အမှတ်ပေးဇယား အနေအထားကို အလောမကြီးသေးတဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါး အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲ(၅)ပွဲမှာ (၄)ပွဲ ရှုံးနိမ့်ထားခဲ့ပြီး ဒီဇင်ဘာလ အစောပိုင်းက အမှတ်ပေးဇယား ထိပ်ဆုံးနေရာကနေ အခုဆိုရင် အဆင့်(၉)နေရာထိ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ နည်းပြ မော်ရင်ဟိုကတော့အမှတ်ပေးဇယားကို ကြည့်ဖို့က စောလွန်းသေးပြီး၊ အသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ ရာသီအကုန်မှာ ချန်ပီယံလိဂ်ကစားခွင့်ဖြစ်တဲ့ အဆင့်-၄ အတွင်းဝင်ရောက်ဖို့ကို သေချာလုပ်ဆောင်ရမယ်လို့ ပြောထားပါတယ်။

အမှတ်ပေးဇယားထိပ်ဆုံး မန်စီးတီးအသင်းနဲ့ အမှတ် ၂၀ အထိ ကွာဟနေတာကြောင့် ချန်ပီယံဖြစ်ဖို့ မလွယ်ကူတော့ပေမယ့် အဆင့်-၄ နေရာက ချဲလ်ဆီးအသင်းနဲ့ ၆ မှတ်သာ ကွာ ဟနေပါတယ်။ နည်းပြမော်ရင်ဟို က “အမှတ်ပေးဇယားအကြောင်းကို စဉ်းစားဖို့ အချိန်မတန်သေးပါဘူး။လက်ထဲမှာ ပွဲတွေကစားဖို့ ရှိနေဆဲပါ။ကျွန်တော်တို့အနေနဲ့ လီဗာပူးလ်၊ ချယ်လ်ဆီး၊ မန်စီးတီး တို့နဲ့ ပွဲစဉ်(၂)ပွဲလုံး ကစားပြီးပါပြီ။အဲဒါကြောင့် ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်ရမှာပါ။”

“တူညီတဲ့ ပုံစံတွေနဲ့ ဂိုးတွေပေးခဲ့ရပြီး ၃ ပွဲဆက်ရှုံးခဲ့တာက အသင်းကို ထိခိုက်စေခဲ့ပါတယ်။ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အချိန်ယူပြီး သေချာလုပ်ဆောင်ရပါမယ်”

“ရာသီအကုန်မှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ အနေနဲ့ ထိပ်ဆုံး(၄)သင်းဝင်ပြီး အဆုံးသတ်နိုင်သလို၊ ထိပ်ဆုံး(၆)သင်း ဒါမှမဟုတ် ထိပ်ဆုံး(၆)သင်းရဲ့အပြင်ကိုလည်း ရောက်သွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်အဆုံးသတ်မှာ တော့ ကိုယ်နဲ့ ထိုက်တန်တာကို ပဲပြန်ရပါတယ်”လို့ ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အမွတ္ေပးဇယား အေနအထားကို အေလာမႀကီးေသးတဲ့ေမာ္ရင္ဟို

စပါး အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ အမွတ္ေပးပြဲ(၅)ပြဲမွာ (၄)ပြဲ ရႈံးနိမ့္ထားခဲ့ၿပီး ဒီဇင္ဘာလ အေစာပိုင္းက အမွတ္ေပးဇယား ထိပ္ဆုံးေနရာကေန အခုဆိုရင္ အဆင့္(၉)ေနရာထိ ေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။ နည္းျပ ေမာ္ရင္ဟိုကေတာ့အမွတ္ေပးဇယားကို ၾကည့္ဖို႔က ေစာလြန္းေသးၿပီး၊ အသင္းရဲ႕ လက္ရွိေျခစြမ္းနဲ႔ ရာသီအ ကုန္မွာ ခ်န္ပီယံလိဂ္ကစားခြင့္ျဖစ္တဲ့ အဆင့္-၄ အတြင္းဝင္ေရာက္ဖို႔ကို ေသခ်ာလုပ္ ေဆာင္ရမယ္လို႔ ေျပာထားပါတယ္။

အမွတ္ေပးဇယားထိပ္ဆုံး မန္စီးတီးအသင္းနဲ႔ အမွတ္ ၂၀ အထိ ကြာဟေနတာေၾကာင့္ ခ်န္ပီယံျဖစ္ဖို႔ မလြယ္ကူေတာ့ေပမယ့္ အဆင့္-၄ ေနရာက ခ်ဲလ္ဆီးအသင္းနဲ႔ ၆ မွတ္သာ ကြာ ဟေနပါတယ္။ နည္းျပေမာ္ရင္ဟို က “အမွတ္ေပးဇယားအေၾကာင္းကို စဥ္းစားဖို႔ အခ်ိန္မတန္ေသးပါဘူး။လက္ထဲမွာ ပြဲေတြကစားဖို႔ ရွိေနဆဲပါ။ကြၽန္ေတာ္တို႔အေနနဲ႔ လီဗာပူးလ္၊ ခ်ယ္လ္ဆီး၊ မန္စီးတီး တို႔နဲ႔ ပြဲစဥ္(၂)ပြဲလုံး ကစားၿပီးပါၿပီ။အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ ဆက္လက္တိုက္ပြဲဝင္ရမွာပါ။”

“တူညီတဲ့ ပုံစံေတြနဲ႔ ဂိုးေတြေပးခဲ့ရၿပီး ၃ ပြဲဆက္ရႈံးခဲ့တာက အသင္းကို ထိခိုက္ေစခဲ့ပါတယ္။ရာသီအကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔အတြက္ အခ်ိန္ယူၿပီး ေသခ်ာလုပ္ေဆာင္ရပါမယ္” “ရာသီအကုန္မွာ ဘာမဆိုျဖစ္ႏိုင္ပါတယ္။ကြၽန္ေတာ္တို႔ အ​ေနနဲ႔ ထိပ္ဆုံး(၄)သင္းဝင္ၿပီး အဆုံးသတ္ႏိုင္သလို၊ ထိပ္ဆုံး(၆)သင္း ဒါမွမဟုတ္ ထိပ္ဆုံး(၆)သင္းရဲ႕အျပင္ကိုလည္း ေရာက္သြားႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္အဆုံးသတ္မွာ ​ေတာ့ ကိုယ္နဲ႔ ထိုက္တန္တာကို ပဲျပန္ရပါတယ္”လို႔ ေျပာခဲ့ပါတယ္။