အမျိုးသမီးတွေ အတူအိပ်ချင်တဲ့ ဘောလုံးကြယ်ပွင့်များ

Photo Credit

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ အမျိုးသမီးတွေရဲ့အသည်းကျော်တစ်ဦးအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး အမျိုးသမီးတွေ အတူအအိပ်ချင်ဆုံးဘောလုံးကြယ်ပွင့်အဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

Photo Credit

Ticketgum.com ကနေ အမျိုးသမီးပရိသတ်ပေါင်း ၁၀၀၀ ကျော်ဆီကနေ စစ်တမ်းကောက်ယူခဲ့ရာမှာ လက်ရှိအင်တာမိုင်ယာမီအသင်းပိုင်ရှင် ဘက်ခမ်းက ၂၁.၂၅ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဖြစ်ပါတယ်။

Photo Credit

သူဟာ ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ စပါးအသင်းဂိုးသမား ပေါ်လိုဂက်ဇာနီဂါထက် ၆ ရာခိုင်နှုန်းကျော်ပိုများခဲ့ပြီး ဂက်ဇါနီဂါက ၁၅% ရရှိခဲ့ပါတယ်။

Photo Credit

ဘက်ခမ်းဟာ အမျိုးသမီးတွေ အတူအအိပ်ချင်ဆုံးဘောလုံးကြယ်ပွင့် ၁၀ဦးအနက် လက်ရှိကစားသမားမဟုတ်တဲ့တစ်ဦးတည်းသော အနားယူသူအဖြစ် ရပ်တည်နေတာကို ကြည့်ရင် သူ့အပေါ် အမျိုးသမီးပရိသတ်တွေ ဘယ်လောက်ချစ်ခင်မြတ်နိုးလဲဆိုတာ ပေါ်လွင်နေပါတယ်။

Photo Credit

ဘက်ခမ်းဟာ ယူနိုက်တက်နဲ့အတူ ထင်ပေါ်ကျော်ကြားလာသူဖြစ်သလို သူ့ရဲ့ဖက်ရှင်အမြင်ဆန်းတွေကြောင့် ဘောလုံးဆယ်လီတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ ပါဝင်ခွင့်ရနေဆဲဖြစ်ပါတယ်။

Photo Credit

လိင်ဆွဲဆောင်မှုအပြင်းထန်ဆုံး ထိပ်ဆုံး ၅ဦးစာရင်းမှာတော့ လက်ရှိဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ ပါဝင်ခွင့်မရခဲ့ဘဲ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုက ၆.၂၅%နဲ့ အဆင့် ၈၊ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက ၅%နဲ့ အဆင့် ၉နေရာတွေမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit

၁ – ဒေးဗစ်ဘက်ခမ်း (အင်တာမိုင်ယာမီအသင်းပူးတွဲအသင်းပိုင်ရှင်) – ၂၁.၂၅%
၂ – ဂက်ဇာနီဂါ (စပါး) – ၁၅%
၃ – လော့ဖ်တပ်ချိဖ် (ချဲလ်ဆီး) – ၁၃.၇၅%
၄ – ဂိုမက်စ် (အဲဗာတန်) – ၁၁.၂၅%
၅ – အဆန်စီယို (ရီးရဲလ်) – ၈.၇၅%
၆ – ဂီရော့ဒ် (ချဲလ်ဆီး) – ၇.၅%
၇ – ပီကေး (ဘာစီလိုနာ) – ၇.၅%
၈ – ရော်နယ်ဒို (ဂျူဗင်တပ်စ်) – ၆.၂၅%
၉ – မက်ဆီ (ဘာစီလိုနာ) – ၅%
၁၀ – ရာမို့စ် (ရီးရဲလ်) – ၃.၇၅%

Photo Credit

Zawgyi



၂ – ဂက်ဇာနီဂါ (စပါး) – ၁၅%
၎ – ဂိုမက်စ် (အဲဗာတန်) – ၁၁.၂၅%
၆ – ဂီရော့ဒ် (ချဲလ်ဆီး) – ၇.၅%
၇ – ပီကေး (ဘာစီလိုနာ) – ၇.၅%
၉ – မက်ဆီ (ဘာစီလိုနာ) – ၅%