
Photo Credit
Photo Credit
ဒီရာသီလက်စတာအသင်းရဲ့ခြေစွမ်းက စောင့်ကြည့်ချင်စရာကောင်းနေပြီး ဗြိတိန်အားကစားသမိုင်းတစ်လျှောက် ကမောက်ကမအဖြစ်ဆုံးအောင်မြင်မှုအဖြစ် ၂၀၁၅-၁၆ ရာသီမှာ ချန်ပီယံဖြစ်ခဲ့သလိုမျိုး ပြန်လည်အိပ်မက်နိုင်ပြီလို့ ပရိသတ်တွေက ယူဆနေကြပါတယ်။ ချန်ပီယံဆုအတွက် စီးတီးနဲ့လီဗာပူးတို့ကို စိန်ခေါ်နိုင်ရေးက ထင်သလောက်မလွယ်ပေမယ့် အနည်းဆုံးဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက်ကတော့ တောက်ပနေပြီလို့ဆိုနိုင်ပါတယ်။
Photo Credit
အခုလည်း ကစားရခက်တဲ့ပဲလေ့စ်ကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး ၁ရက်နီးပါးကြာ ဆင်းပေးခဲ့ရတဲ့ စတုတ္ထနေရာကနေ ချဲလ်ဆီးကို ပြန်လည်ကျော်တက်ပြီး တတိယနေရာပြန်ရောက်လာပါတယ်။ ပဲလေ့စ်ဆိုတာ ဒီရာသီမှာ အဆိပ်ပြင်းတဲ့အသင်းဖြစ်နေတာပါ။ အိုးလ်ထရက်ဖို့ဒ်ကို အိမ်ရှင်ယူနိုက်တက်ကို အကြောက်အလန့်မရှိ ၁-၂ ဂိုးနဲ့အနိုင်ကစားပြတယ်။
Photo Credit
ပြီးတော့ အမ်းမရိတ်စ်ကွင်းကလည်း သူတို့ရဲ့ကျဆုံးခန်းမဟုတ်ကြောင်း သက်သေပြတဲ့အနေနဲ့ ၂-၀ ဂိုးနဲ့အရေးနိမ့်နေရာကနေ ၂-၂ ဂိုးသရေကစားကာ အာဆင်နယ်ပရိသတ်တွေကို ဆွံ့အစေခဲ့ပါတယ်။ အဲဒီလိုအသင်းမျိုးကို လက်စတာက အိမ်ကွင်းတောင်မဟုတ်ဘဲ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ကစားပြလိုက်တဲ့အခါ မြေခွေးတွေအပေါ် ဘယ်သူမှ လျှော့မတွက်ရဲတော့ဘူး။
Photo Credit
ဒီထက်ပိုပြီးတင်စားပြောရရင် လက်စတာအသင်း ဝ-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပဲလေ့စ်ကို လက်ရှိချန်ပီယံ စီးတီးက ပဲလေ့စ်ကွင်းမှာပဲ ဝ-၂ဂိုးရလဒ်နဲ့သာ အနိုင်ရခဲ့တာပါ။ တကယ်လို့များ နောက်တစ်ပတ်မှာ စီးတီးရော လက်စတာပါ ၂သင်းစလုံးအနိုင်ရခဲ့ရင် ထိပ်ဆုံး ၃သင်းကြားအမှတ်ကွာဟချက်က ၅ မှတ်ပဲရှိတော့မှာဖြစ်ပြီး ပိုမိုစိတ်ဝင်စားစရာကောင်းလာနိုင်ပါတယ်။
Photo Credit
နောက်ထပ်တိုက်ဆိုင်တာတစ်ခုရှိပါသေးတယ်။ ဒီပွဲမှာ အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့တဲ့တိုက်စစ်မှူး ဗာဒီဟာ ယခုရာသီပရီးမီးယားလိဂ်မှာ ၁၀ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပြီး သူ့အတွက် ဒီလိုစွမ်းဆောင်နိုင်တာက ကစားသမားဘဝစ်လျှောက် ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမဆုံးအကြိမ်က လက်စတာအသင်း ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၅-၁၆ ရာသီမှာ စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး ဗာဒီဟာ ဒီရာသီ ၁၁ပွဲမှာ ၁၀ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
