ယူနိုက်တက်မှာ ပေါ့ဂ်ဘာ သာ အကောင်းဆုံးလို့ WhoScored ရွေးချယ်…..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းက ကြားရက်ပွဲစဉ်မှာ ဘန်လေအသင်းကို ၁ ဂိုး – ဂိုး မရှိ အနိုင်ရရှိပြီး အမှတ်ပေးဇယား အဆင့် ( ၁ ) နေရာကို တက်လှမ်းနိုင်ခဲ့တယ်။ မန်ချက်စတာ စီးတီးအသင်းကလည်း ဘရိုက်တန်အသင်းကို ဖီးလ် ဖိုဒင်ရဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်က အသင်းတွေကို ဆက်လက် ဖိအားပေးထားနိုင်ခဲ့ ပါတယ်။ အခုအချိန်ဟာ ပရီမီးယားလိဂ် ပြိုင်ပွဲရဲ့ ဇယားထိပ်ပိုင်း ပြိုင်ဆိုင်မှုပြင်းထန်နေချိန်ဖြစ်ပြီး ယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်ပွဲစဉ်ဟာလည်းဇယားထိပ်ပိုင်းအပြောင်းအလဲဖြစ်သွားနိုင်မလား၊ ယူနိုက်တက်အသင်းကပဲ ဆက်လက်ဦးဆောင်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့အသင်းက ခြေစွမ်းတည်ငြိမ်လာတဲ့မန်စီးတီး အသင်းရဲ့ ဖိအားပေးနိုင်မှုပါ။

WhoScored ရဲ့ ပရီးမီးယားလိဂ် တစ်ပတ်တာအကောင်းဆုံးအသင်း ရွေးချယ်ထားမှုကိုကြည့်ရင် မန်စီးတီးအသင်းဟာ နေရာ အလိုက် အသင်းသားတွေရဲ့ စွမ်းဆောင်ရည်တွေအရ ကစားသမား (၄)ဦးတောင်ရွေးချယ်ခံတထားရတာကိုတွေ့နိုင်ပြီး ကိုရိုနာ ဗိုင်းရပ်ကြောင့် မန်စီးတီးအသင်းဟာ အဓိက ကစားသမားအချို့ ပွဲမကစားနိုင်သေးပေမယ့် သူတို့ အသင်းရဲ့ လက်ရှိလူစားရင်းအရကတော့ ပရီမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲမှာ အကောင်းဆုံးအသင်းဖြစ်နေသေးတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

ဂိုးသမား – အာရီယိုလာ ( ဖူလ်ဟမ် ) – ၇.၄၀ ၊ ဖူလ်ဟမ် အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက Tottenham Hotspur Stadium မှာ စပါးအသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တယ်။ အာရီယိုလာက ဟယ်ရီကိန်းရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပေမယ့် ကာကွယ်မှု ( ၅ ) ကြိမ် ပြုလုပ်ပြီး ဖူလ်ဟမ်အသင်းကို သရေတစ်မှတ် ရရှိအောင် ကူညီပေးခဲ့ပါတယ်။

နောက်တန်း – ကန်ဆယ်လို ( မန်စီးတီး ) – ၇.၅၈ ၊ ဘရိုက်တန်အသင်းကို တစ်ဂိုး – ဂိုးမရှိ အနိုင်ရခဲ့တဲ့ ပက် ဂွာဒီယိုလာရဲ့ အသင်းမှာ ကန်ဆယ်လိုက ခြေစွမ်းပြ ကစားနိုင်ခဲ့တယ်။ ပေါ်တူဂီ လက်ရွေးစင်က WhoScored ရဲ့ စွမ်းဆောင်ရည် သတ်မှတ်ချက် ၇.၅၈ ထိ ရရှိခဲ့ပြီး ဘောလုံးကို ကောင်းစွာ ဖြန့်ဝေပေးနိုင်သလို ၊ dribble ( ၃ ) ကြိမ် ၊ tackle ( ၂ ) ကြိမ် နဲ့ ခံစစ်ပိုင်းမှာ ကျစ်ကျစ်လျစ်လျစ် ကစားနိုင်ခဲ့ပြီး မန်စီးတီးအသင်းကို ဒီရာသီအတွင်း ( ၈ ) ပွဲမြောက် clean sheet ရရှိအောင် ကူညီပေးခဲ့ပါတယ်။

