
photo-gettyimages
photo-gettyimages
ရီးရဲလ်နဲ့အယ်ကလက်စီကိုပွဲစဉ်မှာ သူပွဲထွက်မပါရဘူးဆိုတာကို သိသွားပြီးတဲ့နောက် ဘာစီလိုနာကွင်းလယ်လူဗီဒယ်ဟာ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကနေ ဒေါသတကြီးနဲ့ထွက်သွားခဲ့ကြောင်း နီးစပ်တဲ့သတင်းရင်းမြစ်တွေက ESPN သတင်းဌာနကို ပြောပါတယ်။ အသက် ၃၂ နှစ်အရွယ် အဲဒီချီလီသားဟာ ပုံမှန်အားဖြင့်ဆိုရင် လေ့ကျင့်ရေးပြီးတိုင်း ကန်သွင်းမှုလေ့ကျင့်ခန်းအတွက် တခြားပထမအသင်းကစားသမားတွေနဲ့အတူ ဆက်နေလေ့ရှိပါတယ်။ ဒါပေမဲ့ အယ်ကလက်စီကိုပွဲမှာ သူ အရန်ခုံထိုင်ရမယ်ဆိုတာကို နည်းပြဗယ်ဗာဒီက ပြောလိုက်ပြီးတဲ့နောက် ဗီဒယ်ဟာ စောစီးစွာနဲ့ပဲ လေ့ကျင့်ကွင်းကနေ ထွက်ခွာသွားခဲ့တာပါ။
photo-gettyimages
အသင်းဖော်တော်တော်များမာျးက အဲဒီချီလီသားကို နှစ်သိမ့်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ဒေါသထွက်နေတဲ့ဗီဒယ်ကို ဖျောင်းဖြပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ အခုဆိုရင် ဗီဒယ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ထွက်ခွာခွင့်ရဖု့ိ တွန်းအားပေးတော့မယ်လို့ ဘာစီလိုနာဘက်က စိုးရိမ်လာပါတယ်။
photo-gettyimages
ဂျူဗင်တပ်မှာတုန်းက သူနဲ့အတူတူ အလုပ်လုပ်ခဲ့တဲ့ အင်တာမီလန်နည်းပြကွန်တီကတော့ အဲဒီဘိုင်ယန်ကွင်းလယ်လူဟောင်းကို ခေါ်ယူနိုင်ဖို့ ကာလရှည်ကြာစိတ်ဝင်စားခဲ့တာပါ။ ဒါပေမဲ့ ဘာစီလိုနာကတော့ သူတို့လိုချင်တဲ့ဈေးမပေးနိုင်ရင် ဗီဒယ်ကို လက်လွှတ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဗီဒယ်ဘက်က တွန်းအားပေးလာရင် အခြေအနေဟာ ပြောင်းလဲသွားနိုင်ပါတယ်။ ကစားခွင့်ပုံမှန်မရဘဲ အရေးမပါတော့ဘူးလို့ ခံစားရရင် အသင်းက ထွက်မယ်လို့တော့ ဗီဒယ်က ပြီးခဲ့တဲ့လမှာ ပြောထားပါတယ်။ အဲဒီကတည်းက ဗီဒယ်ဟာ အင်တာနဲ့အရေးမပါတော့တဲ့ ၁ ပွဲသာ ပွဲထွက်ခွင့်ရခဲ့တာပါ။ ဗီဒယ်ဟာ ဒီရာသီ ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ် ၁၇ ပွဲကစားထားပြီး ၄ ဂိုးသွင်းထားပေမယ့် အဲဒီထဲက ၁၂ ပွဲဟာ လူစားဝင်အဖြစ်နဲ့သာ ဖြစ်ပါတယ်။