Photo Credit
၂၀၁၈ ဖေဖော်ဝါရီလက ဖရိုင်းဘတ်အသင်းကနေ လူမသိသူမသိရောက်လာပြီးနောက် ဒီရာသီမှာ မက်ဂွိုင်းယားနေရာ အစားဝင်ကစားနေတဲ့ တူရကီနောက်ခံလူ ဆိုယန်ကူက ပွဲချိန် ၅၇ မိနစ်မှာ ခေါင်းတိုက်သွင်းယူကာ လက်စတာအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဆောက်သမ်တန်ကို ဝ-၉ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်ရခဲ့တဲ့တိုက်စစ်မှူး ဗာဒီကလည်း ပွဲချိန် ၈၈မိနစ်မှာ လူစားဝင်ကစားသမား ဂရေးနဲ့ အနီးကပ်အပေးအယူလုပ်ကာ အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit
ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဘယ်နောက်ခံလူ ချီဝဲလ် တတိယမြောက်ဂိုးသွင်းယူနိုင်ဖု့ိ နီးစပ်ခဲ့ပေမယ့် သူ့ရဲ့ကန်သွင်းချက် တိုက်ထိထွက်ခဲ့ရပါတယ်။ လက်စတာဟာ နောက်တစ်ပတ် စနေမှာ အာဆင်နယ်ကို ဧည့်ခံကစားရမှာဖြစ်ပြီး ဒီဇင်ဘာလအတွင်းမှာတော့ စီးတီး၊ လီဗာပူးတို့နဲ့ ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။
Photo Credit
Zawgyi
အမ္းမရိတ္စ္မွာ အာဆင္နယ္ မႏိုင္၊ အိုးလ္ထရက္ဖုိ႔ဒ္မွာ ယူႏုိက္တက္အ႐ံႈးေပးခဲ့ရတဲ့ ပဲေလ့စ္ကို အေ၀းကြင္းမွာ ဂိုးျပတ္အႏုိင္ယူလုိက္တဲ့လက္စတာ
ဒီရာသီလက္စတာအသင္းရဲ႕ေျခစြမ္းက ေစာင့္ၾကည့္ခ်င္စရာေကာင္းေနၿပီး ၿဗိတိန္အားကစားသမုိင္းတစ္ေလွ်ာက္ ကေမာက္ကမအျဖစ္ဆုံးေအာင္ျမင္မႈအျဖစ္ ၂၀၁၅-၁၆ ရာသီမွာ ခ်န္ပီယံျဖစ္ခဲ့သလုိမ်ိဳး ျပန္လည္အိပ္မက္ႏိုင္ၿပီလုိ႔ ပရိသတ္ေတြက ယူဆေနၾကပါတယ္။ ခ်န္ပီယံဆုအတြက္ စီးတီးနဲ႔လီဗာပူးတုိ႔ကို စိန္ေခၚႏုိင္ေရးက ထင္သေလာက္မလြယ္ေပမယ့္ အနည္းဆုံးဥေရာပ၀င္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္ကေတာ့ ေတာက္ပေနၿပီလုိ႔ဆိုႏုိင္ပါတယ္။
အခုလည္း ကစားရခက္တဲ့ပဲေလ့စ္ကို အေ၀းကြင္းမွာ ဂိုးျပတ္အႏိုင္ယူၿပီး ၁ရက္နီးပါးၾကာ ဆင္းေပးခဲ့ရတဲ့ စတုတၳေနရာကေန ခ်ဲလ္ဆီးကို ျပန္လည္ေက်ာ္တက္ၿပီး တတိယေနရာျပန္ေရာက္လာပါတယ္။ ပဲေလ့စ္ဆိုတာ ဒီရာသီမွာ အဆိပ္ျပင္းတ့ဲအသင္းျဖစ္ေနတာပါ။ အုိးလ္ထရက္ဖုိ႔ဒ္ကို အိမ္ရွင္ယူႏိုက္တက္ကို အေၾကာက္အလန္႔မရွိ ၁-၂ ဂိုးနဲ႔အႏုိင္ကစားျပတယ္။
