဂွေးတိုက်စစ်ကစားသမားအယ်လ်မီရွန်တို့ဟာလည်း အခုတစ်ပတ်ကစားမယ့်ပရီးမီးယားလိဂ်ပွဲတွေကို လွဲချော်မှာပါ။

ဒါပေမဲ့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က တင်သွင်းတဲ့ကစားသမားစာရင်းမှာ ကိုပါအမေရိကပြိုင်ပွဲနဲ့ အိုလံပစ်ပြိုင်ပွဲတွေမှာပါဝင်ဆင်နွှဲခဲ့တဲ့ တိုက်စစ်မှူးရီချာလီဆင် မပါဝင်တာကြောင့် ဒီတစ်ပတ်ကစားမယ့်ဘန်လေနဲ့ပရီးမီးယားလိဂ်ပွဲမှာ ရီချာလစ်ဆင်ကတော့ အဲဗာတန်အသင်းအတွက် ပါဝင်ကစားခွင့်ရမှာဖြစ်ပါတယ်။

ဖီဖာက ပြဌာန်းထားတဲ့စည်းမျဉ်းတွေထဲမှာ နိုင်ငံဘောလုံးအဖွဲ့ချုပ်တစ်ခုက တောင်းဆိုမှုရှိလာရင် လက်ရွေးစင်ကစားသမားတွေကို ပွဲကစားခွင့်(၅)ရက်ကြာပိတ်ပင်ခွင့်ရှိပြီး

ပရီးမီးယားလိဂ်ကလပ်အသင်းတွေက သူတို့ကစားသမားတွေကို လက်ရွေးစင်အသင်းမှာကစားဖို့ ခွင့်မပြုခဲ့တာကြောင့် ဖီဖာက အခုလိုပြစ်ဒဏ်ချမှတ်ခဲ့ရတာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အယ္လစ္ဆင္နဲ႔ဖရက္ဒ္အပါအဝင္ ႏိုင္ငံအသင္းအတြက္ကစားဖို႔ပ်က္ကြက္ခဲ့သူေတြအားလုံး လာမယ့္ပရီးမီးယားလိဂ္ပြဲမွာပါဝင္ကစားခြင့္ပိတ္ပင္ခံရ

ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္(ဖီဖာ)ဟာ လီဗာပူးလ္၊ မန္စီးတီး၊ မန္ခ်က္စတာယူႏိုက္တက္၊ ခ်ယ္လ္ဆီး၊ လိဒ္စ္အသင္းက ဘရာဇီးလ္ကစားသမားေတြသာမက ႏိုင္ငံအသင္းမွာ ပါဝင္ကစားဖို႔ပ်က္ကြက္ခဲ့သူေတြအားလုံးကို အခုတစ္ပတ္ကစားမယ့္ ပရီးမီးယားလိဂ္ပြဲမွာ သက္ဆိုင္ရာကလပ္အသင္းအတြက္ ပါဝင္ကစားခြင့္ ပိတ္ပင္လိုက္ပါတယ္။ ဖီဖာက ဘရာဇီးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ လက္ေ႐ြးစင္အသင္းကစားမယ့္ပြဲေတြမွာ မပါဝင္ခဲ့တဲ့ကစားသမားေတြကို (၅)ရက္ၾကာပြဲကစားခြင့္ပိတ္ပင္ဖို႔ ေတာင္းဆိုခဲ့တယ္ဆိုတာ ပရီးမီးယားလိဂ္ကလပ္အသင္းေတြကို အသိေပးအေၾကာင္းၾကားခဲ့ပါတယ္။

