အမှားတွေကျူးလွန်ရင်း ချဲလ်ဆီးကို ဂိုးပြတ်အရေးနိမ့်သွားတဲ့ ယူနိုက်တက် (ယူနိုက်တက် ၁-၃ ချဲလ်ဆီး)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဒုတိယမြောက် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ၂၀၁၈ ချန်ပီယံ ချဲလ်ဆီးအသင်းက ၂၀၁၆ ချန်ပီယံ ယူနိုက်တက်ကို ၃-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး ဗိုလ်လုပွဲမှာ လန်ဒန်တစ်မြို့တည်းသား အာဆင်နယ်နဲ့ ရင်ဆိုင်ခွင့်ရရှိသွားခဲ့ပါတယ်။

Photo Credit

ဒီပွဲမှာ ယူနိုက်တက်အသင်း ပေးလိုက်ရတဲ့ ၃ဂိုးစလုံးက အမှားတွေကြောင့်ပေးလိုက်ရတာဖြစ်ပြီး ဂီရော့ဒ်နဲ့ မေဆင်မောင့်တို့ရဲ့သွင်းဂိုးတွေက ဂိုးသမား ဒီဂီယာရဲ့လက်ဆောင်ဂိုးတွေဖြစ်သလို ချဲလ်ဆီးရဲ့အဆုံးသတ်ဂိုးကလည်း ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွါရီရဲ့ ကိုယ့်ဂိုး ကိုယ်သွင်းယူမိမှုပါ။

Photo Credit

ချဲလ်ဆီးက ဒီပွဲမှာဂိုးပြတ်နိုင်ပွဲနဲ့ ထိုက်တန်တဲ့ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပြီး ပထမပိုင်းနာကျင်အချိန်ပို ၁၁ မိနစ်မှာ ညာတောင်ပံကနေ အက်စ်ပီလီကျူတာ ဖြတ်တင်ပေးလိုက်တာကို ဂီရော့ဒ် ပိတ်သွင်းတာ ဒီဂီယာရဲ့ပေါင်ကြားထဲကနေ ဝင်ပြီး ဂိုးစည်းပေါ်ကနေ ဖြေးဖြေးလေးကျော်ကာ ဂိုးထဲ ဝင်သွားတာဖြစ်ပါတယ်။

Photo Credit

မေဆင်မောင့် သွင်းယူသွားတဲ့ ဒုတိယဂိုးကလည်း ဒီဂီယာရဲ့ပေါ့ဆတဲ့အမှားကြောင့်ဖြစ်ပြီး ဒုတိယပိုင်းပြန်စလို့မှသွေးမပူသေးခင် ဧရိယာထိပ်ကနေ မေဆင်မောင့်ရဲ့ကန်သွင်းချက်ကို ဒီဂီယာ လဲှအိပ်အမိဖမ်းရာမှာ လက်ထဲကနေ ချော်ထွက်သွားလို့ ဂိုးထဲ တန်းဝင်သွားခဲ့တာပါ။

Photo Credit

ဒုတိယဂိုးက ယူနိုက်တက်အသင်းကို စိတ်ဓာတ်ပါကျဆင်းသွားစေပြီး အရန်တချို့ကို ပွဲထုတ်လာတဲ့ နည်းပြဆိုးလ်ရှားလည်း ချေပဂိုးတွေရရှိဖို့အတွက် ပေါ့ဂ်ဘာနဲ့ ဂရင်းဝုဒ်တို့ကို လူစားထိုးလိုက်ပါတယ်။

Photo Credit

ဒါပေမဲ့ ချေပဂိုးအရင်မရတဲ့အပြင် ဦးဆောင်ဂိုးတောင် ထပ်ပေးလိုက်ရပြီး ဘယ်တောင်ပံက ဖြတ်တင်ဘောကို ရူဒီဂါရဲ့ဖိအားပေးမှုကနေ တားဆီးရင်း ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံး နောက်ခံလူဖြစ်တဲ့ မက်ဂွါရီ ကိုယ့်ဂိုးကိုယ်သွင်းမိသွားလို့ ယူနိုက်တက်အသင်း အဆုံးသတ်ဂိုးပေးလိုက်ရပါတယ်။

Photo Credit

ပွဲချိန် ၈၅ မိနစ်မှာ ရရှိလာတဲ့ပင်နယ်တီကို ကွင်းလယ်လူ ဖာနန်ဒက်စ်က အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့လို့ ယူနိုက်တက်အသင်း သိက္ခာဆယ်ချေပဂိုးတစ်ဂိုးရရှိခဲ့ပေမယ့် ပွဲအပြီးမှာတော့ ဂိုးပြတ်အရေးနိမ့်သွားခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်အနေနဲ့ ဖလားလက်မဲ့မဖြစ်စေရေးအတွက် ယူရိုပါလိဂ်ဖလားပဲ ကျန်တော့ပြီး ချဲလ်ဆီးကို ယခုရာသီအတွင်း ယခင်တွေ့ဆုံမှု ၃ပွဲစလုံးအနိုင်ရထားကနေ အခုတော့ ဂိုးပြတ်အရှုံးနဲ့အတူ ဖလားတစ်လုံးမျှော်လင့်ချက်လည်း အဆုံးသတ်သွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

