အယ်ခမာနဲ့ပွဲအပြီး ပရိသတ်တွေရဲ့ Troll လုပ်မှုကြောင့် သူ့ရဲ့ Twitter အကောင့်ကို ဖျက်လိုက်ရတဲ့ ဆိုးလ်ရှား

photo-sportbible

photo-REX

အယ်ခမာနဲ့စိတ်ပျက်ဖွယ်ဂိုးမရှိသရေပွဲအပြီး ဆိုရှယ်မီဒီယာထက်မှာ ပြင်းထန်လှတဲ့ troll(အင်တာနက်ပေါ်တွေ လှောင်ပြောင်မှု) လုပ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာတော့ မန်ယူနည်းပြဆိုးလ်ရှားဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ သူ့ရဲ့Twitter အကောင့်ကို ဖျက်လိုက်ရပါတယ်။ မန်ယူဟာ နယ်သာလန်မြေမှာကစားခဲ့တဲ့ အဲဒီယူရိုပါလိဂ်အုပ်စုပွဲစဉ်မှာ ဂိုးပေါက်တည့်ကန်ချက်တစ်ချက်တောင် ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီပွဲပြီးတဲ့နောက် ဆိုးလ်ရှားက သူ့ကစားသမားတွေဆီက စွမ်းဆောင်မှုကောင်းတစ်ခုလို့ ချီးကျူးခဲ့ပြီး သူတို့တွေ ၃ မှတ်ပြည့်ရသင့်တယ်လို့လည်း ဆိုခဲ့တာပါ။

photo-REX

အဲဒါကို မန်ယူပရိသတ်တွေက ဒေါသတကြီးတုံ့ပြန်ခဲ့ကြပြီး Twitter ပေါ်မှာ ဆိုးလ်ရှားကို ပျစ်ပျစ်နှစ်နှစ်ဝေဖန်မှုတွေလုပ်ခဲ့ကြပါတယ်။ သတင်းတွေရဲ့အဆိုအရ စော်ကားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အဲဒီနော်ဝေးသားနည်းပြဟာ @olegs26_ole ဆိုတဲ့ သူ့ရဲ့Twitter အကောင့်ကို ဖျက်လိုက်ရတယ်လို့ သိရပါတယ်။ ဆိုးလ်ရှားရဲ့ Twitter အကောင့်မှာ တရားဝင်အမှတ်အသားဖြစ်တဲ့ blue mark ပါရှိခြင်းမရှိပေမယ့် follower ၁၂၄၀၀၀ ရှိပြီး အဲဒီထဲမှာ အသင်းခေါင်းဆောင်အက်ရှ်လေယန်းအပါအဝင် ကစားသမားများစွာက follow လုပ်ထားကြတာပါ။

photo-social media

အဲဒီ Twitter အကောင့်ရဲ့profile အကျဉ်းချုပ်မှာလည်း “ကလေး ၃ ယောက်ဖခင်၊ ချီးျကျူးလောက်စရာ ဇနီးတစ်ယောက်ကို လက်ထပ်ထားသူ၊ မိုလ်ဒီနည်းပြ၊ ကစားသမားဟောင်း”လို့ရေးထားပြီး ရွိုင်ယန်ဂစ်နဲ့သူ့ရဲ့ပုံကို တွဲတင်ထားတာပါ။ မန်ယူရဲ့အဆိုးရွားဆုံးပရီးမီးယားလိဂ်တာထွက်ကြောင့် ဆိုးလ်ရှားဟာ ကြီးမားတဲ့ဖိအားတွေအောက် ရောက်နေပါတယ်။ မန်ယူအနေနဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၉ မှတ်သာရသေးပြီး ၉ ဂိုးသာသွင်းနိုင်သေးတာပါ။ ဆိုးလ်ရှားရဲ့မန်ယူဟာ တနင်္ဂနွေညမှာ ရုန်းကန်နေရတဲ့နယူးကာဆယ်နဲ့အဝေးကွင်းသွားကစားရမှာ ဖြစ်ပါတယ်။

[Zawgyi]

အယ္ခမာနဲ႔ပဲြအၿပီး ပရိသတ္ေတြရဲ႕ Troll လုပ္မႈေၾကာင့္ သူ႔ရဲ႕ Twitter အေကာင့္ကို ဖ်က္လိုက္ရတဲ့ ဆုိးလ္ရွား