အီသန် အမ်ပဒူ ( ရှက်ဖီး ယူနိုက်တက် ) – ၈.၃၇ ၊ ပွဲစဉ် ( ၁၈ ) မှာတော့ ရှက်ဖီး ယူနိုက်တက် အသင်းက နယူးကာဆယ်ကို ( 1-0 ) နဲ့ အနိုင်ယူပြီး ဒီရာသီ ပထမဆုံးပရီးမီးယားလိဂ် နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။ အမ်ပဒူ က နယူးကာဆယ် တိုက်စစ်ကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့ပြီး အဆိုပါ ပွဲစဉ်ရဲ့ man of the match ဆု ရခဲ့ပါတယ်။ clearance ( ၄ ) ကြိမ် ၊ interceptions ( ၄ ) ကြိမ် နှင့် tackle ( ၃ ) ကြိမ် ပြုလုပ်ခဲ့ပြီး WhoScored ရဲ့ စွမ်းဆောင်ရည် သတ်မှန်ချက် ( ၈.၃၇ ) ထိ ရရှိခဲ့ပါတယ်။

မိုက်ကယ် ကိန်း ( အဲဗာတန် ) – ၈ . ၁၇ ၊ ဝုဗ်အသင်းကို ၂ဂိုး – ၁ဂိုး အနိုင်ရှိခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့တဲ့ မိုင်ကယ် ကိန်းက WhoScored ရဲ့ စွမ်းဆောင်ရည် သတ်မှတ်ချက် ၈.၁၇ နဲ့ တစ်ပတ်တာ အကောင်းဆုံး အသင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဆာဂျီယို ရက်ဂီလွန် ( တော့တင်ဟမ် ) – ၇.၈၇ ၊ စပါးအသင်းက ကြားရက်မှာ ဖူလ်ဟမ်အသင်းကို အနိုင်မရခဲ့ပေမယ့် ရက်ဂီလွန်က man of the match စွမ်းဆောင်ရည် ပြသခဲ့တယ်။ဟယ်ရီကိန်းရဲ့ အဖွင့်ဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ clearance ( ၄ ) ကြိမ် ၊ interception ( ၄ ) ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ရက်ဂီလွန်က WhoScored ရဲ့ စွမ်းဆောင်ရည် သတ်မှတ်ချက် ( ၇.၈၉ ) ထိ ရရှိခဲ့ပါတယ်။

ကွင်းလယ် – အဲလက် အီယိုဘီ ( အဲဗာတန်) – ၈.၀၆ ၊ အီယိုဘီက ဝုဗ်အသင်းကို ၂ဂိုး – ၁ဂိုး အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဒီရာသီ သူ့ရဲ့ ပထမဆုံး သွင်းဂိုးကို ရယူပေးခဲ့တယ်။ အီယိုဘီက အဆိုပါ ပွဲစဉ်မှာ ဂိုးပေါက် ကန်သွင်းမှု ( ၃ ) ကြိမ် ပြုလုပ်နိုင်ခဲ့သလို ၊ dribbles အောင်မြင်မှုကလည်း ( ၄ ) ကြိမ်ထိ ရှိခဲ့ပါတယ်။

