အမျိုးသမီးလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ချယ်လ်ဆီးအသင်းဆီရောက်ရှိသွားတဲ့ ယူနိုက်တက်တိုက်စစ်မှူးလော်ရန်ဂျိမ်းစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်တိုက်စစ်မှူးလော်ရန်ဂျိမ်းစ်ကို အမျိုးသမီးလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ တရားဝင်ခေါ်ယူစာချုပ်လိုက်ပြီဖြစ်ပါတယ်။

အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ လော်ရန်ဂျိမ်းစ်ဟာ ချယ်လ်ဆီးနဲ့ အင်္ဂလန်အသင်းနောက်ခံလူရိစ်ဂျိမ်းစ်ရဲ့ ညီမဖြစ်ပြီး အခုအချိန်မှာတော့ အစ်ကိုဖြစ်သူ ရိစ်ဂျိမ်းစ်အတိုင်း ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။

လော်ရန်ဂျိမ်းစ်အတွက် ချယ်လ်ဆီးအသင်း ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၂၀၀,၀၀၀)အထိပေးချေခဲ့ရပြီး ဒါက အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အမျိုးသမီးစူပါလိဂ်မှာ ဗိုလ်စွဲခဲ့သလို လိဂ်ဖလားချန်ပီယံဆုကိုလည်း ဆွတ်ခူးခဲ့ပြီး အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်အထိတက်ရောက်ခဲ့ပေမယ့် ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့်ရာသီမှာလည်း အောင်မြင်မှုတွေရယူနိုင်ဖို့အတွက် လော်ရန်ဂျိမ်းစ်ကို ခေါ်ယူခဲ့တာဖြစ်သလို လော်ရန်ဂျိမ်းစ်ဟာ ကလေးဘဝတုန်းက ချယ်လ်ဆီးအသင်းအကယ်ဒမီမှာ ကစားခဲ့ဖူးပြီး အဲဒီနောက်မှာ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်အသင်းတို့ကို ပြောင်းရွှေ့ခဲ့တာပါ။

လော်ရန်ဂျိမ်းစ်က “ထိပ်သီးအသင်းတစ်သင်းဖြစ်သလို ကျွန်မရဲ့အိမ်လိုဖြစ်နေတဲ့ ချယ်လ်ဆီးအသင်းဆီ ပြန်ရောက်လာပြီဖြစ်လို့ တကယ်ကျေနပ်ဝမ်းမြောက်မိပြီး ဒီအသင်းမှာ အသက်(၆)နှစ်အရွယ်တုန်းက,ကစားခဲ့ဖူးတာဖြစ်ပါတယ်။

အသင်းအတွက် ပါဝင်ကစားခွင့်ရမှာဖြစ်လို့ စိတ်လှုပ်ရှားမိပြီး ရာသီသစ်မှာ ပရိသတ်တွေနဲ့ ပြန်လည်ဆုံတွေ့ရမယ့်အချိန်ကို အမြန်ဆုံးရောက်ချင်နေပါပြီ”လို့ပြောကြားခဲ့ပါတယ်။

လော်ရန်ဂျိမ်းစ်ဟာ အသက်(၁၆)နှစ်အရွယ်မှာ ယူနိုက်တက်အသင်းဆီရောက်ရှိခဲ့ပြီး သူမရဲ့ဂိုးသွင်းစွမ်းရည်ထက်မြက်မှုကြောင့် ပြီးခဲ့တဲ့နှစ်က အင်္ဂလန်အမျိုးသမီးအသင်းနည်းပြဟောင်းဖီးလ်နဗီးလ်က လက်ရွေးစင်အသင်းကြီး ရွေးချယ်ခဲ့ပါတယ်။

၂၀၁၈-၁၉ ရာသီမှာ ယူနိုက်တက်အသင်း အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာဗိုလ်စွဲပြီး စူပါလိဂ်ပြိုင်ပွဲကို တန်းတက်ခွင့်ရရှိအောင် လော်ရန်ဂျိမ်းစ်က ခြေစွမ်းပြကစားခဲ့ပြီး အဲဒီရာသီက အသင်းအတွက် လိဂ်ပွဲပေါင်(၁၈)ပွဲကစားပြီးတော့(၁၄)ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အမ်ိဳးသမီးလိဂ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ခ်ယ္လ္ဆီးအသင္းဆီေရာက္ရွိသြားတဲ့ ယူႏိုက္တက္တိုက္စစ္မႉးေလာ္ရန္ဂ်ိမ္းစ္