အဲဒါေၾကာင့္ လီဗာပူးလ္အသင္းဟာ အခုတစ္ပတ္တနဂၤေႏြက်ရင္ လိဒ္စ္အသင္းနဲ႔ကစားမယ့္ပြဲမွာ အဓိက,ကစားသမားေတြျဖစ္တဲ့ အယ္လစ္ဆင္၊ ဖာဘင္ဟို၊ ေဖမီႏိုတို႔ကို အသုံးျပဳခြင့္ရမွာမဟုတ္ဘဲ လိဒ္စ္အသင္းရဲ႕ ဘရာဇီးလ္ကစားသမားရာဖင္ဟာလည္း အဲဒီပြဲကို လြဲေခ်ာ္မွာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူဖရက္ဒ္ကေတာ့ နယူးကာဆယ္နဲ႔ကစားမယ့္ပရီးမီးယားလိဂ္အိမ္ကြင္းပြဲအျပင္ လာမယ့္တစ္ပတ္စတင္က်င္းပမယ့္ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္ျဖစ္တဲ့ ယန္းဘြိဳင္းစ္နဲ႔ပြဲကိုပါ လြဲေခ်ာ္မွာျဖစ္ပါတယ္။

ဒါ့အျပင္ ခ်ယ္လ္ဆီးအသင္းက ဘရာဇီးလ္ဝါရင့္ေနာက္ခံလူသီယာဂိုေဆးလ္ဗားဟာ အက္စတြန္ဗီလာ၊ ဇင္းနစ္တို႔နဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္သလို မန္စီးတီးအသင္းရဲ႕ဘရာဇီးလ္ကစားသမားႏွစ္ဦးျဖစ္တဲ့ အီဒါဆင္နဲ႔ေဂ်းဆုတို႔ဟာ လက္စတာနဲ႔ပြဲမွာ ပါဝင္ကစားႏိုင္မွာမဟုတ္ပါဘူး။ ႏိုင္ငံအသင္းအတြက္ ပါဝင္ကစားဖို႔ပ်က္ကြက္ခဲ့ၾကတဲ့ ဝုလ္ဗ္အသင္းက မကၠဆီကိုတိုက္စစ္မႉးရာအူးလ္ဟီမီနက္ဇ္၊ နယူးကာဆယ္အသင္းရဲ႕ ပါရာေဂြးတိုက္စစ္ကစားသမားအယ္လ္မီ႐ြန္တို႔ဟာလည္း အခုတစ္ပတ္ကစားမယ့္ပရီးမီးယားလိဂ္ပြဲေတြကို လြဲေခ်ာ္မွာပါ။

ဒါေပမဲ့ ဘရာဇီးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္က တင္သြင္းတဲ့ကစားသမားစာရင္းမွာ ကိုပါအေမရိကၿပိဳင္ပြဲနဲ႔ အိုလံပစ္ၿပိဳင္ပြဲေတြမွာပါဝင္ဆင္ႏႊဲခဲ့တဲ့ တိုက္စစ္မႉးရီခ်ာလီဆင္ မပါဝင္တာေၾကာင့္ ဒီတစ္ပတ္ကစားမယ့္ဘန္ေလနဲ႔ပရီးမီးယားလိဂ္ပြဲမွာ ရီခ်ာလစ္ဆင္ကေတာ့ အဲဗာတန္အသင္းအတြက္ ပါဝင္ကစားခြင့္ရမွာျဖစ္ပါတယ္။ ဖီဖာက ျပဌာန္းထားတဲ့စည္းမ်ဥ္းေတြထဲမွာ ႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္တစ္ခုက ေတာင္းဆိုမႈရွိလာရင္ လက္ေ႐ြးစင္ကစားသမားေတြကို ပြဲကစားခြင့္(၅)ရက္ၾကာပိတ္ပင္ခြင့္ရွိၿပီး ပရီးမီးယားလိဂ္ကလပ္အသင္းေတြက သူတို႔ကစားသမားေတြကို လက္ေ႐ြးစင္အသင္းမွာကစားဖို႔ ခြင့္မျပဳခဲ့တာေၾကာင့္ ဖီဖာက အခုလိုျပစ္ဒဏ္ခ်မွတ္ခဲ့ရတာပဲျဖစ္ပါတယ္။