အမှတ်ကွာဟချက်ကျဉ်းမြောင်းဖို့ စီးတီးကို အကူအညီပေးနိုင်မယ့် လီဗာပူးရဲ့အားနည်းချက်ကို ထောက်ပြလိုက်တဲ့ နီကိုလပ်စ်

Photo Credit

Photo Credit

လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိတဲ့လီဗာပူးအသင်းအနေနဲ့ အမှတ်တွေလျော့ကျကာ လက်ရှိချန်ပီယံစီးတီးကို အခွင့်အရေးပေးသလိုဖြစ်သွားစေမယ့် အားနည်းချက်ရှိနေတယ်လို့ စကိုင်းစပို့တ်သတင်းဌာနရဲ့ဘောလုံးရေးရာကျွမ်းကျင်သူ ချာလီနီကိုလပ်စ်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit

လီဗာပူးဟာ ယခုရာသီပရီးမီးယားလိဂ်ကို အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့ပြီး ပွဲစဉ် ၈အပြီးမှာ ရာနှုန်းပြည့်အနိုင်နဲ့အတူ ဒုတိယနေရာက စီးတီးကို ၈မှတ်ဖြတ်ထားပါတယ်။ စီးတီးကတော့ သရေ၁ပွဲ၊ ရှုံးပွဲ ၂ပွဲနဲ့အတူ မထင်မှတ်ဘဲ ရမှတ်တွေလျော့ကျခဲ့ပြီး တော့တင်ဟမ်နဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ဂိုးပေါက်ကန်သွင်းမှုအကြိမ ၃၀အထိရှိခဲ့ပါတယ်။

Photo Credit

နောက်တော့ တန်းတက်နောဝစ်ချ်ကို မထင်မှတ်ဘဲ ၃-၂ ဂိုးနဲ့အရေးနိမ့်ခဲ့ရသလို နိုင်ငံတကာပွဲတွေမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း ဝုဗ်က ဘောလုံးပိုင်ဆိုင်မှု ၂၄ရာခိုင်နှုန်းပဲရှိပေမယ့် အိမ်ရှင်စီးတီးကို ၂ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit

ဒါပေမဲ့ စကော့တလန်နဲ့ ဆဲလ်တစ်တိုက်စစ်မှူးဟောင်း နီကိုလပ်စ်ကတော့ စီးတီးဟာ လီဗာပူးနဲ့အမှတ်ကွာဟမှုကို လျှော့ချနိုင်ဖို့ ရရှိလာမယ့်အခွင့်အရေးကို အမိအရဖမ်းဆုပ်နိုင်ဖို့ လုံလောက်တဲ့အရည်အသွေးရှိကြောင်းနဲ့ လီဗာပူးလည်း တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်တင်နိုင်လိမ့်မယ်လို့လည်း မထင်ကြောင်း ဆိုပါတယ်။

Photo Credit

နီကိုလပ်စ်က လီဗာပူးအသင်းရဲ့ခံစစ်က မနှစ်ကအတိုင်းလူစာရင်းအပြောင်းအလဲသိပ်မရှိပေမယ့် ဒီရာသီမှာ မနှစ်ကလောက်တောင့်တင်းမှုမျိုးမရှိသေးကြောင်း ဆိုပါတယ်။ ”လီဗာပူးဟာ မနှစ်ကရေပက်မဝင်အောင် ကောင်းခဲ့တဲ့ခံစစ်မျိုး ဒီရာသီမှာမပိုင်ဆိုင်သေးပါဘူး။ လက်စတာ၊ ရှက်ဖီးလ်တို့နဲ့ပွဲတွေမှာလည်း ရုန်းကန်ခဲ့ရပါတယ်”

