
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်အသင်းက ဒီည အိမ်ကွင်း အိုးထရက်ဖိုဒ်မှာ လီဗာပူးလ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အသင်းရဲ့အဓိကကစားသမားတွေကို ပွဲထုတ်လာနိုင်တယ်လို့ ယူဆရပါတယ်။
ရိုးမားနဲ့ ယူရိုပါလိဂ် ဆီမီးဒုတိယအကျော့ ပွဲစဉ်ပြီးကတည်းက (၂)ရက် (၁)ပွဲနှုန်း ကို အနိုင်ယူပြီး ကတည်းကယူနိုက်တက်ဟာ အက်စ်တွန်ဗီလာ၊ လက်စတာတို့နဲ့ ကစားခဲ့ပြီး အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားက ဗီလာပါ့ခ်မှာ အက်စ်တွန်ဗီလာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါကြောင့် လက်စတာနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိတော့ပဲ သူဟာပွဲကြည့်စင်မှာပဲ ချိုင်းထောက်နဲ့လာရောက်ကြည့်ရှုခဲ့ရပါတယ်။
ဒါ့ကြောင့် သူ့အနေနဲ့ ဗီလာရီးယဲလ်နဲ့ပွဲစဉ်မှာ ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၄၈ နာရီ ကြာ (၁)ပွဲကစားခဲ့ရပြီး နည်းပြဆိုလ်းရှားကလည်း ပွဲကြပ်ကာလမှာ အလှည့်ကျ လူစားရင်းပုံစံတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
လက်စတာနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပွဲထွက်ကစားသမားစာရင်းကို အပြောင်းအလဲ ၁၀ နေရာအထိ ပြုလုပ်ခဲ့ပြီး ယူ (၂၃)အသင်းက ကစားသမားတွေဖြစ်တဲ့ အာမက်ဒီယာလိုနဲ့ အန်သိုနီ အီလန်ဂါတို့ကို ပွဲထွက်ကစားခွင့် ပေးခဲ့ပါတယ်။
အဲ့သည့်ပွဲမှာ အာမက်ဒီယာလိုနဲ့ ဂရင်းဝုဒ်တို့ ချိတ်ဆက်ပြီး သွင်းဂိုး တစ်ဂိုးရယူနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ သူတို့ဟာ ပြိုင်ဖက်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ပွဲပြီးရလဒ်ကြောင့် အမှတ်ပေးဇယားမှာ ထိပ်ဆုံးကရပ်တည်နေတဲ့ မန်စီးတီးအသင်းဟာ လက်ကျန်ပွဲစဉ်တွေမပြီးခင်မှာဘဲ (၂၀၂၀-၂၁)ခုနှစ်ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိသွားပါတယ်။
ယူနိုက်တက်အသင်းဟာ နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာ သေချာနေပြီးဖြစ်ပေမယ့် အစဉ်အလာအရ အသင်းရဲ့ခါးသီးပြိုင်ဘက်ဖြစ်နေတဲ့ လီဗာပူးလ်နဲ့ပွဲမှာ
ဒဏ်ရာသက်သာလာခြင်းမရှိသေးတဲ့ မက်ဂွိုင်းယား ကြောင့် နောက်တန်း ခံစစ်နေရာမှာ ဘယ်သူ့ကိုရွေးချယ်ပွဲထွက်စေမလဲဆိုတာက ဆိုးလ်ရှား အတွက် အတော့်ကိုစဉ်းစားရကျပ်နေမှာပါ။