ပေါလ် ပေါ့ဘာ ( ယူနိုက်တက် ) – ၈.၉၀ ၊ မန်ချက်စတာ ယူနိုက်တက်အသင်းက ဘန်လေအသင်းကို အနိုင်ရရှိပြီးနောက် ၁၂၂၁ ရက်အတွင်း ပထမဆုံးအကြိမ် အမှတ်ပေးဇယား အဆင့် ( ၁ ) နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှ တစ်လုံးတည်းသော အနိုင်ဂိုးကို ပေါ့ဘာက သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် key passes ( ၂ ) ကြိမ် ၊ tackle ( ၂ ) ကြိမ် ၊ clearance ( ၅ ) ကြိမ် ၊ နှင့် interceptions ( ၂ ) ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့အတွက် WhoslScored ရဲ့ စွမ်းဆောင်ရည် သတ်မှတ်ချက် ( ၈.၉၀ ) ထိရရှိခဲ့ပါတယ်။

ကီဗင် ဒီဘရိုင်းနား ( မန်စီးတီး ) – ၈.၅၁ ၊ ဘယ်လ်ဂျီယံ လက်ရွေးစင်က ဘရိုက်တန်ကို ၁ ဂိုး – ဂိုး မရှိ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ key passes ( ၃ ) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး ဒီရာသီသူ့ရဲ့ ( ၉ ) ကြိမ်မြောက် assist အဖြစ် ဖီးလ် ဖိုဒင်ရဲ့ အနိုင်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ dribbles ( ၄ ) ကြိမ်အောင်မြင်ခဲ့ပြီး tackle ( ၃ ) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ရှေ့တန်း – ဖီးလ် ဖိုဒင် ( မန်စီးတီး) – ၇. ၉၅ ၊ ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တယ်။ ဂိုးကန်သွင်းမှု ( ၂ ) ကြိမ် ၊ key passes ( ၂ ) ကြိမ် နှင့် dribbles ( ၂ ) ကြိမ် အောင်မြင်ခဲ့တဲ့အတွက် WhoScored ရဲ့ စွမ်းဆောင်ရည် သတ်မှတ်ချက် ( ၇.၉၅ ) ထိ ရရှိခဲ့ပါတယ်။

ဘာနာဒို ဆေးလ်ဗား ( မန်စီးတီး ) – ၇.၇၆ ၊ ပက် ဂွာဒီယိုလာက ပြီးခဲ့တဲ့အပတ်တွေမှာ တိုက်စစ်မှူးစစ်စစ် မပါပဲ ကစားလေ့ရှိခဲ့တယ်။ ဗုဒ္ဓဟူးနေ့က ပွဲစဉ်မှာလည်း အဆိုပါနည်းလမ်းကို အသုံးပြုခဲ့ပြီး ဘာနာဒိုကို ဦးဆောင်စေခဲ့တယ်။ တိုက်စစ်မှာနေပြီး tackles ( ၂ ) ကြိမ် ၊ interceptions ( ၂ ) ကြိမ် ပြုလုပ်နိုင်ခဲ့သလို dribbles ( ၄ ) ကြိမ် အောင်မြင်ခဲ့ပါတယ်။

အိုင်ဗန် ကာဗာလီရို ( ဖူလ်ဟမ် ) – ၇.၅၁ ၊ စပါးအသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျတဲ့ ပွဲစဉ်မှာဖူလ်ဟမ်အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့တယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္မွာ ေပါ့ဂ္ဘာ သာ အေကာင္းဆံုးလို႕ WhoScored ေရြးခ်ယ္…..

မန္ခ်က္စတာယူႏိုက္တက္အသင္းက ၾကားရက္ပြဲစဥ္မွာ ဘန္ေလအသင္းကို ၁ ဂိုး – ဂိုး မရွိ အႏိုင္ရရွိၿပီး အမွတ္ေပးဇယား အဆင့္ ( ၁ ) ေနရာကို တက္လွမ္းႏိုင္ခဲ့တယ္။ မန္ခ်က္စတာ စီးတီးအသင္းကလည္း ဘ႐ိုက္တန္အသင္းကို ဖီးလ္ ဖိုဒင္ရဲ႕ သြင္းဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး အမွတ္ေပးဇယားထိပ္က အသင္းေတြကို ဆက္လက္ ဖိအားေပးထားႏိုင္ခဲ့ ပါတယ္။ အခုအခ်ိန္ဟာ ပရီမီးယားလိဂ္ ၿပိဳင္ပြဲရဲ႕ ဇယားထိပ္ပိုင္း ၿပိဳင္ဆိုင္မႈျပင္းထန္ေနခ်ိန္ျဖစ္ၿပီး ယူႏိုက္တက္အသင္းနဲ႔ လီဗာပူးလ္ပြဲစဥ္ဟာလည္းဇယားထိပ္ပိုင္းအေျပာင္းအလဲျဖစ္သြားႏိုင္မလား၊ ယူႏိုက္တက္အသင္းကပဲ ဆက္လက္ဦးေဆာင္ႏိုင္မလားဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။ ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတဲ့အသင္းက ေျခစြမ္းတည္ၿငိမ္လာတဲ့မန္စီးတီး အသင္းရဲ႕ ဖိအားေပးႏိုင္မႈပါ။

