အမ်မရီဟာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အောင်မြင်မှုအများဆုံးနည်းပြလို့ အာတီတာ ချီးကျူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဗီလာရီးယဲလ်နည်းပြအူနိုင်းအမ်မရီဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုအများဆုံးရယူထားတဲ့နည်းပြဖြစ်ပြီး သူတို့အသင်းကို ကျော်ဖြတ်ဖို့က ခက်ခဲလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ကွာတားဖိုင်နယ်ပထမအကျော့တုန်းက ဆလားဗီးယားပရက်ဂ်အသင်းကို အိမ်ကွင်းမှာ တစ်ဂိုးစီသရေသာကစားနိုင်ခဲ့ပေမယ့် အဝေးကွင်းမှာတော့ ခြေစွမ်းကောင်းပြသခဲ့ပြီး (၄)ဂိုးပြတ်အနိုင်ရခဲ့လို့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဗီလာရီးယဲလ်အသင်းကလည်း ကွာတားဖိုင်နယ်မှာ ဒိုင်နမိုဇာဂရက်အသင်းကို နှစ်ကျော့ပေါင်း(၃-၁)ဂိုးနဲ့အနိုင်ယူပြီး ၂၀၁၅-၁၆ ရာသီနောက်ပိုင်းဝေးကွာနေတဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ပြန်လည်တက်ရောက်နိုင်ခဲ့တာပါ။ အူနိုင်းအမ်မရီဟာ နည်းပြဘဝမှာ ဆီဗီလာအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကို ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ ခုနှစ်တွေမှာ ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် (၃)နှစ်ဆက်ချန်ပီယံဆုဖလားရယူခဲ့ဖူးတဲ့ ပထမဆုံးနည်းပြအဖြစ် စံချိန်တင်ထားတာဖြစ်ပါတယ်။

အူနိုင်းအမ်ရီဟာ ၂၀၁၈-၁၉ တစ်ရာသီသာကိုင်တွယ်ခဲ့ရပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲအထိပို့ဆောင်နိုင်ခဲ့ပေမယ့် ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့လို့ ဒုတိယနေရာနဲ့ကျေနပ်ခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် ၂၀၁၉၊ နိုဝင်ဘာလမှာ နည်းပြရာထူးကနေ အထုတ်ခံခဲ့ရသူဖြစ်ပါတယ်။ အခုအချိန်မှာတော့ အူနိုင်းအမ်မရီဟာ ပြိုင်ဘက်နည်းပြအဖြစ် အသင်းဟောင်းအာဆင်နယ်ကို ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပြီး လက်ရှိနည်းပြအာတီတာကတော့ အူနိုင်းအမ်မရီရဲ့ ဗီလာရီးယဲလ်အသင်းကို ကျော်ဖြတ်ဖို့က ခက်ခဲလိမ့်မယ်လို့ ဆိုခဲ့တာပါ။

အာတီတာက “ဗီလာရီးယဲလ်နဲ့ရင်ဆိုင်ရမယ့်ပွဲက တကယ့်ကိုအကြိတ်အနယ်ရှိမှာသေချာပါတယ်။ အူနိုင်းအမ်မရီကလည်း ယူရိုပါလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုအများဆုံးနည်းပြလို့သတ်မှတ်ရမယ့်သူလည်းဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းမှာ ဒီထက်ပိုကောင်းလာအောင် လုပ်ဆောင်ရမယ့်အရာတွေ အများကြီးရှိနေပေမယ့် ကျွန်တော်တို့တွေကတော့ နေ့တိုင်းကို အကောင်းဆုံးပုံစံနဲ့ဖြတ်ကျော်နိုင်ဖို့ ဆန္ဒပြင်းပြနေကြတာဖြစ်ပါတယ်”လု့ိ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အူနိုင်းအမ်မရီလက်ထက်မှာ ဆုဖလားတစ်ခုမှ မရခဲ့ပေမယ့် အာတီတာကတော့ သူကိုင်တွယ်ပြီးကာလတိုအတွင်းမှာပဲ FA ဖလား၊ ကွန်မြူနတီဒိုင်းတွေရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ အာဆင်နယ်အသင်း ရလဒ်တွေမတည်မငြိမ်ဖြစ်နေပြီး လာမယ့်ရာသီဥရောပဝင်ခွင့်မျှော်လင့်ချက် အားနည်းနေပြီဖြစ်လို့ အာတီတာဟာ ဖိအားတွေနဲ့ရင်ဆိုင်နေရသလို လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခုယူရိုပါလိဂ်ပြိုင်ပွဲမှာ မဖြစ်မနေဗိုလ်စွဲအောင်စွမ်းဆောင်ပြရတော့မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အမ္မရီဟာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲရဲ႕ ေအာင္ျမင္မႈအမ်ားဆုံးနည္းျပလို႔ အာတီတာ ခ်ီးက်ဴး

