အယ္ခမာရဲ႕ျမက္ခင္းတုကြင္းေၾကာင့္ မန္ယူရဲ႕ဒဏ္ရာျပႆ နာပိုဆိုးလာမွာ စိုးရိမ္ေနရ

မန္ယူကစားရမယ္႔ကြင္း--Photo- Internet
Photo- Internet

မန္ယူအသင္းဟာ အယ္ခမာနဲ႔ အေ၀းကြင္းယွဥ္ၿပိဳင္ရမယ္႔ ပြဲကိုျမက္ခင္းတုကြင္းေပၚမွာ ကစားရမွာျဖစ္လို႔ ဒဏ္ရာျပႆ     နာပိုဆိုးလာမွာကို စိုးရိမ္ေနရတဲ႔အေျခအေနေရာက္ေနတယ္လို႔ သိရပါတယ္။ ျမက္ခင္းတုကြင္းဆိုတာ ပလက္စတစ္နဲ႔ျပဳလုပ္ထားတာျဖစ္ၿပီး ဒဏ္ရာရမယ္႔အေျခအေနပိုမ်ားလို႔ အေရးေပၚအေျခအေနကလြဲၿပီး အသုံးျပဳၾကတာနည္းပါတယ္။

အယ္ခမာ ပုံမွန္အသုံးျပဳေနတဲ႔ AFAS ကြင္းဟာၿပီးခဲ့တဲ႔လက ေလအျပင္းအထန္တိုက္ခတ္မႈေၾကာင့္ ကြင္းအမိုးၿပိဳက်သြားလို႔ ယာယီကြင္းကိုသာ အိမ္ကြင္းအျဖစ္ အယ္ခမာအသုံးျပဳေနရတာျဖစ္ပါတယ္။ ဒီကြင္းအမည္က Kyocera ျဖစ္ၿပီး အယ္ခမာၿမိဳ႕နဲ႔ မိုင္ ၇၀ ေ၀းတဲ႔ သည္ဟိဂ္ၿမိဳ႕မွာတည္ရွိပါတယ္။

Photo- Internet

အဲဒီကြင္းက ျမက္ခင္းတုဟာ နယ္သာလန္မွာအဆိုးဆုံးျဖစ္တယ္လို႔ နာမည္ဆိုးထြက္ေနတာပါ။ လက္ရွိျမက္ခင္းတုကို ၂၀၁၃ တုန္းကေဟာ္ကီၿပိဳင္ပြဲအတြက္ခင္းထားတာျဖစ္ၿပီး မၾကာခင္မွာအသစ္ထပ္ခင္းဖို႔ရွိပါတယ္။ ဒန္ဟက္အသင္းဆိုရင္ အဲဒီကြင္းကိုအိမ္ကြင္းအျဖစ္အသုံးျပဳခဲ့ဘူးၿပီး အသင္းေခါင္းေဆာင္ မီဂ်ာစ္က အဲဒီျမက္ခင္းတုေပၚမွာ ကစားသမားေတြ မၾကာခဏ ဒဏ္ရာရၾကတယ္လို႔ ေျပာခဲ့ပါတယ္။

Photo- Internet

မန္ယူအသင္းဟာ လက္ရွိမွာ အဲရစ္ဘိုင္လီ၊ မာရွယ္၊ ရက္ရွ္ဖို႔ဒ္၊ ဖီးလ္ဂ်ဳံးစ္၊ လုခ္ေရွာ၊ မန္ဆာ၊ ဒါေလာ႔တ္နဲ႔ အိန္ဂ်ယ္ဂိုမက္စ္တို႔အားလုံး ဒဏ္ရာရေနၾကသလို လက္ရွိမွာလည္း ေပါ့ဂ္ဘာဟာ ဒဏ္ရာျပႆ     နာရွိေနလို႔ အာဆင္နယ္နဲ႔ ပြဲမွာေတာင္ ပါဖို႔ မေသခ်ာပါဘူး။

Photo- Internet

မန္ယူဟာ ၿပီးခဲ့တဲ႔ ယူရိုပါလိဂ္အုပ္စု အဖြင့္ပြဲစဥ္မွာ အက္စ္တာနာကိုအိမ္ကြင္းမွာ ကစားခဲ့ၿပီး ၁-၀ နဲ႔အႏိုင္ရရွိခဲ့တာေၾကာင့္ ဒီတစ္ပြဲထပ္ႏိုင္ရင္ ၃၂ သင္းအဆင့္ကို တက္ေရာက္ဖို႔ အေျခအေနေကာင္းသြားမွာျဖစ္ပါတယ္။ မန္ယူဟာ အယ္ခမာနဲ႔ၿပီးရင္ လာမယ္႔ေအာက္တိုဘာ ၂၄ မွာ ပါတီဇန္ကိုအေ၀းကြင္းသြားရင္ဆိုင္ရမွာျဖစ္ပါတယ္။

