အမြင်လှအောင်ပဲ စကေးပြတတ်လို့ YouTube ဘောလုံးသမားလို့ တံဆိပ်ကပ်ခံရတဲ့ အန်တိုနီ

အာဆင်နယ်နဲ့ပွဲက သူ့ခြေစွမ်းကြောင့် မန်ယူကြယ်ပွင့်အန်တိုနီဟာ

YouTube ဘောလုံးသမားတစ်ယောက်လို့ ပစ်ပစ်ခါခါတံဆိပ်

ကပ်ခံလိုက်ရပါတယ်။ ၂၂ နှစ်အရွယ် ဘရာဇီးသားဟာ အေဂျက်ကနေ

ပေါင် ၈၆ သန်းနဲ့ ရောက်လာပြီးကတည်းက ပရီးမီးယားလိဂ်မှာ

၃ ဂိုးသွင်းယူထားတာပါ။ ဒါပေမဲ့လည်း အမ်းမရိတ်စ်က

အာဆင်နယ်နဲ့ပွဲမှာ ပွဲထွက်ကန်ခဲ့ရပေမယ့် ထိရောက်တဲ့ခြေစွမ်းမျိုး

မပြနိုင်ခဲ့ပါဘူး။ အဲဒီဘရာဇီးလက်ရွေးစင်ဟာ ပဲလေ့စ်နဲ့သရေကျခဲ့တဲ့

ပွဲအပြီးတုန်းကလည်း အာဆင်နယ်မှာ ထင်တိုင်းမပေါက်ခဲ့တဲ့

နီကိုလက်စ်ပီပီနဲ့ နှိုင်းယှဉ်ခံရပါသေးတယ်။ အခုလည်း ဘောလုံးဝေဖန်

သုံးသပ်သူတစ်ယောက်ဖြစ်တဲ့ စပါးနဲ့ဗီလာတိုက်စစ်မှုးဟောင်း

ဒါရင်းဘန့်က အနှစ်သာရမရှိတဲ့ YouTube ဘောလုံးသမားလို့

ဖောင်းထုခဲ့တာပါ။ ”စကေးကတော့ မျိုးစုံပြတတ်တယ်။

အမြင်လှတာပဲရှိပြီး အနှစ်သာရမရှိဘူးပေါ့။ သူက အဲဒါတွေ

အားလုံးလုပ်တတ်ပေမယ့် တစ်ယောက်မှတော့ မကျော်ဖြတ်နိုင်ဘူး။

တစ်စုံတစ်ယောက်ကို ကျော်ဖြတ်နိုင်ဖို့လုပ်တာမှ မဟုတ်တာ။

ပြီးရင်း ဘောလုံးနဲ့အတူ ပတ်ချာလည် လည့်ပြတယ်ဗျာ”လို့

ဒါရင်းဘန့်က TalkSport သတင်းဌာနမှာ ပြောခဲ့ပါတယ်။

အဲဒီမှာ အစီအစဉ်တင်ဆက်သူဂိုးစတိန်းက မန်ယူတောင်ပံ

ကစားသမားကို YouTube ဘောလုံးသမားတစ်ယောက်လို့

ပြောချင်တာလားလို့ ဒါရင်းဘန့်ကို မေးတော့ သူက

”နည်းနည်းတော့ ဟုတ်ပါတယ်။ အကောင်းဆုံးစကေးပြ

ထားတာတွေကို YouTube မှာ တင်ထားပြီး အဲဒါကို

ကြည့်မိသူက ‘ဝိုး ငါတို့ သူ့ကိုခေါ်နိုင်ခဲ့တာ မယုံနိုင်ဘူး”ဆိုပြီး

အံ့သြတကြီးဖြစ်သွားတယ်။ ဒါပေမဲ့ ဘယ်မှာလည်း အနှစ်သာရ၊

ဘယ်မှာလဲ နောက်ဆုံးရလဒ်။ ကောင်းမွန်တဲ့သွင်းဂိုး ၂ ဂိုးလောက်နဲ့

ယူနိုက်တက်မှာ သူအစကောင်းခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။

ဒါပေမဲ့ ဘယ်မှာလဲနောက်ဆုံးရလဒ်”လို့ ပြန်ဖြေခဲ့တာပါ။