Photo Credit

”ဒီလိုဟန်ချက်မျှတမရှိတာက သူတို့အတွက် ပေးဆပ်မှုကြီးမားလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီကဆိုရင်လည်း သူတို့ဟာ ရှေ့ကနေ ပြေးနိုင်ခဲ့ပေမယ့် ဂွါဒီယိုလာကတော့ သူ့စီးတီးအသင်းသားတွေကို အကောင်းဆုံးမောင်းနှင်နိုင်ခဲ့ပါတယ်။ လီဗာပူးလည်း ဒီရာသီမှာ အမှတ်လျော့ကျဖို့ များနေပြီး စီးတီးက အမှတ်ကွာဟနေမှုကို လျှော့ချနိုင်လိမ့်မယ်လို့ ထင်ပါတယ်”လို့ နီကိုလပ်စ်က ပြောပါတယ်။

Photo Credit

လီဗာပူးဟာ နိုင်ငံတကာရက်သတ္တပတ်အပြီး ပွဲကျပ်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လာမယ့်ရက်သတ္တပတ်အကုန်မှာ ယူနိုက်တက်နဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ကာ ကြားရက်မှာ ဂျန့်အသင်းနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲဆက်ကစားရမှာဖြစ်ပါတယ်။

Photo Credit

အဲဒီနောက် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး တစ်ပတ်ကျော်ကြားရက်မှာ လိဂ်ဖလားပွဲစဉ်အဖြစ် အာဆင်နယ်အသင်းကို အိမ်ကွင်းမှာပဲ ထပ်မံဧည့်ခံရမှာဖြစ်ပါတယ်။ ပြီးတော့ နိုဝင်ဘာလ ၁၀ရက်နေ့မှာ စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပါတယ်။

 

Photo Credit

Zawgyi

အမွတ္ကြာဟခ်က္က်ဥ္းေျမာင္းဖုိ႔ စီးတီးကို အကူအညီေပးႏိုင္မယ့္ လီဗာပူးရဲ႕အားနည္းခ်က္ကို ေထာက္ျပလိုက္တဲ့ နီကိုလပ္စ္

လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဦးေဆာင္လ်က္ရွိတဲ့လီဗာပူးအသင္းအေနနဲ႔ အမွတ္ေတြေလ်ာ့က်ကာ လက္ရွိခ်န္ပီယံစီးတီးကို အခြင့္အေရးေပးသလုိျဖစ္သြားေစမယ့္ အားနည္းခ်က္ရိွေနတယ္လုိ႔ စကိုင္းစပို႔တ္သတင္းဌာနရဲ႕ေဘာလုံးေရးရာကၽြမ္းက်င္သူ ခ်ာလီနီကိုလပ္စ္က သုံးသပ္ေျပာဆုိလုိက္ပါတယ္။
လီဗာပူးဟာ ယခုရာသီပရီးမီးယားလိဂ္ကို အေကာင္းဆုံးပုံစံနဲ႔ စတင္ႏိုင္ခဲ့ၿပီး ပြဲစဥ္ ၈အၿပီးမွာ ရာႏႈန္းျပည့္အႏိုင္နဲ႔အတူ ဒုတိယေနရာက စီးတီးကို ၈မွတ္ျဖတ္ထားပါတယ္။ စီးတီးကေတာ့ သေရ၁ပြဲ၊ ႐ံႈးပြဲ ၂ပြဲနဲ႔အတူ မထင္မွတ္ဘဲ ရမွတ္ေတြေလ်ာ့က်ခဲ့ၿပီး ေတာ့တင္ဟမ္နဲ႔ ၂-၂ ဂုိးသေရက်ခဲ့တဲ့ပြဲမွာ ဂိုးေပါက္ကန္သြင္းမႈအႀကိမ ၃၀အထိရွိခဲ့ပါတယ္။
ေနာက္ေတာ့ တန္းတက္ေနာ၀စ္ခ်္ကို မထင္မွတ္ဘဲ ၃-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့ရသလို ႏိုင္ငံတကာပြဲေတြမတုိင္ခင္ ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာလည္း ၀ုဗ္က ေဘာလုံးပိုင္ဆုိင္မႈ ၂၄ရာခုိင္ႏႈန္းပဲရွိေပမယ့္ အိမ္ရွင္စီးတီးကို ၂ဂိုးျပတ္အေရးနိမ့္ခဲ့ရပါတယ္။
ဒါေပမဲ့ စေကာ့တလန္နဲ႔ ဆဲလ္တစ္တုိက္စစ္မွဴးေဟာင္း နီကိုလပ္စ္ကေတာ့ စီးတီးဟာ လီဗာပူးနဲ႔အမွတ္ကြာဟမႈကို ေလွ်ာ့ခ်ႏိုင္ဖို႔ ရရွိလာမယ့္အခြင့္အေရးကို အမိအရဖမ္းဆုပ္ႏိုင္ဖို႔ လုံေလာက္တဲ့အရည္အေသြးရွိေၾကာင္းနဲ႔ လီဗာပူးလည္း တစ္ရာသီလံုး ႐ံႈးပြဲမရွိစံခ်ိန္တင္ႏိုင္လိမ့္မယ္လုိ႔လည္း မထင္ေၾကာင္း ဆုိပါတယ္။
နီကိုလပ္စ္က လီဗာပူးအသင္းရဲ႕ခံစစ္က မႏွစ္ကအတုိင္းလူစာရင္းအေျပာင္းအလဲသိပ္မရွိေပမယ့္ ဒီရာသီမွာ မႏွစ္ကေလာက္ေတာင့္တင္းမႈမ်ိဳးမရွိေသးေၾကာင္း ဆုိပါတယ္။ ”လီဗာပူးဟာ မႏွစ္ကေရပက္မ၀င္ေအာင္ ေကာင္းခဲ့တဲ့ခံစစ္မ်ိဳး ဒီရာသီမွာမပိုင္ဆုိင္ေသးပါဘူး။ လက္စတာ၊ ရွက္ဖီးလ္တို႔နဲ႔ပဲြေတြမွာလည္း ႐ုန္းကန္ခဲ့ရပါတယ္”
”ဒီလိုဟန္ခ်က္မွ်တမရွိတာက သူတုိ႔အတြက္ ေပးဆပ္မႈႀကီးမားလာႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ရာသီကဆိုရင္လည္း သူတုိ႔ဟာ ေရွ႕ကေန ေျပးႏုိင္ခဲ့ေပမယ့္ ဂြါဒီယိုလာကေတာ့ သူ႕စီးတီးအသင္းသားေတြကို အေကာင္းဆုံးေမာင္းႏွင္ႏိုင္ခ့ဲပါတယ္။ လီဗာပူးလည္း ဒီရာသီမွာ အမွတ္ေလ်ာ့က်ဖုိ႔ မ်ားေနၿပီး စီးတီးက အမွတ္ကြာဟေနမႈကို ေလွ်ာ့ခ်ႏိုင္လိမ့္မယ္လုိ႔ ထင္ပါတယ္”လုိ႔ နီကိုလပ္စ္က ေျပာပါတယ္။
လီဗာပူးဟာ ႏိုင္ငံတကာရက္သတၱပတ္အၿပီး ပြဲက်ပ္ေတြနဲ႔ ရင္ဆုိင္ရမွာျဖစ္ၿပီး လာမယ့္ရက္သတၱပတ္အကုန္မွာ ယူႏုိက္တက္နဲ႔အေ၀းကြင္းပြဲကစားရမွာျဖစ္ကာ ၾကားရက္မွာ ဂ်န္႔အသင္းနဲ႔ ခ်န္ပီယံလိဂ္အေ၀းကြင္းပဲြဆက္ကစားရမွာျဖစ္ပါတယ္။
အဲဒီေနာက္ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ စပါးကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ၿပီး တစ္ပတ္ေက်ာ္ၾကားရက္မွာ လိဂ္ဖလားပြဲစဥ္အျဖစ္ အာဆင္နယ္အသင္းကို အိမ္ကြင္းမွာပဲ ထပ္မံဧည့္ခံရမွာျဖစ္ပါတယ္။ ၿပီးေတာ့ ႏို၀င္ဘာလ ၁၀ရက္ေန႔မွာ စီးတီးကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္ပါတယ္။