
photo-daily mail
photo-goal
ဘာစီလိုနာကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရီးရဲလ်ရဲ့တနင်္ဂနွေညအယ်ကလက်စီကိုနိုင်ပွဲမှာ တိုက်စစ်မှုးဗင်နီစီးယက်စ်က အဖွင့်ဂိုးသွင်းယူလိုက်ပြီးနောက် စီရော်နယ်ဒိုတစ်ယောက် အောင်ပွဲခံခဲ့တာကို တွေ့လိုက်ရပါတယ်။ အဲဒီဂျူဗင်တပ်တိုက်စစ်မှုးဟာ သူ့အသင်းဟောင်းရဲ့အိမ်ကွင်းဘာနေဗျူးက အယ်ကလက်စီကိုပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့တာပါ။ ပရိသတ်တွေနဲ့ ရှောင်ကွင်းချင်တဲ့အတွက်လည်း စီရော်နယ်ဒိုဟာ အနက်ရောင်ဗန်ကားနဲ့အတူ ကွင်းထဲကို သိုသိုဝှက်ဝှက်ဝင်ရောက်ခဲ့ပါတယ်။
photo-EPA
အခုတစ်ပတ်စီးရီးအေမှာ သူ့ရဲ့ဂျူဗင်တပ်အသင်းဟာ အင်တာမီလန်နဲ့ကစားရဖို့ရှိခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲရွှေ့ဆိုင်းသွားတဲ့အတွက် အသင်းဟောင်းရဲ့အယ်ကလက်စီကိုပွဲကို သွားကြည့်ဖို့ အခွင့်အလမ်းသာသွားတာပါ။ သူ့နှလုံးသားထဲမှာ အသင်းဟောင်းက ရှိနေဆဲဆိုတာကို အဲဒီပွဲက သူအောင်ပွဲခံခဲ့တာကို ကြည့်လိုက်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ဘာနေဗျူးကွင်းက VIP ခုံတန်းမှာ စီရော်နယ်ဒိုလာရောက်အားပေးတာကိုလည်း ရုပ်သံကင်မရာတွေနဲ့ ပရိသတ်တွေက သိရှိသွားခဲ့ကြပါတယ်။
Cristiano celebrating Real Madrid’s win against Barcelona at the Bernabéu. #ElClasico pic.twitter.com/mjpDXfm5xs
— Real Madrid Info ³⁴ (@RMadridInfo) March 1, 2020
အဲဒီပွဲရဲ့ ၇၁ မိနစ်အရောက်မှာ ဗင်နီစီးယက်စ်က အဖွင့်ဂိုးသွင်းလိုက်ပြီးနောက် ထိုင်ခုံကနေ လက်ခုပ်တီးပြီး အောင်ပွဲခံခဲ့တာပါ။ ဗင်နီစီးယက်စ်ကလည်း ရီးရဲလ်ရဲ့အဲဒီဦးဆောင်ဂိုးအတွက် စီရော်နယ်ဒိုရဲ့နာမည်ကြီးအောင်ပွဲခံပုံစံအတိုင်း အောင်ပွဲခံခဲ့ပါတယ်။ အဲဒီကနေ သူထွက်ခွာသွားပြီးကတည်းက ရီးရဲလ်ဟာ သူ့နေရာ အစားထိုးနိုင်ခြင်းမရှိခဲ့ပါဘူး။ အဲဒီပေါ်တူဂီသားဟာ ရီးရဲလ်အတွက် ၄၈၅ ပွဲမှာ ၄၅၀ ဂိုးသွင်းယူပြီး အသင်းသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားတာပါ။
[Zawgyi]
အယ္ကလက္စီကိုက ဗင္နီစီးယက္စ္ရဲ႕အဖြင့္ဂိုးအတြက္ ေအာင္ပြဲခံခဲ့တဲ့ စီေရာ္နယ္ဒို
ဘာစီလိုနာကို ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ရီးရဲလ္ရဲ႕တနဂၤေႏြညအယ္ကလက္စီကိုႏိုင္ပြဲမွာ တိုက္စစ္မႈးဗင္နီစီးယက္စ္က အဖြင့္ဂိုးသြင္းယူလုိက္ၿပီးေနာက္ စီေရာ္နယ္ဒိုတစ္ေယာက္ ေအာင္ပြဲခံခဲ့တာကို ေတြ႕လိုက္ရပါတယ္။ အဲဒီဂ်ဴဗင္တပ္တိုက္စစ္မႈးဟာ သူ႔အသင္းေဟာင္းရဲ႕အိမ္ကြင္းဘာေနဗ်ဴးက အယ္ကလက္စီကိုပြဲစဥ္ကို လာေရာက္ၾကည့္ရႈခဲ့တာပါ။ ပရိသတ္ေတြနဲ႔ ေရွာင္ကြင္းခ်င္တဲ့အတြက္လည္း စီေရာ္နယ္ဒိုဟာ အနက္ေရာင္ဗန္ကားနဲ႔အတူ ကြင္းထဲကို သိုသို၀ွက္၀ွက္၀င္ေရာက္ခဲ့ပါတယ္။
အခုတစ္ပတ္စီးရီးေအမွာ သူ႔ရဲ႕ဂ်ဴဗင္တပ္အသင္းဟာ အင္တာမီလန္နဲ႔ကစားရဖို႔ရွိခဲ့ေပမယ့္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ပြဲေရႊ႕ဆိုင္းသြားတဲ့အတြက္ အသင္းေဟာင္းရဲ႕အယ္ကလက္စီကိုပြဲကို သြားၾကည့္ဖုိ႔ အခြင့္အလမ္းသာသြားတာပါ။ သူ႔ႏွလုံးသားထဲမွာ အသင္းေဟာင္းက ရွိေနဆဲဆိုတာကို အဲဒီပြဲက သူေအာင္ပြဲခံခဲ့တာကို ၾကည့္လုိက္ျခင္းအားျဖင့္ သိႏိုင္ပါတယ္။ ဘာေနဗ်ဴးကြငး္က VIP ခုံတန္းမွာ စီေရာ္နယ္ဒိုလာေရာက္အားေပးတာကိုလည္း ရုပ္သံကင္မရာေတြနဲ႔ ပရိသတ္ေတြက သိရွိသြားခဲ့ၾကပါတယ္။
အဲဒီပြဲရဲ႕ ၇၁ မိနစ္အေရာက္မွာ ဗင္နီစီးယက္စ္က အဖြင့္ဂိုးသြငး္လုိက္ၿပီးေနာက္ ထိုင္ခုံကေန လက္ခုပ္တီးၿပီး ေအာင္ပြဲခံခဲ့တာပါ။ ဗင္နီစီးယက္စ္ကလည္း ရီးရဲလ္ရဲ႕အဲဒီဦးေဆာင္ဂိုးအတြက္ စီေရာ္နယ္ဒုိရဲ႕နာမည္ႀကီးေအာင္ပြဲခံပုံစံအတိုင္း ေအာင္ပြဲခံခဲ့ပါတယ္။ အဲဒီကေန သူထြက္ခြာသြားၿပီးကတည္းက ရီးရဲလ္ဟာ သူ႔ေနရာ အစားထုိးႏိုင္ျခင္းမရွိခဲ့ပါဘူး။ အဲဒီေပၚတူဂီသားဟာ ရီးရဲလ္အတြက္ ၄၈၅ ပြဲမွာ ၄၅၀ ဂိုးသြင္းယူၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ စံခ်ိန္တင္ထားတာပါ။