WhoScored ရဲ႕ ပရီးမီးယားလိဂ္ တစ္ပတ္တာအေကာင္းဆုံးအသင္း ေ႐ြးခ်ယ္ထားမႈကိုၾကည့္ရင္ မန္စီးတီးအသင္းဟာ ေနရာ အလိုက္ အသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္ေတြအရ ကစားသမား (၄)ဦးေတာင္ေ႐ြးခ်ယ္ခံတထားရတာကိုေတြ႕ႏိုင္ၿပီး ကို႐ိုနာ ဗိုင္းရပ္ေၾကာင့္ မန္စီးတီးအသင္းဟာ အဓိက ကစားသမားအခ်ိဳ႕ ပြဲမကစားႏိုင္ေသးေပမယ့္ သူတို႔ အသင္းရဲ႕ လက္ရွိလူစားရင္းအရကေတာ့ ပရီမီးယားလိဂ္အမွတ္ေပးၿပိဳင္ပြဲမွာ အေကာင္းဆုံးအသင္းျဖစ္ေနေသးတယ္ဆိုတာ ေပၚလြင္ေနပါတယ္။

ဂိုးသမား – အာရီယိုလာ ( ဖူလ္ဟမ္ ) – ၇.၄၀ ၊ ဖူလ္ဟမ္ အသင္းဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ညက Tottenham Hotspur Stadium မွာ စပါးအသင္းနဲ႔ တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့တယ္။ အာရီယိုလာက ဟယ္ရီကိန္းရဲ႕ ဦးေဆာင္ဂိုးကို ခြင့္ျပဳခဲ့ရေပမယ့္ ကာကြယ္မႈ ( ၅ ) ႀကိမ္ ျပဳလုပ္ၿပီး ဖူလ္ဟမ္အသင္းကို သေရတစ္မွတ္ ရရွိေအာင္ ကူညီေပးခဲ့ပါတယ္။

ေနာက္တန္း – ကန္ဆယ္လို ( မန္စီးတီး ) – ၇.၅၈ ၊ ဘ႐ိုက္တန္အသင္းကို တစ္ဂိုး – ဂိုးမရွိ အႏိုင္ရခဲ့တဲ့ ပက္ ဂြာဒီယိုလာရဲ႕ အသင္းမွာ ကန္ဆယ္လိုက ေျခစြမ္းျပ ကစားႏိုင္ခဲ့တယ္။ ေပၚတူဂီ လက္ေ႐ြးစင္က WhoScored ရဲ႕ စြမ္းေဆာင္ရည္ သတ္မွတ္ခ်က္ ၇.၅၈ ထိ ရရွိခဲ့ၿပီး ေဘာလုံးကို ေကာင္းစြာ ျဖန႔္ေဝေပးႏိုင္သလို ၊ dribble ( ၃ ) ႀကိမ္ ၊ tackle ( ၂ ) ႀကိမ္ နဲ႔ ခံစစ္ပိုင္းမွာ က်စ္က်စ္လ်စ္လ်စ္ ကစားႏိုင္ခဲ့ၿပီး မန္စီးတီးအသင္းကို ဒီရာသီအတြင္း ( ၈ ) ပြဲေျမာက္ clean sheet ရရွိေအာင္ ကူညီေပးခဲ့ပါတယ္။