zawgyi

အျမင္လွေအာင္ပဲ စေကးျပတတ္လို႔ YouTube ေဘာလုံးသမားလို႔ တံဆိပ္ကပ္ခံရတဲ့ အန္တိုနီ

အာဆင္နယ္နဲ႔ပြဲက သူ႔ေျခစြမ္းေၾကာင့္ မန္ယူၾကယ္ပြင့္အန္တိုနီဟာ

YouTube ေဘာလုံးသမားတစ္ေယာက္လို႔ ပစ္ပစ္ခါခါတံဆိပ္

ကပ္ခံလိုက္ရပါတယ္။ ၂၂ ႏွစ္အ႐ြယ္ ဘရာဇီးသားဟာ ေအဂ်က္ကေန

ေပါင္ ၈၆ သန္းနဲ႔ ေရာက္လာၿပီးကတည္းက ပရီးမီးယားလိဂ္မွာ

၃ ဂိုးသြင္းယူထားတာပါ။ ဒါေပမဲ့လည္း အမ္းမရိတ္စ္က

အာဆင္နယ္နဲ႔ပြဲမွာ ပြဲထြက္ကန္ခဲ့ရေပမယ့္ ထိေရာက္တဲ့ေျခစြမ္းမ်ိဳး

မျပႏိုင္ခဲ့ပါဘူး။ အဲဒီဘရာဇီးလက္ေ႐ြးစင္ဟာ ပဲေလ့စ္နဲ႔သေရက်ခဲ့တဲ့

ပြဲအၿပီးတုန္းကလည္း အာဆင္နယ္မွာ ထင္တိုင္းမေပါက္ခဲ့တဲ့

နီကိုလက္စ္ပီပီနဲ႔ ႏႈိင္းယွဥ္ခံရပါေသးတယ္။ အခုလည္း ေဘာလုံးေဝဖန္

သုံးသပ္သူတစ္ေယာက္ျဖစ္တဲ့ စပါးနဲ႔ဗီလာတိုက္စစ္မႈးေဟာင္း

ဒါရင္းဘန႔္က အႏွစ္သာရမရွိတဲ့ YouTube ေဘာလုံးသမားလို႔

ေဖာင္းထုခဲ့တာပါ။ ”စေကးကေတာ့ မ်ိဳးစုံျပတတ္တယ္။

အျမင္လွတာပဲရွိၿပီး အႏွစ္သာရမရွိဘူးေပါ့။ သူက အဲဒါေတြ

အားလုံးလုပ္တတ္ေပမယ့္ တစ္ေယာက္မွေတာ့ မေက်ာ္ျဖတ္ႏိုင္ဘူး။

တစ္စုံတစ္ေယာက္ကို ေက်ာ္ျဖတ္ႏိုင္ဖို႔လုပ္တာမွ မဟုတ္တာ။

ၿပီးရင္း ေဘာလုံးနဲ႔အတူ ပတ္ခ်ာလည္ လည့္ျပတယ္ဗ်ာ”လို႔

ဒါရင္းဘန႔္က TalkSport သတင္းဌာနမွာ ေျပာခဲ့ပါတယ္။

အဲဒီမွာ အစီအစဥ္တင္ဆက္သူဂိုးစတိန္းက မန္ယူေတာင္ပံ

ကစားသမားကို YouTube ေဘာလုံးသမားတစ္ေယာက္လို႔

ေျပာခ်င္တာလားလို႔ ဒါရင္းဘန႔္ကို ေမးေတာ့ သူက

”နည္းနည္းေတာ့ ဟုတ္ပါတယ္။ အေကာင္းဆုံးစေကးျပ

ထားတာေတြကို YouTube မွာ တင္ထားၿပီး အဲဒါကို

ၾကည့္မိသူက ‘ဝိုး ငါတို႔ သူ႔ကိုေခၚႏိုင္ခဲ့တာ မယုံႏိုင္ဘူး”ဆိုၿပီး

အံ့ၾသတႀကီးျဖစ္သြားတယ္။ ဒါေပမဲ့ ဘယ္မွာလည္း အႏွစ္သာရ၊

ဘယ္မွာလဲ ေနာက္ဆုံးရလဒ္။ ေကာင္းမြန္တဲ့သြင္းဂိုး ၂ ဂိုးေလာက္နဲ႔

ယူႏိုက္တက္မွာ သူအစေကာင္းခဲ့တယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္။

ဒါေပမဲ့ ဘယ္မွာလဲေနာက္ဆုံးရလဒ္”လို႔ ျပန္ေျဖခဲ့တာပါ။