
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချဲလ်ဆီးအသင်းဟာ ဗိုလ်လုပွဲတွေနဲ့ အကျိုးမပေးသေးဘူး ပြောရမလားမသိပါဘူး။
အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ လက်စတာကို အမျိုးသားအသင်းက ရှုံးပြီး ၁ရက်ပဲခြားတဲ့အချိန်မှာ အမျိုးသမီးအသင်းက ဥရောပအမျိုးသမီးချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘာစီလိုနာအမျိုးသမီးအသင်းကို ထပ်ရှုံးသွားခဲ့ပြန်ပါတယ်။
အင်္ဂလန်အမျိုးသမီးလိဂ် အမှတ်ပေးဖလားကို ပူပူနွေးနွေး ဆွတ်ခူးထားတဲ့ ချဲလ်ဆီးအမျိုးသမီးအသင်းဟာ ဘာစီလိုနာအသင်းကို ဘယ်လိုမှမယှဉ်နိုင်ဘဲ ဗိုလ်လုပွဲလို ပြိုင်ပွဲမှာတောင် ပထမပိုင်းမှာကတည်းက ၄ဂိုးပြတ် အရေးနိမ့်သွားခဲ့တာပါ။
ဘာစီလိုနာအတွက်ကတော့ စံချိန်သစ်တစ်ခု ရေးထိုးနိုင်ခဲ့တာဖြစ်ပြီး အသင်းသမိုင်းမှာ အမျိုးသားအသင်းရော အမျိုးသမီးအသင်းပါ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖူးတဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အမျိုးသမီးအသင်းအတွက်ကတော့ အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဖက်ကကြည့်ရင်လည်း ဒီရာသီ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အမျိုးသားပြိုင်ပွဲရော၊ အမျိုးသမီးပြိုင်ပွဲမှာပါ ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပြီး နှစ်သင်းစလုံး
တပြိုင်တည်းဗိုလ်စွဲနိုင်မယ့် အခွင့်အရေးကို ရရှိခဲ့ပေမယ့် အမျိုးသမီးအသင်းက လက်လွှတ်သွားခဲ့ရတာဖြစ်ပါတယ်။
ချဲလ်ဆီးအမျိုးသားအသင်းကတော့ ဗိုလ်လုပွဲမှာ မန်စီးတီးနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။
အနီးစပ်ဆုံးရရှိမယ့် အက်ဖ်အေဖလားကို လက်လွှတ်ခဲ့ရပြီးနောက် အမျိုးသမီးအသင်းကလည်း ဖလားနဲ့ဝေးကွာခဲ့တဲ့ ချယ်လ်ဆီးအတွက်တော့ မန်စီးတီးနဲ့ပွဲက တစ်ရာသီလုံးစာအတွက် မျှော်လင့်ချက်ဖြစ်လာခဲ့ပါပြီ။
မန်စီးတီးကို ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ချယ်လ်ဆီးဟာ တစ်ရာသီအတွင်းမှာပဲ ဗိုလ်လုပွဲနှစ်ကြိမ် အရေးနိမ့်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်သွားတော့မှာပါ။
နည်းပြတူချယ်ရဲ့ လက်အောက်မှာ ထင်မှတ်မထားတဲ့ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပြီးချယ်လ်ဆီးဟာ ဗိုလ်လုပွဲနှစ်ခုဆီ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
တူချယ်လ်ကတော့ ဗိုလ်လုပွဲတွေမှာဆိုရင် အသာစီးရလေ့မရှိတဲ့ အကောင်းဆုံး ဒုတိယနည်းပြအဖြစ် ထင်ရှားပြီး သူတာဝန်ယူခဲ့ဖူးတဲ့