ခ်ယ္လ္ဆီးအသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ လူငယ္တိုက္စစ္မႉးေလာ္ရန္ဂ်ိမ္းစ္ကို အမ်ိဳးသမီးလိဂ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ တရားဝင္ေခၚယူစာခ်ဳပ္လိုက္ၿပီျဖစ္ပါတယ္။ အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ေလာ္ရန္ဂ်ိမ္းစ္ဟာ ခ်ယ္လ္ဆီးနဲ႔ အဂၤလန္အသင္းေနာက္ခံလူရိစ္ဂ်ိမ္းစ္ရဲ႕ ညီမျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ အစ္ကိုျဖစ္သူ ရိစ္ဂ်ိမ္းစ္အတိုင္း ခ်ယ္လ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ကစားခဲ့တာျဖစ္ပါတယ္။ ေလာ္ရန္ဂ်ိမ္းစ္အတြက္ ခ်ယ္လ္ဆီးအသင္း ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္(၂၀၀,၀၀၀)အထိေပးေခ်ခဲ့ရၿပီး ဒါက အမ်ိဳးသမီးစူပါလိဂ္ၿပိဳင္ပြဲရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။

ခ်ယ္လ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ရာသီက အမ်ိဳးသမီးစူပါလိဂ္မွာ ဗိုလ္စြဲခဲ့သလို လိဂ္ဖလားခ်န္ပီယံဆုကိုလည္း ဆြတ္ခူးခဲ့ၿပီး အမ်ိဳးသမီးခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္လုပြဲအဆင့္အထိတက္ေရာက္ခဲ့ေပမယ့္ ဘာစီလိုနာအသင္းကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ဒုတိယေနရာနဲ႔သာေက်နပ္ခဲ့ရပါတယ္။ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ လာမယ့္ရာသီမွာလည္း ေအာင္ျမင္မႈေတြရယူႏိုင္ဖို႔အတြက္ ေလာ္ရန္ဂ်ိမ္းစ္ကို ေခၚယူခဲ့တာျဖစ္သလို ေလာ္ရန္ဂ်ိမ္းစ္ဟာ ကေလးဘဝတုန္းက ခ်ယ္လ္ဆီးအသင္းအကယ္ဒမီမွာ ကစားခဲ့ဖူးၿပီး အဲဒီေနာက္မွာ အာဆင္နယ္၊ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ကို ေျပာင္းေ႐ႊ႕ခဲ့တာပါ။

ေလာ္ရန္ဂ်ိမ္းစ္က “ထိပ္သီးအသင္းတစ္သင္းျဖစ္သလို ကြၽန္မရဲ႕အိမ္လိုျဖစ္ေနတဲ့ ခ်ယ္လ္ဆီးအသင္းဆီ ျပန္ေရာက္လာၿပီျဖစ္လို႔ တကယ္ေက်နပ္ဝမ္းေျမာက္မိၿပီး ဒီအသင္းမွာ အသက္(၆)ႏွစ္အ႐ြယ္တုန္းက,ကစားခဲ့ဖူးတာျဖစ္ပါတယ္။ အသင္းအတြက္ ပါဝင္ကစားခြင့္ရမွာျဖစ္လို႔ စိတ္လႈပ္ရွားမိၿပီး ရာသီသစ္မွာ ပရိသတ္ေတြနဲ႔ ျပန္လည္ဆုံေတြ႕ရမယ့္အခ်ိန္ကို အျမန္ဆုံးေရာက္ခ်င္ေနပါၿပီ”လို႔ေျပာၾကားခဲ့ပါတယ္။

ေလာ္ရန္ဂ်ိမ္းစ္ဟာ အသက္(၁၆)ႏွစ္အ႐ြယ္မွာ ယူႏိုက္တက္အသင္းဆီေရာက္ရွိခဲ့ၿပီး သူမရဲ႕ဂိုးသြင္းစြမ္းရည္ထက္ျမက္မႈေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္က အဂၤလန္အမ်ိဳးသမီးအသင္းနည္းျပေဟာင္းဖီးလ္နဗီးလ္က လက္ေ႐ြးစင္အသင္းႀကီး ေ႐ြးခ်ယ္ခဲ့ပါတယ္။ ၂၀၁၈-၁၉ ရာသီမွာ ယူႏိုက္တက္အသင္း အမ်ိဳးသမီးခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာဗိုလ္စြဲၿပီး စူပါလိဂ္ၿပိဳင္ပြဲကို တန္းတက္ခြင့္ရရွိေအာင္ ေလာ္ရန္ဂ်ိမ္းစ္က ေျခစြမ္းျပကစားခဲ့ၿပီး အဲဒီရာသီက အသင္းအတြက္ လိဂ္ပြဲေပါင္(၁၈)ပြဲကစားၿပီးေတာ့(၁၄)ဂိုးအထိသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။