Photo- Internet

Unicode

အယ်ခမာရဲ့မြက်ခင်းတုကွင်းကြောင့် မန်ယူရဲ့ဒဏ်ရာပြဿ နာပိုဆိုးလာမှာ စိုးရိမ်နေရ
မန်ယူအသင်းဟာ အယ်ခမာနဲ့ အဝေးကွင်းယှဉ်ပြိုင်ရမယ့် ပွဲကိုမြက်ခင်းတုကွင်းပေါ်မှာ ကစားရမှာဖြစ်လို့ ဒဏ်ရာပြဿ     နာပိုဆိုးလာမှာကို စိုးရိမ်နေရတဲ့အခြေအနေရောက်နေတယ်လို့ သိရပါတယ်။ မြက်ခင်းတုကွင်းဆိုတာ ပလက်စတစ်နဲ့ပြုလုပ်ထားတာဖြစ်ပြီး ဒဏ်ရာရမယ့်အခြေအနေပိုများလို့ အရေးပေါ်အခြေအနေကလွဲပြီး အသုံးပြုကြတာနည်းပါတယ်။

အယ်ခမာ ပုံမှန်အသုံးပြုနေတဲ့ AFAS ကွင်းဟာပြီးခဲ့တဲ့လက လေအပြင်းအထန်တိုက်ခတ်မှုကြောင့် ကွင်းအမိုးပြိုကျသွားလို့ ယာယီကွင်းကိုသာ အိမ်ကွင်းအဖြစ် အယ်ခမာအသုံးပြုနေရတာဖြစ်ပါတယ်။ ဒီကွင်းအမည်က Kyocera ဖြစ်ပြီး အယ်ခမာမြို့နဲ့ မိုင် ၇၀ ဝေးတဲ့ သည်ဟိဂ်မြို့မှာတည်ရှိပါတယ်။

အဲဒီကွင်းက မြက်ခင်းတုဟာ နယ်သာလန်မှာအဆိုးဆုံးဖြစ်တယ်လို့ နာမည်ဆိုးထွက်နေတာပါ။ လက်ရှိမြက်ခင်းတုကို ၂၀၁၃ တုန်းကဟော်ကီပြိုင်ပွဲအတွက်ခင်းထားတာဖြစ်ပြီး မကြာခင်မှာအသစ်ထပ်ခင်းဖို့ရှိပါတယ်။ ဒန်ဟက်အသင်းဆိုရင် အဲဒီကွင်းကိုအိမ်ကွင်းအဖြစ်အသုံးပြုခဲ့ဘူးပြီး အသင်းခေါင်းဆောင် မီဂျာစ်က အဲဒီမြက်ခင်းတုပေါ်မှာ ကစားသမားတွေ မကြာခဏ ဒဏ်ရာရကြတယ်လို့ ပြောခဲ့ပါတယ်။

မန်ယူအသင်းဟာ လက်ရှိမှာ အဲရစ်ဘိုင်လီ၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ ဖီးလ်ဂျုံးစ်၊ လုခ်ရှော၊ မန်ဆာ၊ ဒါလော့တ်နဲ့ အိန်ဂျယ်ဂိုမက်စ်တို့အားလုံး ဒဏ်ရာရနေကြသလို လက်ရှိမှာလည်း ပေါ့ဂ်ဘာဟာ ဒဏ်ရာပြဿ     နာရှိနေလို့ အာဆင်နယ်နဲ့ ပွဲမှာတောင် ပါဖို့ မသေချာပါဘူး။

မန်ယူဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်အုပ်စု အဖွင့်ပွဲစဉ်မှာ အက်စ်တာနာကိုအိမ်ကွင်းမှာ ကစားခဲ့ပြီး ၁-၀ နဲ့အနိုင်ရရှိခဲ့တာကြောင့် ဒီတစ်ပွဲထပ်နိုင်ရင် ၃၂ သင်းအဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းသွားမှာဖြစ်ပါတယ်။ မန်ယူဟာ အယ်ခမာနဲ့ပြီးရင် လာမယ့်အောက်တိုဘာ ၂၄ မှာ ပါတီဇန်ကိုအဝေးကွင်းသွားရင်ဆိုင်ရမှာဖြစ်ပါတယ်။