အီသန္ အမ္ပဒူ ( ရွက္ဖီး ယူႏိုက္တက္ ) – ၈.၃၇ ၊ ပြဲစဥ္ ( ၁၈ ) မွာေတာ့ ရွက္ဖီး ယူႏိုက္တက္ အသင္းက နယူးကာဆယ္ကို ( 1-0 ) နဲ႔ အႏိုင္ယူၿပီး ဒီရာသီ ပထမဆုံးပရီးမီးယားလိဂ္ ႏိုင္ပြဲ ရရွိသြားခဲ့ပါတယ္။ အမ္ပဒူ က နယူးကာဆယ္ တိုက္စစ္ကို အေကာင္းဆုံး ဟန႔္တားႏိုင္ခဲ့ၿပီး အဆိုပါ ပြဲစဥ္ရဲ႕ man of the match ဆု ရခဲ့ပါတယ္။ clearance ( ၄ ) ႀကိမ္ ၊ interceptions ( ၄ ) ႀကိမ္ ႏွင့္ tackle ( ၃ ) ႀကိမ္ ျပဳလုပ္ခဲ့ၿပီး WhoScored ရဲ႕ စြမ္းေဆာင္ရည္ သတ္မွန္ခ်က္ ( ၈.၃၇ ) ထိ ရရွိခဲ့ပါတယ္။

မိုက္ကယ္ ကိန္း ( အဲဗာတန္ ) – ၈ . ၁၇ ၊ ဝုဗ္အသင္းကို ၂ဂိုး – ၁ဂိုး အႏိုင္ရွိခဲ့တဲ့ ပြဲစဥ္မွာ သြင္းဂိုးတစ္ဂိုး ရယူႏိုင္ခဲ့တဲ့ မိုင္ကယ္ ကိန္းက WhoScored ရဲ႕ စြမ္းေဆာင္ရည္ သတ္မွတ္ခ်က္ ၈.၁၇ နဲ႔ တစ္ပတ္တာ အေကာင္းဆုံး အသင္းမွာ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။

ဆာဂ်ီယို ရက္ဂီလြန္ ( ေတာ့တင္ဟမ္ ) – ၇.၈၇ ၊ စပါးအသင္းက ၾကားရက္မွာ ဖူလ္ဟမ္အသင္းကို အႏိုင္မရခဲ့ေပမယ့္ ရက္ဂီလြန္က man of the match စြမ္းေဆာင္ရည္ ျပသခဲ့တယ္။ဟယ္ရီကိန္းရဲ႕ အဖြင့္ဂိုးကိုလည္း ဖန္တီးေပးခဲ့ပါတယ္။ clearance ( ၄ ) ႀကိမ္ ၊ interception ( ၄ ) ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တဲ့ ရက္ဂီလြန္က WhoScored ရဲ႕ စြမ္းေဆာင္ရည္ သတ္မွတ္ခ်က္ ( ၇.၈၉ ) ထိ ရရွိခဲ့ပါတယ္။

ကြင္းလယ္ – အဲလက္ အီယိုဘီ ( အဲဗာတန္) – ၈.၀၆ ၊ အီယိုဘီက ဝုဗ္အသင္းကို ၂ဂိုး – ၁ဂိုး အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ဒီရာသီ သူ႔ရဲ႕ ပထမဆုံး သြင္းဂိုးကို ရယူေပးခဲ့တယ္။ အီယိုဘီက အဆိုပါ ပြဲစဥ္မွာ ဂိုးေပါက္ ကန္သြင္းမႈ ( ၃ ) ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့သလို ၊ dribbles ေအာင္ျမင္မႈကလည္း ( ၄ ) ႀကိမ္ထိ ရွိခဲ့ပါတယ္။