လီဗာပူးလ် အသင်းရဲ့ လက်ရှိအနေအထားကလည်း လက်ကျန်ပွဲတွေ အားလုံးအနိုင်ရဖို့ လိုအပ်နေပြီး တစ်ပွဲပွဲမှာသာ ခြေချော်သွားခဲ့မယ်ဆိုရင် နောက်ရာသီမှာ ဥရောပပြိုင်ပွဲတွေ တစ်ခုကိုမှ ဝင်ခွင့်ရဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားရှိနေတာကြောင့် ပွဲစဉ်တိုင်းကို အနိုင်ရယူဖို့ ပြင်ဆင်လာမှာ သေချာပါတယ်။
လီဗာပူးလ်နဲ့ ပွဲမှာ ဂိုးသမားနေရာမှာ ဒီဂီယာ အစား ဟန်ဒါဆင်ကို ပွဲထွက်လာစေမယ်လို့ ယူဆရပါတယ်။
အဲရစ်ဘိုင်လီကို ဗဟိုခံစစ်နေရာမှာ ကစားစေနိုင်ပြီး ဆိုလ်ရှားရဲ့ စိတ်ကြိုက်ကစားသမားတွေဖြစ်တဲ့ ဝမ်ဘစ်ဆာကာ၊ လင်ဒီလော့ဖ်၊ လုရှော တို့နဲ့ ယူနိုက်တက်နောက်တန်းနေရာကို ပုံဖော်လာနိုင်ပါတယ်။
ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဘာ၊ ဖရက်ဒ်၊ မက်တိုမီနေး တို့နဲ့သာ ပွဲထွက်စေမယ်လို့ မျှော်လင်လို့ရပြီး ဗန်ဒီဘိခ်ကိုတော့ ဒီပွဲမှာ ပွဲထွက်ခွင့်ရနိုင်မယ်လို့မထင်ပါဘူး။
ရှေ့တန်းမှတော့ာ မားကပ်စ်ရပ်ရှ်ဖို့ဒ်နဲ့ လေ့ကျင့်ခန်းဆင်လာပြီဖြစ်တဲ့ မာရှယ်ကိုသာသုံးမယ့်အစား ကာဗာနီနဲ့ ဂရင်းဝုဒ်တို့ကိုပွဲထွက်ခွင့်ပေးတာကမှ ယူနိုက်တက်အသင်းအတွက် ဂိုးရရှိနိုင်မယ့်အခွင့်အရေးရှိနိုင်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အမွတ္မလိုေတာ့ေပမယ့္ လီဗာပူးလ္နဲ႔ပြဲဆိုရင္ ဆိုးလ္ရွားက အဓိကကစားသမားေတြနဲ႔ပဲ ပြဲထုတ္လာႏိုင္တယ္…
ယူႏိုက္တက္အသင္းက ဒီည အိမ္ကြင္း အိုးထရက္ဖိုဒ္မွာ လီဗာပူးလ္နဲ႔ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ အသင္းရဲ႕အဓိကကစားသမားေတြကို ပြဲထုတ္လာႏိုင္တယ္လို႔ ယူဆရပါတယ္။
႐ိုးမားနဲ႔ ယူ႐ိုပါလိဂ္ ဆီမီးဒုတိယအေက်ာ့ ပြဲစဥ္ၿပီးကတည္းက (၂)ရက္ (၁)ပြဲႏႈန္း ကို အႏိုင္ယူၿပီး ကတည္းကယူႏိုက္တက္ဟာ အက္စ္တြန္ဗီလာ၊ လက္စတာတို႔နဲ႔ ကစားခဲ့ၿပီး အသင္းေခါင္းေဆာင္ ဟယ္ရီမက္ဂြိဳင္းယားက ဗီလာပါ့ခ္မွာ အက္စ္တြန္ဗီလာနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ေျခခ်င္းဝတ္ဒဏ္ရာ ရရွိခဲ့ပါတယ္။
ဒါေၾကာင့္ လက္စတာနဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာ ပါဝင္ကစားႏိုင္ခဲ့ျခင္းမရွိေတာ့ပဲ သူဟာပြဲၾကည့္စင္မွာပဲ ခ်ိဳင္းေထာက္နဲ႔လာေရာက္ၾကည့္ရႈခဲ့ရပါတယ္။ ဒါ့ေၾကာင့္ သူ႔အေနနဲ႔ ဗီလာရီးယဲလ္နဲ႔ပြဲစဥ္မွာ ပါဝင္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ၄၈ နာရီ ၾကာ (၁)ပြဲကစားခဲ့ရၿပီး နည္းျပဆိုလ္းရွားကလည္း ပြဲၾကပ္ကာလမွာ အလွည့္က် လူစားရင္းပုံစံတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။