အာဆင္နယ္အသင္းနည္းျပ အာတီတာက ဗီလာရီးယဲလ္နည္းျပအူႏိုင္းအမ္မရီဟာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ေအာင္ျမင္မႈအမ်ားဆုံးရယူထားတဲ့နည္းျပျဖစ္ၿပီး သူတို႔အသင္းကို ေက်ာ္ျဖတ္ဖို႔က ခက္ခဲလိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ ကြာတားဖိုင္နယ္ပထမအေက်ာ့တုန္းက ဆလားဗီးယားပရက္ဂ္အသင္းကို အိမ္ကြင္းမွာ တစ္ဂိုးစီသေရသာကစားႏိုင္ခဲ့ေပမယ့္ အေဝးကြင္းမွာေတာ့ ေျခစြမ္းေကာင္းျပသခဲ့ၿပီး (၄)ဂိုးျပတ္အႏိုင္ရခဲ့လို႔ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ ဗီလာရီးယဲလ္အသင္းကလည္း ကြာတားဖိုင္နယ္မွာ ဒိုင္နမိုဇာဂရက္အသင္းကို ႏွစ္ေက်ာ့ေပါင္း(၃-၁)ဂိုးနဲ႔အႏိုင္ယူၿပီး ၂၀၁၅-၁၆ ရာသီေနာက္ပိုင္းေဝးကြာေနတဲ့ ဆီမီးဖိုင္နယ္အဆင့္ကို ျပန္လည္တက္ေရာက္ႏိုင္ခဲ့တာပါ။ အူႏိုင္းအမ္မရီဟာ နည္းျပဘဝမွာ ဆီဗီလာအသင္းနဲ႔အတူ ယူ႐ိုပါလိဂ္ဖလားကို ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ ခုႏွစ္ေတြမွာ ရယူႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ (၃)ႏွစ္ဆက္ခ်န္ပီယံဆုဖလားရယူခဲ့ဖူးတဲ့ ပထမဆုံးနည္းျပအျဖစ္ စံခ်ိန္တင္ထားတာျဖစ္ပါတယ္။

အူႏိုင္းအမ္ရီဟာ ၂၀၁၈-၁၉ တစ္ရာသီသာကိုင္တြယ္ခဲ့ရၿပီး ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအထိပို႔ေဆာင္ႏိုင္ခဲ့ေပမယ့္ ခ်ယ္လ္ဆီးကို ရႈံးနိမ့္ခဲ့လို႔ ဒုတိယေနရာနဲ႔ေက်နပ္ခဲ့ရသလို ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ရလဒ္ေတြဆိုး႐ြားခဲ့တာေၾကာင့္ ၂၀၁၉၊ ႏိုဝင္ဘာလမွာ နည္းျပရာထူးကေန အထုတ္ခံခဲ့ရသူျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ အူႏိုင္းအမ္မရီဟာ ၿပိဳင္ဘက္နည္းျပအျဖစ္ အသင္းေဟာင္းအာဆင္နယ္ကို ျပန္လည္ရင္ဆိုင္ရေတာ့မွာျဖစ္ၿပီး လက္ရွိနည္းျပအာတီတာကေတာ့ အူႏိုင္းအမ္မရီရဲ႕ ဗီလာရီးယဲလ္အသင္းကို ေက်ာ္ျဖတ္ဖို႔က ခက္ခဲလိမ့္မယ္လို႔ ဆိုခဲ့တာပါ။ အာတီတာက “ဗီလာရီးယဲလ္နဲ႔ရင္ဆိုင္ရမယ့္ပြဲက တကယ့္ကိုအႀကိတ္အနယ္ရွိမွာေသခ်ာပါတယ္။ အူႏိုင္းအမ္မရီကလည္း ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ေအာင္ျမင္မႈအမ်ားဆုံးနည္းျပလို႔သတ္မွတ္ရမယ့္သူလည္းျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အသင္းမွာ ဒီထက္ပိုေကာင္းလာေအာင္ လုပ္ေဆာင္ရမယ့္အရာေတြ အမ်ားႀကီးရွိေနေပမယ့္ ကြၽန္ေတာ္တို႔ေတြကေတာ့ ေန႔တိုင္းကို အေကာင္းဆုံးပုံစံနဲ႔ျဖတ္ေက်ာ္ႏိုင္ဖို႔ ဆႏၵျပင္းျပေနၾကတာျဖစ္ပါတယ္”လု႔ိ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ အူႏိုင္းအမ္မရီလက္ထက္မွာ ဆုဖလားတစ္ခုမွ မရခဲ့ေပမယ့္ အာတီတာကေတာ့ သူကိုင္တြယ္ၿပီးကာလတိုအတြင္းမွာပဲ FA ဖလား၊ ကြန္ျမဴနတီဒိုင္းေတြရယူေပးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဒီရာသီမွာ အာဆင္နယ္အသင္း ရလဒ္ေတြမတည္မၿငိမ္ျဖစ္ေနၿပီး လာမယ့္ရာသီဥေရာပဝင္ခြင့္ေမွ်ာ္လင့္ခ်က္ အားနည္းေနၿပီျဖစ္လို႔ အာတီတာဟာ ဖိအားေတြနဲ႔ရင္ဆိုင္ေနရသလို လာမယ့္ႏွစ္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အခုယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ မျဖစ္မေနဗိုလ္စြဲေအာင္စြမ္းေဆာင္ျပရေတာ့မွာပါ။