[Zawgyi]
အယ္ကလက္စီကိုမွာ ပြဲမထြက္ရမွာ သိၿပီးတဲ့ေနာက္ ေလ့က်င့္ေရးအစီအစဥ္ကေန ထြက္သြားတဲ့ဗီဒယ္
ရီးရဲလ္နဲ႔အယ္ကလက္စီကိုပြဲစဥ္မွာ သူပြဲထြက္မပါရဘူးဆုိတာကို သိသြားၿပီးတဲ့ေနာက္ ဘာစီလုိနာကြင္းလယ္လူဗီဒယ္ဟာ အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္ကေန ေဒါသတႀကီးနဲ႔ထြက္သြားခဲ့ေၾကာင္း နီးစပ္တဲ့သတင္းရင္းျမစ္ေတြက ESPN သတင္းဌာနကို ေျပာပါတယ္။ အသက္ ၃၂ ႏွစ္အရြယ္ အဲဒီခ်ီလီသားဟာ ပုံမွန္အားျဖင့္ဆုိရင္ ေလ့က်င့္ေရးၿပီးတိုင္း ကန္သြင္းမႈေလ့က်င့္ခန္းအတြက္ တျခားပထမအသင္းကစားသမားေတြနဲ႔အတူ ဆက္ေနေလ့ရွိပါတယ္။ ဒါေပမဲ့ အယ္ကလက္စီကိုပြဲမွာ သူ အရန္ခံုထိုင္ရမယ္ဆုိတာကို နည္းျပဗယ္ဗာဒီက ေျပာလုိက္ၿပီးတဲ့ေနာက္ ဗီဒယ္ဟာ ေစာစီးစြာနဲ႔ပဲ ေလ့က်င့္ကြင္းကေန ထြက္ခြာသြားခဲ့တာပါ။
အသင္းေဖာ္ေတာ္ေတာ္မ်ားမာ်းက အဲဒီခ်ီလီသားကို ႏွစ္သိမ့္ဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။ ဒါေပမဲ့ ေဒါသထြက္ေနတဲ့ဗီဒယ္ကို ေဖ်ာင္းျဖေပးနိုင္ျခင္း မရွိခဲ့ပါဘူး။ အခုဆုိရင္ ဗီဒယ္ဟာ လာမယ့္ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ထြက္ခြာခြင့္ရဖု႔ိ တြန္းအားေပးေတာ့မယ္လုိ႔ ဘာစီလုိနာဘက္က စိုးရိမ္လာပါတယ္။
ဂ်ဴဗင္တပ္မွာတုန္းက သူနဲ႔အတူတူ အလုပ္လုပ္ခဲ့တဲ့ အင္တာမီလန္နည္းျပကြန္တီကေတာ့ အဲဒီဘိုင္ယန္ကြင္းလယ္လူေဟာင္းကို ေခၚယူႏိုင္ဖို႔ ကာလရွည္ၾကာစိတ္၀င္စားခဲ့တာပါ။ ဒါေပမဲ့ ဘာစီလိုနာကေတာ့ သူတုိ႔လိုခ်င္တဲ့ေစ်းမေပးႏိုင္ရင္ ဗီဒယ္ကို လက္လႊတ္မွာ မဟုတ္ပါဘူး။ ဒါေပမဲ့လည္း ဗီဒယ္ဘက္က တြန္းအားေပးလာရင္ အေျခအေနဟာ ေျပာင္းလဲသြားႏိုင္ပါတယ္။ ကစားခြင့္ပုံမွန္မရဘဲ အေရးမပါေတာ့ဘူးလို႔ ခံစားရရင္ အသင္းက ထြက္မယ္လို႔ေတာ့ ဗီဒယ္က ၿပီးခဲ့တဲ့လမွာ ေျပာထားပါတယ္။ အဲဒီကတည္းက ဗီဒယ္ဟာ အင္တာနဲ႔အေရးမပါေတာ့တဲ့ ၁ ပြဲသာ ပြဲထြက္ခြင့္ရခဲ့တာပါ။ ဗီဒယ္ဟာ ဒီရာသီ ဘာစီလုိနာအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၁၇ ပြဲကစားထားၿပီး ၄ ဂိုးသြင္းထားေပမယ့္ အဲဒီထဲက ၁၂ ပြဲဟာ လူစား၀င္အျဖစ္နဲ႔သာ ျဖစ္ပါတယ္။