အယ်ကလက်စီကိုပွဲက လွဲချော်မှုကြောင့် Missi ရယ်လို့ စီရော်နယ်ဒိုပရိသတ်တွေရဲ့လှောင်ခြင်းခံနေရတဲ့မက်ဆီ

photo-sport bible

photo-AFP

မနေ့ညက ကစားခဲ့တဲ့အယ်ကလက်စီကိုပွဲစဉ်မှာ အပိုင်ပိတ်ရတဲ့အခွင့်အရေးကို လွဲချော်ခဲ့တာကြောင့် ဘာစီလိုနာတိုက်စစ်မှုးမက်ဆီတစ်ယောက် ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ စီရော်နယ်ဒိုပရိသတ်တွေရဲ့လှောင်ပြောင်ခြင်း ခံနေရပါတယ်။ ဂိုးမရှိသရေဖြစ်ခဲ့တဲ့ အဲဒီပွဲမှာ မက်ဆီဟာ သူ့အသင်းရတဲ့ အကောင်းဆုံးအခွင့်အလမ်းကို အသုံးမချနိုင်ခဲ့တာပါ။ ဂရစ်ဇ်မန်းရဲ့ဖန်တီးပေးမှုကတစ်ဆင့် မက်ဆီဟာ အနီးကပ်ကန်ခွင့်ရတာဖြစ်ပေမယ့် ဂိုးအဖြစ်ပြောင်းလဲပေးနိုင်ခြင်း မရှိခဲ့တာပါ။

photo-gettyimages

သူ့ဆီရောက်လာတဲ့ဘောလုံးကို အဲဒီအာဂျင်တီးနားသားဟာ သေသေချာချာမထိန်းနိုင်ခဲ့ဘဲ အခြေအနေကို အဖက်ဆယ်ဖို့ သူကြိုးပမ်းခဲ့ပေယ့် အချည်းနှီးဖြစ်သွားပါတယ်။ ဒါကို စီရော်နယ်ဒိုပရိသတ်တစ်ယောက်က အဲဒီပွဲက မက်ဆီလွဲခဲ့တာကို ဗီဒီယိုဖိုင်နဲ့တင်ပြီး ”မက်ဆီပရိသတ်တွေက စီရော်နယ်ဒိုကို Tapnaldo လို့ အမြဲတမ်းခေါ်ကြတယ်။ ဒီမှာကတော့ Missi ပါတဲ့ဗျာ”လို့ Caption ထိုးခဲ့တာပါ။ Tapnaldo ဆိုတာက အနီးကပ်ပိတ်သွင်းတာပဲလုပ်တတ်တဲ့ ရော်နယ်ဒိုလို့ အဓိပ္ပါယ်ရပါတယ်။ Missi ဆိုတာကတော့ လွဲချော်တယ်လို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်စကားလုံး Missing နဲ့ Messi ကို ပေါင်းစပ်လိုက်တာပါ။

https://twitter.com/i/status/1207405603724775424

ပြောစရာမလိုလောက်အောင်ပဲ မက်ဆီကို အဲဒီလိုလှောင်ပြောင်မှုဟာ Twitter ပေါ်မှာ ပျံ့နှံ့သွားပါတယ်။ စီရော်နယ်ဒိုသာဆိုရင် အဲဒါမျိုးကို အလွယ်တကူသွင်းနိုင်မှာလို့ တစ်ယောက်က ဝန်မန့်ခဲ့ပါတယ်။ အယ်ကလက်စီကိုပွဲနဲ့ တစ်ချိန်တည်းမှာပဲကစားတဲ့ စီးရီးအေပွဲမှာတော့ မက်ဆီရဲ့အဓိကပြိုင်ဘက်ကြီးဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဘတ်စ်ကတ်ဘောကစားသမားတစ်ယောက် ပိုက်နားမှာ ခုန်ပြီးဘောလုံးထည့်လိုက်သလို အံ့အားသင့်ဖွယ်ခုန်ယူမှုနဲ့ ဆမ်ဒိုးရီးယားဘက်ကို ခေါင်းတိုက်အနိုင်ဂိုးသွင်းလိုက်နိုင်ခဲ့ပါတယ်။

[Zawgyi]