ၿပီးေတာ့ အမ္းမရိတ္စ္ကြင္းကလည္း သူတုိ႔ရဲ႕က်ဆုံးခန္းမဟုတ္ေၾကာင္း သက္ေသျပတဲ့အေနနဲ႔ ၂-၀ ဂိုးနဲ႔အေရးနိမ့္ေနရာကေန ၂-၂ ဂိုးသေရကစားကာ အာဆင္နယ္ပရိသတ္ေတြကို ဆံြ႕အေစခဲ့ပါတယ္။ အဲဒီလုိအသင္းမ်ိဳးကို လက္စတာက အိမ္ကြင္းေတာင္မဟုတ္ဘဲ အေ၀းကြင္းမွာ ဂိုးျပတ္အႏုိင္ကစားျပလိုက္တဲ့အခါ ေျမေခြးေတြအေပၚ ဘယ္သူမွ ေလွ်ာ့မတြက္္ရဲေတာ့ဘူး။
ဒီထက္ပိုၿပီးတင္စားေျပာရရင္ လက္စတာအသင္း ၀-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပဲေလ့စ္ကို လက္ရွိခ်န္ပီယံ စီးတီးက ပဲေလ့စ္ကြင္းမွာပဲ ၀-၂ဂိုးရလဒ္နဲ႔သာ အႏိုင္ရခဲ့တာပါ။ တကယ္လုိ႔မ်ား ေနာက္တစ္ပတ္မွာ စီးတီးေရာ လက္စတာပါ ၂သင္းစလုံးအႏုိင္ရခဲ့ရင္ ထိပ္ဆုံး ၃သင္းၾကားအမွတ္ကြာဟခ်က္က ၅ မွတ္ပဲရွိေတာ့မွာျဖစ္ၿပီး ပိုမိုစိတ္၀င္စားစရာေကာင္းလာႏိုင္ပါတယ္။
ေနာက္ထပ္တုိက္ဆုိင္တာတစ္ခုရွိပါေသးတယ္။ ဒီပြဲမွာ အဆုံးသတ္ဂိုးသြင္းယူႏုိင္ခဲ့တ့ဲတုိက္စစ္မွဴး ဗာဒီဟာ ယခုရာသီပရီးမီးယားလိဂ္မွာ ၁၀ဂိုးသြင္းယူႏုိင္တဲ့ ပထမဆုံးကစားသမားျဖစ္လာၿပီး သူ႕အတြက္ ဒီလုိစြမ္းေဆာင္ႏုိင္တာက ကစားသမားဘ၀စ္ေလွ်ာက္ ဒုတိယအႀကိမ္ျဖစ္ပါတယ္။ ပထမဆုံးအႀကိမ္က လက္စတာအသင္း ခ်န္ပီယံျဖစ္ခဲ့တဲ့ ၂၀၁၅-၁၆ ရာသီမွာ စြမ္းေဆာင္ႏုိင္ခဲ့တာျဖစ္ၿပီး ဗာဒီဟာ ဒီရာသီ ၁၁ပဲြမွာ ၁၀ဂိုးသြင္းယူထားတာျဖစ္ပါတယ္။
၂၀၁၈ ေဖေဖာ္၀ါရီလက ဖ႐ိုင္းဘတ္အသင္းကေန လူမသိသူမသိေရာက္လာၿပီးေနာက္ ဒီရာသီမွာ မက္ဂြိဳင္းယားေနရာ အစား၀င္ကစားေနတဲ့ တူရကီေနာက္ခံလူ ဆိုယန္ကူက ပြဲခ်ိန္ ၅၇ မိနစ္မွာ ေခါင္းတုိက္သြင္းယူကာ လက္စတာအသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူႏုိင္ခ့ဲၿပီး ေဆာက္သမ္တန္ကို ၀-၉ ဂိုးနဲ႔အႏုိင္ရခ့ဲတဲ့ပဲြမွာ ဟက္ထရစ္ရခဲ့တဲ့တုိက္စစ္မွဴး ဗာဒီကလည္း ပြဲခ်ိန္ ၈၈မိနစ္မွာ လူစား၀င္ကစားသမား ဂေရးနဲ႔ အနီးကပ္အေပးအယူလုပ္ကာ အဆုံးသတ္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။
ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာ ဘယ္ေနာက္ခံလူ ခ်ီ၀ဲလ္ တတိယေျမာက္ဂိုးသြင္းယူႏုိင္ဖု႔ိ နီးစပ္ခဲ့ေပမယ့္ သူ႕ရဲ႕ကန္သြင္းခ်က္ တိုက္ထိထြက္ခဲ့ရပါတယ္။ လက္စတာဟာ ေနာက္တစ္ပတ္ စေနမွာ အာဆင္နယ္ကို ဧည့္ခံကစားရမွာျဖစ္ၿပီး ဒီဇင္ဘာလအတြင္းမွာေတာ့ စီးတီး၊ လီဗာပူးတုိ႔နဲ႔ ဆက္တုိက္ကစားရမွာျဖစ္ပါတယ္။