ေပါလ္ ေပါ့ဘာ ( ယူႏိုက္တက္ ) – ၈.၉၀ ၊ မန္ခ်က္စတာ ယူႏိုက္တက္အသင္းက ဘန္ေလအသင္းကို အႏိုင္ရရွိၿပီးေနာက္ ၁၂၂၁ ရက္အတြင္း ပထမဆုံးအႀကိမ္ အမွတ္ေပးဇယား အဆင့္ ( ၁ ) ေနရာကို တက္လွမ္းႏိုင္ခဲ့ပါတယ္။ အဆိုပါ ပြဲစဥ္မွ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ေပါ့ဘာက သြင္းယူခဲ့ပါတယ္။ ဒါ့အျပင္ key passes ( ၂ ) ႀကိမ္ ၊ tackle ( ၂ ) ႀကိမ္ ၊ clearance ( ၅ ) ႀကိမ္ ၊ ႏွင့္ interceptions ( ၂ ) ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တဲ့အတြက္ WhoslScored ရဲ႕ စြမ္းေဆာင္ရည္ သတ္မွတ္ခ်က္ ( ၈.၉၀ ) ထိရရွိခဲ့ပါတယ္။

ကီဗင္ ဒီဘ႐ိုင္းနား ( မန္စီးတီး ) – ၈.၅၁ ၊ ဘယ္လ္ဂ်ီယံ လက္ေ႐ြးစင္က ဘ႐ိုက္တန္ကို ၁ ဂိုး – ဂိုး မရွိ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ key passes ( ၃ ) ႀကိမ္ထိ ျပဳလုပ္ႏိုင္ခဲ့ၿပီး ဒီရာသီသူ႔ရဲ႕ ( ၉ ) ႀကိမ္ေျမာက္ assist အျဖစ္ ဖီးလ္ ဖိုဒင္ရဲ႕ အႏိုင္ဂိုးကို ဖန္တီးေပးခဲ့ပါတယ္။ dribbles ( ၄ ) ႀကိမ္ေအာင္ျမင္ခဲ့ၿပီး tackle ( ၃ ) ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ေရွ႕တန္း – ဖီးလ္ ဖိုဒင္ ( မန္စီးတီး) – ၇. ၉၅ ၊ ဘ႐ိုက္တန္ကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တယ္။ ဂိုးကန္သြင္းမႈ ( ၂ ) ႀကိမ္ ၊ key passes ( ၂ ) ႀကိမ္ ႏွင့္ dribbles ( ၂ ) ႀကိမ္ ေအာင္ျမင္ခဲ့တဲ့အတြက္ WhoScored ရဲ႕ စြမ္းေဆာင္ရည္ သတ္မွတ္ခ်က္ ( ၇.၉၅ ) ထိ ရရွိခဲ့ပါတယ္။

ဘာနာဒို ေဆးလ္ဗား ( မန္စီးတီး ) – ၇.၇၆ ၊ ပက္ ဂြာဒီယိုလာက ၿပီးခဲ့တဲ့အပတ္ေတြမွာ တိုက္စစ္မႉးစစ္စစ္ မပါပဲ ကစားေလ့ရွိခဲ့တယ္။ ဗုဒၶဟူးေန႔က ပြဲစဥ္မွာလည္း အဆိုပါနည္းလမ္းကို အသုံးျပဳခဲ့ၿပီး ဘာနာဒိုကို ဦးေဆာင္ေစခဲ့တယ္။ တိုက္စစ္မွာေနၿပီး tackles ( ၂ ) ႀကိမ္ ၊ interceptions ( ၂ ) ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့သလို dribbles ( ၄ ) ႀကိမ္ ေအာင္ျမင္ခဲ့ပါတယ္။

အိုင္ဗန္ ကာဗာလီ႐ို ( ဖူလ္ဟမ္ ) – ၇.၅၁ ၊ စပါးအသင္းနဲ႔ တစ္ဖက္တစ္ဂိုးစီ သေရက်တဲ့ ပြဲစဥ္မွာဖူလ္ဟမ္အသင္းအတြက္ ေခ်ပဂိုး သြင္းယူေပးခဲ့တယ္။