ဒေါ့မွန်၊ ပီအက်စ်ဂျီ အသင်းတွေမှာ ဗိုလ်လုပွဲတွေကို ရောက်ခဲ့ပေမယ့် မကြာခဏ အရေးနိမ့်လေ့ရှိတဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ထားပြီး ဆုဖလားမရယူထားနိုင်ခဲ့ပါဘူး။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အမ်ိဳးသား အမ်ိဳးသမီးမခြဲျခားဘဲ ဗိုလ္လုပြဲ ၂ခုမွာ အေရးနိမ့္ခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ မွတ္တမ္းသစ္ေရးထိုးတဲ့ ဘာစီလိုနာ
ခ်ဲလ္ဆီးအသင္းဟာ ဗိုလ္လုပြဲေတြနဲ႔ အက်ိဳးမေပးေသးဘူး ေျပာရမလားမသိပါဘူး။ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ လက္စတာကို အမ်ိဳးသားအသင္းက ရႈံးၿပီး ၁ရက္ပဲျခားတဲ့အခ်ိန္မွာ အမ်ိဳးသမီးအသင္းက ဥေရာပအမ်ိဳးသမီးခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ဘာစီလိုနာအမ်ိဳးသမီးအသင္းကို ထပ္ရႈံးသြားခဲ့ျပန္ပါတယ္။ အဂၤလန္အမ်ိဳးသမီးလိဂ္ အမွတ္ေပးဖလားကို ပူပူေႏြးေႏြး ဆြတ္ခူးထားတဲ့ ခ်ဲလ္ဆီးအမ်ိဳးသမီးအသင္းဟာ ဘာစီလိုနာအသင္းကို ဘယ္လိုမွမယွဥ္ႏိုင္ဘဲ ဗိုလ္လုပြဲလို ၿပိဳင္ပြဲမွာေတာင္ ပထမပိုင္းမွာကတည္းက ၄ဂိုးျပတ္ အေရးနိမ့္သြားခဲ့တာပါ။
ဘာစီလိုနာအတြက္ကေတာ့ စံခ်ိန္သစ္တစ္ခု ေရးထိုးႏိုင္ခဲ့တာျဖစ္ၿပီး အသင္းသမိုင္းမွာ အမ်ိဳးသားအသင္းေရာ အမ်ိဳးသမီးအသင္းပါ ဥေရာပ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖူးတဲ့ ပထမဆုံးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ အမ်ိဳးသမီးအသင္းအတြက္ကေတာ့ အသင္းသမိုင္းမွာ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဖက္ကၾကည့္ရင္လည္း ဒီရာသီ ဥေရာပ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ အမ်ိဳးသားၿပိဳင္ပြဲေရာ၊ အမ်ိဳးသမီးၿပိဳင္ပြဲမွာပါ ဗိုလ္လုပြဲတက္ခဲ့တာျဖစ္ၿပီး ႏွစ္သင္းစလုံး
တၿပိဳင္တည္းဗိုလ္စြဲႏိုင္မယ့္ အခြင့္အေရးကို ရရွိခဲ့ေပမယ့္ အမ်ိဳးသမီးအသင္းက လက္လႊတ္သြားခဲ့ရတာျဖစ္ပါတယ္။
ခ်ဲလ္ဆီးအမ်ိဳးသားအသင္းကေတာ့ ဗိုလ္လုပြဲမွာ မန္စီးတီးနဲ႔ ရင္ဆိုင္ကစားရမွာျဖစ္ပါတယ္။ အနီးစပ္ဆုံးရရွိမယ့္ အက္ဖ္ေအဖလားကို လက္လႊတ္ခဲ့ရၿပီးေနာက္ အမ်ိဳးသမီးအသင္းကလည္း ဖလားနဲ႔ေဝးကြာခဲ့တဲ့ ခ်ယ္လ္ဆီးအတြက္ေတာ့ မန္စီးတီးနဲ႔ပြဲက တစ္ရာသီလုံးစာအတြက္ ေမွ်ာ္လင့္ခ်က္ျဖစ္လာခဲ့ပါၿပီ။ မန္စီးတီးကို ရႈံးနိမ့္ခဲ့မယ္ဆိုရင္ေတာ့ ခ်ယ္လ္ဆီးဟာ တစ္ရာသီအတြင္းမွာပဲ ဗိုလ္လုပြဲႏွစ္ႀကိမ္ အေရးနိမ့္တဲ့ မွတ္တမ္းကို ပိုင္ဆိုင္သြားေတာ့မွာပါ။
နည္းျပတူခ်ယ္ရဲ႕ လက္ေအာက္မွာ ထင္မွတ္မထားတဲ့ ေျခစြမ္းေကာင္းေတြကို ျပသႏိုင္ခဲ့ၿပီးခ်ယ္လ္ဆီးဟာ ဗိုလ္လုပြဲႏွစ္ခုဆီ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ တူခ်ယ္လ္ကေတာ့ ဗိုလ္လုပြဲေတြမွာဆိုရင္ အသာစီးရေလ့မရွိတဲ့ အေကာင္းဆုံး ဒုတိယနည္းျပအျဖစ္ ထင္ရွားၿပီး သူတာဝန္ယူခဲ့ဖူးတဲ့ ေဒါ့မြန္၊ ပီအက္စ္ဂ်ီ အသင္းေတြမွာ ဗိုလ္လုပြဲေတြကို ေရာက္ခဲ့ေပမယ့္ မၾကာခဏ အေရးနိမ့္ေလ့ရွိတဲ့ နည္းျပအျဖစ္ မွတ္တမ္းဝင္ထားၿပီး ဆုဖလားမရယူထားႏိုင္ခဲ့ပါဘူး။