အယ်ဇိုင်းမားရောဂါခံစားနေရတဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး ဂတ်မူလာ ကွယ်လွန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး ဂတ်မူလာဟာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ဂတ်မူလာဟာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။

ဂျာမန်ဘောလုံးဂန္တဝင်ဖြစ်သူ ဂတ်မူလာဟာ ၁၉၈၁ခုနှစ်မှာကစားသမားဘဝမှအနားယူခဲ့ပြီးအရက်စွဲပြဿနာနှင့်ကြုံခဲ့ရပါတယ်။

၂၀၁၅ခုနှစ်မှာသူဟာအယ်ဇိုင်းမားရောဂါဝေဒနာခံစားခဲ့ရပါတယ်။

အဲဒီအချိန်ကတည်းက နေအိမ်၌ အထူးစောင့်ရှောက်ပြုစုမှုနှင့် နေထိုင်ခဲ့ရတာဖြစ်ပါတယ်။

သူဟာဘိုင်ယန်မြူးနစ်အတွက်၆၀၇ပွဲကစားခဲ့ရာမှာ၅၆၆ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာဘွန်ဒက်စ်လီဂါပွဲ၄၂၇ပွဲတွင်၃၆၅ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့သူဖြစ်ပြီးဘွန်ဒက်စ်လီဂါဂိုးသွင်းဘုရင်ဆုကို၇ကြိမ်တိုင်တိုင်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

Der Bomber လို့အမည်ပြောင်ရရှိခဲ့တဲ့ဂတ်မူလာဟာအနောက်ဂျာမနီအသင်းအတွက်၁၉၆၆မှ၁၉၇၄ခုနှစ်အထိ၆၈ပွဲကစားခဲ့ရာမှာ၆၈ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပြီး ၁၉၇၄ကမ္ဘာ့ဖလားနှင့်ယူရို၇၂တို့ဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

သူဟာဘိုင်ယန်မြူးနစ်နှင့်အတူ၁၉၇၀ခုနှစ်များတွင်ဥရောပဖလားသုံးကြိမ်ဆက်ဆွတ်ခူးခဲ့သလို၁၉၇၂ခုနှစ်တုန်းကတစ်နှစ်အတွင်းတွင်၈၅ဂိုးအထိသွင်းယူခဲ့ကာ၂၀၁၂ခုနှစ်တုန်းကမက်ဆီစံချိန်သစ်မတိုင်မီအထိတစ်နှစ်အတွင်းဂိုးအများဆုံးသွင်းယူသူအဖြစ်မှတ်တိုင်စိုက်ထူလာသူလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဋ္ဌ ဟားဘတ်ဟိုင်နာနှင့် အမှုဆောင်အရာရှိချုပ် အိုလီဗာခန်းတို့က ဝမ်းနည်းစကားဆိုခဲ့ပြီး ဘိုင်ယန်မြူးနစ် ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်စာမျက်နှာများကိုလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ် အမည်းရောင်ပြောင်းလဲခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အယ္ဇိုင္းမားေရာဂါခံစားေနရတဲ့ ဂႏၲဝင္တိုက္စစ္မႉးႀကီး ဂတ္မူလာ ကြယ္လြန္

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ဂႏၲဝင္တိုက္စစ္မႉးႀကီး ဂတ္မူလာဟာ ကြယ္လြန္သြားခဲ့ၿပီလို႔ သိရပါတယ္။ ကြယ္လြန္ခ်ိန္မွာ အသက္ ၇၅ ႏွစ္ရွိၿပီျဖစ္တဲ့ ဂတ္မူလာဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ေယာက္လည္းျဖစ္ခဲ့ပါတယ္။

ဂ်ာမန္ေဘာလုံးဂႏၲဝင္ျဖစ္သူ ဂတ္မူလာဟာ ၁၉၈၁ခုႏွစ္မွာကစားသမားဘဝမွအနားယူခဲ့ၿပီးအရက္စြဲျပႆနာႏွင့္ႀကဳံခဲ့ရပါတယ္။၂၀၁၅ခုႏွစ္မွာသူဟာအယ္ဇိုင္းမားေရာဂါေဝဒနာခံစားခဲ့ရပါတယ္။အဲဒီအခ်ိန္ကတည္းက ေနအိမ္၌ အထူးေစာင့္ေရွာက္ျပဳစုမႈႏွင့္ ေနထိုင္ခဲ့ရတာျဖစ္ပါတယ္။

သူဟာဘိုင္ယန္ျမဴးနစ္အတြက္၆၀၇ပြဲကစားခဲ့ရာမွာ၅၆၆ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။သူဟာဘြန္ဒက္စ္လီဂါပြဲ၄၂၇ပြဲတြင္၃၆၅ဂိုးအထိသြင္းယူႏိုင္ခဲ့တဲ့သူျဖစ္ၿပီးဘြန္ဒက္စ္လီဂါဂိုးသြင္းဘုရင္ဆုကို၇ႀကိမ္တိုင္တိုင္ရရွိခဲ့သူလည္းျဖစ္ပါတယ္။

Der Bomber လို႔အမည္ေျပာင္ရရွိခဲ့တဲ့ဂတ္မူလာဟာအေနာက္ဂ်ာမနီအသင္းအတြက္၁၉၆၆မွ၁၉၇၄ခုႏွစ္အထိ၆၈ပြဲကစားခဲ့ရာမွာ၆၈ဂိုးသြင္းယူႏိုင္ခဲ့သူျဖစ္ၿပီး၁၉၇၄ကမာၻ႔ဖလားႏွင့္ယူ႐ို၇၂တို႔ဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။

သူဟာဘိုင္ယန္ျမဴးနစ္ႏွင့္အတူ၁၉၇၀ခုႏွစ္မ်ားတြင္ဥေရာပဖလားသုံးႀကိမ္ဆက္ဆြတ္ခူးခဲ့သလို၁၉၇၂ခုႏွစ္တုန္းကတစ္ႏွစ္အတြင္းတြင္၈၅ဂိုးအထိသြင္းယူခဲ့ကာ၂၀၁၂ခုႏွစ္တုန္းကမက္ဆီစံခ်ိန္သစ္မတိုင္မီအထိတစ္ႏွစ္အတြင္းဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္မွတ္တိုင္စိုက္ထူလာသူလည္းျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္း ဥကၠ႒ ဟားဘတ္ဟိုင္နာႏွင့္ အမႈေဆာင္အရာရွိခ်ဳပ္ အိုလီဗာခန္းတို႔က ဝမ္းနည္းစကားဆိုခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ ဝက္ဘ္ဆိုက္ႏွင့္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားကိုလည္း ဝမ္းနည္းျခင္းအထိမ္းအမွတ္ အမည္းေရာင္ေျပာင္းလဲခဲ့ပါတယ္။