အမွားေတြက်ဴးလြန္ရင္း ခ်ဲလ္ဆီးကို ဂိုးျပတ္အေရးနိမ့္သြားတဲ့ ယူႏိုက္တက္ (ယူႏိုက္တက္ ၁-၃ ခ်ဲလ္ဆီး)
===================================================================
ဒုတိယေျမာက္ အက္ဖ္ေအဖလားဆီမီးဖိုင္နယ္ပြဲစဥ္မွာေတာ့ ၂၀၁၈ ခ်န္ပီယံ ခ်ဲလ္ဆီးအသင္းက ၂၀၁၆ ခ်န္ပီယံ ယူႏိုက္တက္ကို ၃-၁ ဂိုးနဲ႔ ဂိုးျပတ္အႏိုင္ယူၿပီး ဗိုလ္လုပြဲမွာ လန္ဒန္တစ္ၿမိဳ႕တည္းသား အာဆင္နယ္နဲ႔ ရင္ဆိုင္ခြင့္ရရွိသြားခဲ့ပါတယ္။ ဒီပြဲမွာ ယူႏိုက္တက္အသင္း ေပးလိုက္ရတဲ့ ၃ဂိုးစလုံးက အမွားေတြေၾကာင့္ေပးလိုက္ရတာျဖစ္ၿပီး ဂီေရာ့ဒ္နဲ႔ ေမဆင္ေမာင့္တို႔ရဲ႕သြင္းဂိုးေတြက ဂိုးသမား ဒီဂီယာရဲ႕လက္ေဆာင္ဂိုးေတြျဖစ္သလို ခ်ဲလ္ဆီးရဲ႕အဆုံးသတ္ဂိုးကလည္း ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြါရီရဲ႕ ကိုယ့္ဂိုး ကိုယ္သြင္းယူမိမႈပါ။

ခ်ဲလ္ဆီးက ဒီပြဲမွာဂိုးျပတ္ႏိုင္ပြဲနဲ႔ ထိုက္တန္တဲ့ေျခစြမ္းမ်ိဳး ျပသႏိုင္ခဲ့ၿပီး ပထမပိုင္းနာက်င္အခ်ိန္ပို ၁၁ မိနစ္မွာ ညာေတာင္ပံကေန အက္စ္ပီလီက်ဴတာ ျဖတ္တင္ေပးလိုက္တာကို ဂီေရာ့ဒ္ ပိတ္သြင္းတာ ဒီဂီယာရဲ႕ေပါင္ၾကားထဲကေန ဝင္ၿပီး ဂိုးစည္းေပၚကေန ေျဖးေျဖးေလးေက်ာ္ကာ ဂိုးထဲ ဝင္သြားတာျဖစ္ပါတယ္။ ေမဆင္ေမာင့္ သြင္းယူသြားတဲ့ ဒုတိယဂိုးကလည္း ဒီဂီယာရဲ႕ေပါ့ဆတဲ့အမွားေၾကာင့္ျဖစ္ၿပီး ဒုတိယပိုင္းျပန္စလို႔မွေသြးမပူေသးခင္ ဧရိယာထိပ္ကေန ေမဆင္ေမာင့္ရဲ႕ကန္သြင္းခ်က္ကို ဒီဂီယာ လဲွအိပ္အမိဖမ္းရာမွာ လက္ထဲကေန ေခ်ာ္ထြက္သြားလို႔ ဂိုးထဲ တန္းဝင္သြားခဲ့တာပါ။

ဒုတိယဂိုးက ယူႏိုက္တက္အသင္းကို စိတ္ဓာတ္ပါက်ဆင္းသြားေစၿပီး အရန္တခ်ိဳ႕ကို ပြဲထုတ္လာတဲ့ နည္းျပဆိုးလ္ရွားလည္း ေခ်ပဂိုးေတြရရွိဖို႔အတြက္ ေပါ့ဂ္ဘာနဲ႔ ဂရင္းဝုဒ္တို႔ကို လူစားထိုးလိုက္ပါတယ္။ ဒါေပမဲ့ ေခ်ပဂိုးအရင္မရတဲ့အျပင္ ဦးေဆာင္ဂိုးေတာင္ ထပ္ေပးလိုက္ရၿပီး ဘယ္ေတာင္ပံက ျဖတ္တင္ေဘာကို ႐ူဒီဂါရဲ႕ဖိအားေပးမႈကေန တားဆီးရင္း ကမာၻ႔ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံး ေနာက္ခံလူျဖစ္တဲ့ မက္ဂြါရီ ကိုယ့္ဂိုးကိုယ္သြင္းမိသြားလို႔ ယူႏိုက္တက္အသင္း အဆုံးသတ္ဂိုးေပးလိုက္ရပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာ ရရွိလာတဲ့ပင္နယ္တီကို ကြင္းလယ္လူ ဖာနန္ဒက္စ္က အမွားအယြင္းမရွိကန္သြင္းယူႏိုင္ခဲ့လို႔ ယူႏိုက္တက္အသင္း သိကၡာဆယ္ေခ်ပဂိုးတစ္ဂိုးရရွိခဲ့ေပမယ့္ ပြဲအၿပီးမွာေတာ့ ဂိုးျပတ္အေရးနိမ့္သြားခဲ့ပါတယ္။ ယူႏိုက္တက္အေနနဲ႔ ဖလားလက္မဲ့မျဖစ္ေစေရးအတြက္ ယူ႐ိုပါလိဂ္ဖလားပဲ က်န္ေတာ့ၿပီး ခ်ဲလ္ဆီးကို ယခုရာသီအတြင္း ယခင္ေတြ႕ဆုံမႈ ၃ပြဲစလုံးအႏိုင္ရထားကေန အခုေတာ့ ဂိုးျပတ္အရႈံးနဲ႔အတူ ဖလားတစ္လုံးေမွ်ာ္လင့္ခ်က္လည္း အဆုံးသတ္သြားခဲ့ပါတယ္။