အမ်မရီ အထုတ်ခံရပြီး ယွန်းဘာ့ဂ်က အာဆင်နယ်ကို ယာယီတာဝန်ယူ

Photo- Internet
Photo- Internet

အာဆင်နယ်အသင်းဟာ ရလဒ်တွေဆက်တိုက်ဆိုးရွားခဲ့တဲ့အတွက် နည်းပြ အမ်မရီကို ရာထူးကနေထုတ်ပယ်လိုက်ပြီလို့ ထုတ်ပြန်လိုက်ပါတယ်။ အမ်မရီဟာ ၂၀၁၈ နွေရာသီက သက်တော်ရှည်နည်းပြ အာစင်ဝင်းဂါးရဲ့နေရာမှာ အစားဝင်ရောက်ခဲ့သူဖြစ်ပြီး အသင်းကို ၁၈ လသာကိုင်တွယ်ခဲ့ရသူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးက ယူရိုပါလိဂ်မှာ ဖရန့်ဖတ်ကို ၂-၁ နဲ့ရှုံးခဲ့ပြီးနောက် အာဆင်နယ်တာဝန်ရှိသူတွေက ဆွေးနွေးမှုတွေပြုလုပ်ပြီး အမ်မရီကို ရာထူးကနေထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ သူ့နေရာမှာ လက်ထောက်နည်းပြဖြစ်တဲ့ အသင်းသားဟောင်း ဖရက်ဒီယွန်းဘာ့ဂ်ကို တာဝန်ပေးထားတယ်လို့လည်း အာဆင်နယ်ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Photo- Internet

အာဆင်နယ်ဟာ ဒီရာသီမှာအရမ်းကိုရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာအောက်တိုဘာအစောပိုင်းကတည်းက နိုင်ပွဲပျောက်ဆုံးကာ ၁၉၉၂ နောက်ပိုင်းအဆိုးရွားဆုံးအခြေအနေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေကသူ့ကိုအလိုမရှိတော့ဘဲ ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

Photo- Internet

ဖရန့်ဖတ်ကိုအိမ်ကွင်းမှာ ရှုံးခဲ့တဲ့ပွဲမှာလည်း ပရိသတ်အများအပြားလာမကြည့်ကြလို့ ထိုင်ခုံလွတ်တွေထောင်နဲ့ချီပြီးတွေ့ခဲ့ရတဲ့အပြင် သူ့ကိုထုတ်ပယ်ဖို့တောင်းဆိုမှုတွေလည်းရှိခဲ့တာပါ။ ဒါကြောင့်လည်း သောကြာနေ့ နံနက်ခင်းမှာ ကလပ်တာဝန်ရှိသူတွေ ဆွေးနွေးပြီး ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ထုတ်ပြန်ချက်ထဲမှာ ရလဒ်နဲ့စွမ်းဆောင်ရည်က အဆင့်မမီခဲ့တဲ့အတွက် အမ်မရီကိုထုတ်လိုက်တာလို့ ဖော်ပြသွားပါတယ်။

Photo- Internet

ယွန်းဘာ့ဂ်ကို ဘယ်အချိန်အထိတာဝန်ပေးမယ်ဆိုတာ အာဆင်နယ်က အတည်မပြုခဲ့ပေမယ့် နည်းပြသစ်တစ်ဦးကို အမြန်ဆုံးရှာဖွေသွားမယ်လို့သာဖော်ပြသွားပါတယ်။ ယွန်းဘာ့ဂ်ဟာ အသက် ၄၂ နှစ်ရှိပြီး ၂၀၀၃-၀၄ ကအာဆင်နယ်ရှုံးပွဲမရှိဘဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရာမှာ အဓိက ကျတဲ့ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