အယ္ခမာနဲ႔စိတ္ပ်က္ဖြယ္ဂိုးမရွိသေရပြဲအၿပီး ဆိုရွယ္မီဒီယာထက္မွာ ျပင္းထန္လွတဲ့ troll(အင္တာနက္ေပၚေတြ ေလွာင္ေျပာင္မႈ) လုပ္မႈေတြနဲ႔ ရင္ဆုိင္ခဲ့ရၿပီးေနာက္မွာေတာ့ မန္ယူနည္းျပဆုိးလ္ရွားဟာ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ သူ႔ရဲ႕Twitter အေကာင့္ကို ဖ်က္လုိက္ရပါတယ္။ မန္ယူဟာ နယ္သာလန္ေျမမွာကစားခဲ့တဲ့ အဲဒီယူရိုပါလိဂ္အုပ္စုပြဲစဥ္မွာ ဂိုးေပါက္တည့္ကန္ခ်က္တစ္ခ်က္ေတာင္ ျပဳလုပ္ႏိုင္ျခင္း မရွိခဲ့ပါဘူး။ အဲဒီပြဲၿပီးတဲ့ေနာက္ ဆုိးလ္ရွားက သူ႔ကစားသမားေတြဆီက စြမ္းေဆာင္မႈေကာင္းတစ္ခုလို႔ ခ်ီးက်ဴးခဲ့ၿပီး သူတုိ႔ေတြ ၃ မွတ္ျပည့္ရသင့္တယ္လုိ႔လည္း ဆိုခ့ဲတာပါ။

အဲဒါကို မန္ယူပရိသတ္ေတြက ေဒါသတႀကီးတုံ႔ျပန္ခဲ့ၾကၿပီး Twitter ေပၚမွာ ဆုိးလ္ရွားကို ပ်စ္ပ်စ္ႏွစ္ႏွစ္ေ၀ဖန္မႈေတြလုပ္ခဲ့ၾကပါတယ္။ သတင္းေတြရဲ႕အဆုိအရ ေစာ္ကားမႈေတြနဲ႔ ရင္ဆုိင္ခ့ဲရတာေၾကာင့္ အဲဒီေနာ္ေ၀းသားနည္းျပဟာ @olegs26_ole ဆိုတဲ့ သူ႔ရဲ႕Twitter အေကာင့္ကို ဖ်က္လုိက္ရတယ္လုိ႔ သိရပါတယ္။ ဆုိးလ္ရွားရဲ႕ Twitter အေကာင့္မွာ တရား၀င္အမွတ္အသားျဖစ္တဲ့ blue mark ပါရွိျခင္းမရွိေပမယ့္ follower ၁၂၄၀၀၀ ရွိၿပီး အဲဒီထဲမွာ အသင္းေခါင္းေဆာင္အက္ရွ္ေလယန္းအပါအ၀င္ ကစားသမားမ်ားစြာက follow လုပ္ထားၾကတာပါ။

အဲဒီ Twitter အေကာင့္ရဲ႕profile အက်ဥ္းခ်ဳပ္မွာလည္း “ကေလး ၃ ေယာက္ဖခင္၊ ခ်ီး်က်ဴးေလာက္စရာ ဇနီးတစ္ေယာက္ကို လက္ထပ္ထားသူ၊ မိုလ္ဒီနည္းျပ၊ ကစားသမားေဟာင္း”လုိ႔ေရးထားၿပီး ရြိဳင္ယန္ဂစ္နဲ႔သူ႔ရဲ႕ပုံကို တြဲတင္ထားတာပါ။ မန္ယူရဲ႕အဆုိးရြားဆုံးပရီးမီးယားလိဂ္တာထြက္ေၾကာင့္ ဆိုးလ္ရွားဟာ ႀကီးမားတဲ့ဖိအားေတြေအာက္ ေရာက္ေနပါတယ္။ မန္ယူအေနနဲ႔ ပရီးမီးယားလိဂ္ ၇ ပြဲမွာ ၉ မွတ္သာရေသးၿပီး ၉ ဂိုးသာသြင္းႏိုင္ေသးတာပါ။ ဆိုးလ္ရွားရဲ႕မန္ယူဟာ တနဂၤေႏြညမွာ ရုနး္ကန္ေနရတဲ့နယူးကာဆယ္နဲ႔အေ၀းကြင္းသြားကစားရမွာ ျဖစ္ပါတယ္။