လက္စတာနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ပြဲထြက္ကစားသမားစာရင္းကို အေျပာင္းအလဲ ၁၀ ေနရာအထိ ျပဳလုပ္ခဲ့ၿပီး ယူ (၂၃)အသင္းက ကစားသမားေတြျဖစ္တဲ့ အာမက္ဒီယာလိုနဲ႔ အန္သိုနီ အီလန္ဂါတို႔ကို ပြဲထြက္ကစားခြင့္ ေပးခဲ့ပါတယ္။
အဲ့သည့္ပြဲမွာ အာမက္ဒီယာလိုနဲ႔ ဂရင္းဝုဒ္တို႔ ခ်ိတ္ဆက္ၿပီး သြင္းဂိုး တစ္ဂိုးရယူႏိုင္ခဲ့ေပမယ့္ ပြဲအၿပီးမွာေတာ့ သူတို႔ဟာ ၿပိဳင္ဖက္အသင္းကို ႏွစ္ဂိုး၊ တစ္ဂိုးနဲ႔ ရႈံးနိမ့္သြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ ပြဲၿပီးရလဒ္ေၾကာင့္ အမွတ္ေပးဇယားမွာ ထိပ္ဆုံးကရပ္တည္ေနတဲ့ မန္စီးတီးအသင္းဟာ လက္က်န္ပြဲစဥ္ေတြမၿပီးခင္မွာဘဲ (၂၀၂၀-၂၁)ခုႏွစ္ေဘာလုံးရာသီရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရရွိသြားပါတယ္။
ယူႏိုက္တက္အသင္းဟာ ေနာက္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာစာ ေသခ်ာေနၿပီးျဖစ္ေပမယ့္ အစဥ္အလာအရ အသင္းရဲ႕ခါးသီးၿပိဳင္ဘက္ျဖစ္ေနတဲ့ လီဗာပူးလ္နဲ႔ပြဲမွာ ဒဏ္ရာသက္သာလာျခင္းမရွိေသးတဲ့ မက္ဂြိဳင္းယား ေၾကာင့္ ေနာက္တန္း ခံစစ္ေနရာမွာ ဘယ္သူ႔ကိုေ႐ြးခ်ယ္ပြဲထြက္ေစမလဲဆိုတာက ဆိုးလ္ရွား အတြက္ အေတာ့္ကိုစဥ္းစားရက်ပ္ေနမွာပါ။ လီဗာပူးလ္ အသင္းရဲ႕ လက္ရွိအေနအထားကလည္း လက္က်န္ပြဲေတြ အားလုံးအႏိုင္ရဖို႔ လိုအပ္ေနၿပီး တစ္ပြဲပြဲမွာသာ ေျခေခ်ာ္သြားခဲ့မယ္ဆိုရင္ ေနာက္ရာသီမွာ ဥေရာပၿပိဳင္ပြဲေတြ တစ္ခုကိုမွ ဝင္ခြင့္ရဖို႔ မျဖစ္ႏိုင္ေတာ့တဲ့ အေနအထားရွိေနတာေၾကာင့္ ပြဲစဥ္တိုင္းကို အႏိုင္ရယူဖို႔ ျပင္ဆင္လာမွာ ေသခ်ာပါတယ္။
လီဗာပူးလ္နဲ႔ ပြဲမွာ ဂိုးသမားေနရာမွာ ဒီဂီယာ အစား ဟန္ဒါဆင္ကို ပြဲထြက္လာေစမယ္လို႔ ယူဆရပါတယ္။ အဲရစ္ဘိုင္လီကို ဗဟိုခံစစ္ေနရာမွာ ကစားေစႏိုင္ၿပီး ဆိုလ္ရွားရဲ႕ စိတ္ႀကိဳက္ကစားသမားေတြျဖစ္တဲ့ ဝမ္ဘစ္ဆာကာ၊ လင္ဒီေလာ့ဖ္၊ လုေရွာ တို႔နဲ႔ ယူႏိုက္တက္ေနာက္တန္းေနရာကို ပုံေဖာ္လာႏိုင္ပါတယ္။ ကြင္းလယ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္၊ ေပါ့ဘာ၊ ဖရက္ဒ္၊ မက္တိုမီေနး တို႔နဲ႔သာ ပြဲထြက္ေစမယ္လို႔ ေမွ်ာ္လင္လို႔ရၿပီး ဗန္ဒီဘိခ္ကိုေတာ့ ဒီပြဲမွာ ပြဲထြက္ခြင့္ရႏိုင္မယ္လို႔မထင္ပါဘူး။ ေရွ႕တန္းမွေတာ့ာ မားကပ္စ္ရပ္ရွ္ဖို႔ဒ္နဲ႔ ေလ့က်င့္ခန္းဆင္လာၿပီျဖစ္တဲ့ မာရွယ္ကိုသာသုံးမယ့္အစား ကာဗာနီနဲ႔ ဂရင္းဝုဒ္တို႔ကိုပြဲထြက္ခြင့္ေပးတာကမွ ယူႏိုက္တက္အသင္းအတြက္ ဂိုးရရွိႏိုင္မယ့္အခြင့္အေရးရွိႏိုင္ပါတယ္။