Photo- Internet

Zawgyi

အမ္မရီ အထုတ္ခံရၿပီး ယြန္းဘာ႔ဂ္က အာဆင္နယ္ကို ယာယီတာ၀န္ယူ

အာဆင္နယ္အသင္းဟာ ရလဒ္ေတြဆက္တိုက္ဆိုးရြားခဲ့တဲ႔အတြက္ နည္းျပ အမ္မရီကို ရာထူးကေနထုတ္ပယ္လိုက္ၿပီလို႔ ထုတ္ျပန္လိုက္ပါတယ္။ အမ္မရီဟာ ၂၀၁၈ ေႏြရာသီက သက္ေတာ္ရွည္နည္းျပ အာစင္၀င္းဂါးရဲ႕ေနရာမွာ အစား၀င္ေရာက္ခဲ့သူျဖစ္ၿပီး အသင္းကို ၁၈ လသာကိုင္တြယ္ခဲ့ရသူလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ႔ ၾကာသပေတးက ယူရိုပါလိဂ္မွာ ဖရန္႔ဖတ္ကို ၂-၁ နဲ႔ရႈံးခဲ့ၿပီးေနာက္ အာဆင္နယ္တာ၀န္ရွိသူေတြက ေဆြးေႏြးမႈေတြျပဳလုပ္ၿပီး အမ္မရီကို ရာထူးကေနထုတ္ပယ္ဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။ သူ႔ေနရာမွာ လက္ေထာက္နည္းျပျဖစ္တဲ႔ အသင္းသားေဟာင္း ဖရက္ဒီယြန္းဘာ႔ဂ္ကို တာ၀န္ေပးထားတယ္လို႔လည္း အာဆင္နယ္ရဲ႕ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

အာဆင္နယ္ဟာ ဒီရာသီမွာအရမ္းကိုရုန္းကန္ခဲ့ရၿပီး ပရီးမီးယားလိဂ္မွာေအာက္တိုဘာအေစာပိုင္းကတည္းက ႏိုင္ပြဲေပ်ာက္ဆုံးကာ ၁၉၉၂ ေနာက္ပိုင္းအဆိုးရြားဆုံးအေျခအေနနဲ႔ႀကံဳေတြ႔ခဲ့ရပါတယ္။ ဒါေၾကာင့္လည္း ပရိသတ္ေတြကသူ႔ကိုအလိုမရွိေတာ႔ဘဲ ထုတ္ပယ္ဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

ဖရန္႔ဖတ္ကိုအိမ္ကြင္းမွာ ရႈံးခဲ့တဲ႔ပဲြမွာလည္း ပရိသတ္အမ်ားအျပားလာမၾကည့္ၾကလို႔ ထိုင္ခုံလြတ္ေတြေထာင္နဲ႔ခ်ီၿပီးေတြ႔ခဲ့ရတဲ႔အျပင္ သူ႔ကိုထုတ္ပယ္ဖို႔ေတာင္းဆိုမႈေတြလည္းရွိခဲ့တာပါ။ ဒါေၾကာင့္လည္း ေသာၾကာေန႔ နံနက္ခင္းမွာ ကလပ္တာ၀န္ရွိသူေတြ ေဆြးေႏြးၿပီး ထုတ္ပယ္လိုက္တာျဖစ္ပါတယ္။ အာဆင္နယ္ရဲ႕ထုတ္ျပန္ခ်က္ထဲမွာ ရလဒ္နဲ႔စြမ္းေဆာင္ရည္က အဆင့္မမီခဲ့တဲ႔အတြက္ အမ္မရီကိုထုတ္လိုက္တာလို႔ ေဖာ္ျပသြားပါတယ္။

ယြန္းဘာ႔ဂ္ကို ဘယ္အခ်ိန္အထိတာ၀န္ေပးမယ္ဆိုတာ အာဆင္္နယ္က အတည္မျပဳခဲ့ေပမယ္႔ နည္းျပသစ္တစ္ဦးကို အျမန္ဆုံးရွာေဖြသြားမယ္လို႔သာေဖာ္ျပသြားပါတယ္။ ယြန္းဘာ႔ဂ္ဟာ အသက္ ၄၂ ႏွစ္ရွိၿပီး ၂၀၀၃-၀၄ ကအာဆင္နယ္ရႈံးပြဲမရွိဘဲ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ရာမွာ အဓိက က်တဲ႔ကစားသမားလည္းျဖစ္ခဲ့ပါတယ္။