
photo-sportbible
photo-EPA
ဘာစီလိုနာနောက်ခံလူပီကေးဟာ အောက်တိုဘာ ၂၆ ရက်နေ့ကစားမယ့် ရီးရဲလ်နဲ့အယ်ကလက်စီကိုပွဲ လွဲနိုင်တဲ့အလားအလာကို ရှောင်နိုင်ရေးအတွက် အဝါကတ် တမင်ရယူခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ ဆီဗီလာကို ၄ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ တနင်္ဂနွေညလာလီဂါပွဲစဉ်ရဲ့ပွဲချိန်နှောင်းပိုင်းမှာ ပီကေးဟာ အငြင်းပွားဖယ်အဝါကတ်ကို ရရှိခဲ့တာပါ။ အဲဒီပွဲရဲ့ ၈၅ မိနစ်အရောက်မှာ ကွင်းဘေးက ဘောလုံးကို အဝေးကန်ထုတ်ခဲ့တာဖြစ်ပြီး အချိန်ဆွဲတယ်ဆိုပြီး ကွင်းလယ်ဒိုင်က အဝါကတ်ပြခဲ့တာပါ။
photo-social media
အဲဒီအဝါကတ်ဟာ ဒီရာသီလာလီဂါမှာ သူ့ရဲ့၅ ခုမြောက်အဝါကတ်ဖြစ်တာကြောင့် ၃၂ နှစ်အရွယ် ပီကေးဟာ တစ်ပွဲပယ်ခံရတော့မှာပါ။ ဒီအတွက် ပီကေးဟာ နိုင်ငံတကာရက်သတ္တပတ်အပြီး ပထမဆုံးကစားမယ့် အီဘာနဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း သူဟာ အီဘာနဲ့ပွဲအပြီး နောက်တစ်ပတ်အကြာ နူးကမ့်မှာကစားမယ့် ခါးသီးပြိုင်ဘက်ရီးရဲလ်နဲ့ပွဲကို သေချာပေါက်ပါဝင်နိုင်တာ့မှာ ဖြစ်ပါတယ်။
photo-gettyimages
နာမည်ကြီးစပိန်အားကစားသတင်းစာတစ်စောင်ဖြစ်တဲ့ မာကာကတော့ ပီကေးဟာ တမင်တကာ အဝါရယူခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ရီးရဲလ်နောက်ခံလူရာမို့စ်ဟာလည်း အဲဒီလိုတူညီတဲ့ကိစ္စမျိုးရှိခဲ့ပါတယ်။ ရာမို့စ်ဟာ အေဂျက်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အိမ်ကွင်းပွဲစဉ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ အဝါကတ်ရယူခဲ့တာကြောင့် ယူအီးအက်ဖ်အေရဲ့ ၂ ပွဲပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရတာပါ။ ဒုတိယအကျော့မှာ သူမပါတဲ့ရီးရဲလ်ဟာလည်း အေဂျက်ရဲ့နောက်ကောက်ချခြင်းကို ခံခဲ့ရပါတယ်။
[Zawgyi]
အယ္ကလက္စီကိုပြဲေသခ်ာေပါက္ပါႏိုင္ဖို႔ တမင္အ၀ါယူခဲ့တယ္လုိ႔ စြပ္စြဲခံေနရတဲ့ ပီေကး
ဘာစီလိုနာေနာက္ခံလူပီေကးဟာ ေအာက္တုိဘာ ၂၆ ရက္ေန႔ကစားမယ့္ ရီးရဲလ္နဲ႔အယ္ကလက္စီကိုပြဲ လြဲႏိုင္တဲ့အလားအလာကို ေရွာင္ႏိုင္ေရးအတြက္ အ၀ါကတ္ တမင္ရယူခဲ့တယ္လုိ႔ စြပ္စြဲခံေနရပါတယ္။ ဆီဗီလာကို ၄ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ တနဂၤေႏြညလာလီဂါပြဲစဥ္ရဲ႕ပြဲခ်ိန္ေႏွာင္းပိုင္းမွာ ပီေကးဟာ အျငင္းပြားဖယ္အ၀ါကတ္ကို ရရွိခဲ့တာပါ။ အဲဒီပြဲရဲ႕ ၈၅ မိနစ္အေရာက္မွာ ကြငး္ေဘးက ေဘာလုံးကို အေ၀းကန္ထုတ္ခဲ့တာျဖစ္ၿပီး အခ်ိန္ဆြဲတယ္ဆိုၿပီး ကြင္းလယ္ဒိုင္က အ၀ါကတ္ျပခဲ့တာပါ။
အဲဒီအ၀ါကတ္ဟာ ဒီရာသီလာလီဂါမွာ သူ႔ရဲ႕၅ ခုေျမာက္အ၀ါကတ္ျဖစ္တာေၾကာင့္ ၃၂ ႏွစ္အရြယ္ ပီေကးဟာ တစ္ပြဲပယ္ခံရေတာ့မွာပါ။ ဒီအတြက္ ပီေကးဟာ ႏိုင္ငံတကာရက္သတၱပတ္အၿပီး ပထမဆုံးကစားမယ့္ အီဘာနဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္ပါတယ္။ အဲဒီအတြက္လည္း သူဟာ အီဘာနဲ႔ပြဲအၿပီး ေနာက္တစ္ပတ္အၾကာ ႏူးကမ့္မွာကစားမယ့္ ခါးသီးၿပိဳင္ဘက္ရီးရဲလ္နဲ႔ပြဲကို ေသခ်ာေပါက္ပါ၀င္ႏိုင္တာ့မွာ ျဖစ္ပါတယ္။
နာမည္ႀကီးစပိန္အားကစားသတင္းစာတစ္ေစာင္ျဖစ္တဲ့ မာကာကေတာ့ ပီေကးဟာ တမင္တကာ အ၀ါရယူခဲ့တာလုိ႔ ေဖာ္ျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက ရီးရဲလ္ေနာက္ခံလူရာမုိ႔စ္ဟာလည္း အဲဒီလုိတူညီတဲ့ကိစၥမ်ိဳးရွိခဲ့ပါတယ္။ ရာမို႔စ္ဟာ ေအဂ်က္အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့အိမ္ကြင္းပြဲစဥ္မွာ ရည္ရြယ္ခ်က္ရွိရွိနဲ႔ အ၀ါကတ္ရယူခဲ့တာေၾကာင့္ ယူအီးအက္ဖ္ေအရဲ႕ ၂ ပြဲျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရတာပါ။ ဒုတိယအေက်ာ့မွာ သူမပါတဲ့ရီးရဲလ္ဟာလည္း ေအဂ်က္ရဲ႕ေနာက္ေကာက္ခ်ျခင္းကို ခံခဲ့ရပါတယ္။