အယ္ကလက္စီကိုပြဲက လြဲေခ်ာ္မႈေၾကာင့္ Missi ရယ္လို႔ စီေရာ္နယ္ဒိုပရိသတ္ေတြရဲ႕ေလွာင္ျခင္းခံေနရတဲ့မက္ဆီ

မေန႔ညက ကစားခဲ့တဲ့အယ္ကလက္စီကိုပြဲစဥ္မွာ အပိုင္ပိတ္ရတဲ့အခြင့္အေရးကို လြဲေခ်ာ္ခဲ့တာေၾကာင့္ ဘာစီလိုနာတိုက္စစ္မႈးမက္ဆီတစ္ေယာက္ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ စီေရာ္နယ္ဒိုပရိသတ္ေတြရဲ႕ေလွာင္ေျပာင္ျခင္း ခံေနရပါတယ္။ ဂိုးမရွိသေရျဖစ္ခ့ဲတဲ့ အဲဒီပြဲမွာ မက္ဆီဟာ သူ႔အသင္းရတဲ့ အေကာင္းဆုံးအခြင့္အလမ္းကို အသုံးမခ်ႏိုင္ခဲ့တာပါ။ ဂရစ္ဇ္မန္းရဲ႕ဖန္တီးေပးမႈကတစ္ဆင့္ မက္ဆီဟာ အနီးကပ္ကန္ခြင့္ရတာျဖစ္ေပမယ့္ ဂိုးအျဖစ္ေျပာင္းလဲေပးႏိုင္ျခင္း မရွိခဲ့တာပါ။

သူ႔ဆီေရာက္လာတဲ့ေဘာလုံးကို အဲဒီအာဂ်င္တီးနားသားဟာ ေသေသခ်ာခ်ာမထိန္းႏိုင္ခဲ့ဘဲ အေျခအေနကို အဖက္ဆယ္ဖို႔ သူႀကိဳးပမ္းခဲ့ေပယ့္ အခ်ည္းႏွီးျဖစ္သြားပါတယ္။ ဒါကုိ စီေရာ္နယ္ဒုိပရိသတ္တစ္ေယာက္က အဲဒီပြဲက မက္ဆီလြဲခဲ့တာကို ဗီဒီယိုဖိုင္နဲ႔တင္ၿပီး ”မက္ဆီပရိသတ္ေတြက စီေရာ္နယ္ဒိုကို Tapnaldo လို႔ အၿမဲတမ္းေခၚၾကတယ္။ ဒီမွာကေတာ့ Missi ပါတဲ့ဗ်ာ”လို႔ Caption ထုိးခဲ့တာပါ။ Tapnaldo ဆုိတာက အနီးကပ္ပိတ္သြင္းတာပဲလုပ္တတ္တဲ့ ေရာ္နယ္ဒိုလို႔ အဓိပၸါယ္ရပါတယ္။ Missi ဆုိတာကေတာ့ လြဲေခ်ာ္တယ္လုိ႔ အဓိပၸါယ္ရတဲ့ အဂၤလိပ္စကားလုံး Missing နဲ႔ Messi ကို ေပါင္းစပ္လိုက္တာပါ။

ေျပာစရာမလိုေလာက္ေအာင္ပဲ မက္ဆီကို အဲဒီလိုေလွာင္ေျပာင္မႈဟာ Twitter ေပၚမွာ ပ်ံ႔ႏွံ႔သြားပါတယ္။ စီေရာ္နယ္ဒိုသာဆုိရင္ အဲဒါမ်ိဳးကို အလြယ္တကူသြင္းႏိုင္မွာလို႔ တစ္ေယာက္က ၀န္မန္႔ခဲ့ပါတယ္။ အယ္ကလက္စီကိုပြဲနဲ႔ တစ္ခ်ိန္တည္းမွာပဲကစားတဲ့ စီးရီးေအပြဲမွာေတာ့ မက္ဆီရဲ႕အဓိကၿပိဳင္ဘက္ႀကီးျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ ဘတ္စ္ကတ္ေဘာကစားသမားတစ္ေယာက္ ပိုက္နားမွာ ခုန္ၿပီးေဘာလုံးထည့္လိုက္သလို အ့ံအားသင့္ဖြယ္ခုန္ယူမႈနဲ႔ ဆမ္ဒိုးရီးယားဘက္ကို ေခါင္းတိုက္အႏိုင္ဂိုးသြင္းလိုက္ႏိုင္ခဲ့ပါတယ္။