အမ်မရီနေရာမှာအစားထိုးဖို့ ဝုဗ်နည်းပြနူနိုဆန်တို ရေပန်းအစားဆုံးဖြစ်နေ

PC ; Internet

ခရစ္စမတ်မတိုင်ခင်ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ပရီးမီးယားလိဂ်နည်းပြစာရင်းမှာ အာဆင်နယ်နည်းပြအူနိုင်းအမ်မရီဟာ ဒုတိယနေရာမှာရပ်တည်နေပါတယ်။အဲဒီလိုပဲ ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ အမ်မရီရဲ့နေရာမှာ အစားထိုးဝင်ရောက်လာနိုင်တဲ့ နည်းပြစာရင်းထဲမှာလည်း ဝုဗ်နည်းပြနူနိုဆန်တိုက ရေပန်းအစားဆုံးဖြစ်နေပါတယ်။အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီး အမှတ်ပေးဇယားအဆင့်-၈နေရာကို ရောက်ရှိနေပါတယ်။အဆင့်-၄နေရာကချဲလ်ဆီးနဲ့ ၁၀မှတ်ကွာနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်ရတော့မှာပါ။

PC ; Internet

နူနိုဆန်တိုကတော့ ဝုဗ်အသင်းကို အဆင့်-၅နေရာမှာရပ်တည်နိုင်အောင်စွမ်းဆောင်ပေးထားသလို ယူရိုပါလိဂ်မှာလည်း အုပ်စုကတက်ဖို့အခြေအနေကောင်းတွေပိုင်ဆိုင်ထားပါတယ်။။အာဆင်နယ်နည်းပြသစ်နေရာအတွက် ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ထွက်ပေါ်ခဲ့တဲ့ ဘွတ်ကီဒိုင်တွေရဲ့အလေးပေးချက်မှာ နူနိုဆန်တိုအတွက် Sky Bet က ၇/၄လေး၊ Betfair နှင့် Paddy Power တို့က ၃/၁လေး၊ Ladbrokes နှင့် Coral တို့က ၉/၄လေးနဲ့ အသားပေးဖွင့်လှစ်ထားတာဖြစ်ပါတယ်။

PC ; Internet

နူနိုဆန်တိုရဲ့နောက်မှာ မန်စီးတီးလက်ထောက်နည်းပြအာတီတာ၊ ဂျူဗင်တပ်နည်းပြဟောင်းအယ်လီဂရီနဲ့ စပါးအသင်းနည်းပြဟောင်းပိုချက်တီနိုတို့ အသီးသီးရပ်တည်နေကြပါတယ်။ဆောက်သမ်တန်ကိုအိမ်ကွင်းမှာ သရေသာကစားနိုင်ခဲ့တဲ့နောက် အာဆင်နယ်နည်းပြအမ်မရီရဲ့အနာဂါတ်ဟာ အလှုပ်ခတ်ဆုံးဖြစ်လာခဲ့ပြီး အစားထိုးမယ့်နည်းပြအလေးပေးချက်တွေကလည်း အဆက်မပြတ်ထွက်ပေါ်နေသလို လက်ရှိအချိန်မှာ နူနိုဆန်တိုကရေပန်းအစားဆုံးဖြစ်နေတာပါ။

(zawgyi)

ခရစၥမတ္မတိုင္ခင္ထုတ္ပယ္ခံရဖို႔ ေရပန္းအစားဆံုးျဖစ္ေနတဲ့ ပရီးမီးယားလိဂ္နည္းျပစာရင္းမွာ အာဆင္နယ္နည္းျပအူႏိုင္းအမ္မရီဟာ ဒုတိယေနရာမွာရပ္တည္ေနပါတယ္။အဲဒီလိုပဲ ဖိအားေတြနဲ႔ရင္ဆိုင္ေနရတဲ့ အမ္မရီရဲ႕ေနရာမွာ အစားထိုး၀င္ေရာက္လာႏိုင္တဲ့ နည္းျပစာရင္းထဲမွာလည္း ၀ုဗ္နည္းျပႏူႏိုဆန္တိုက ေရပန္းအစားဆံုးျဖစ္ေနပါတယ္။အာဆင္နယ္ဟာ ေနာက္ဆံုးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၅ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ၿပီး အမွတ္ေပးဇယားအဆင့္-၈ေနရာကို ေရာက္ရွိေနပါတယ္။အဆင့္-၄ေနရာကခ်ဲလ္ဆီးနဲ႔ ၁၀မွတ္ကြာေနတာေၾကာင့္ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ ရုန္းကန္ရေတာ့မွာပါ။ႏူႏိုဆန္တိုကေတာ့ ၀ုဗ္အသင္းကို အဆင့္-၅ေနရာမွာရပ္တည္ႏိုင္ေအာင္စြမ္းေဆာင္ေပးထားသလို ယူရိုပါလိဂ္မွာလည္း အုပ္စုကတက္ဖို႔အေျခအေနေကာင္းေတြပိုင္ဆိုင္ထားပါတယ္။။အာဆင္နယ္နည္းျပသစ္ေနရာအတြက္ ျပီးခဲ့တဲ့အဂၤါေန႔မွာ ထြက္ေပၚခဲ့တဲ့ ဘြတ္ကီဒိုင္ေတြရဲ႕အေလးေပးခ်က္မွာ ႏူႏိုဆန္တိုအတြက္ Sky Bet က ၇/၄ေလး၊ Betfair ႏွင့္ Paddy Power တို႔က ၃/၁ေလး၊ Ladbrokes ႏွင့္ Coral တို႔က ၉/၄ေလးနဲ႔ အသားေပးဖြင့္လွစ္ထားတာျဖစ္ပါတယ္။ႏူႏိုဆန္တိုရဲ႕ေနာက္မွာ မန္စီးတီးလက္ေထာက္နည္းျပအာတီတာ၊ ဂ်ဴဗင္တပ္နည္းျပေဟာင္းအယ္လီဂရီနဲ႔ စပါးအသင္းနည္းျပေဟာင္းပိုခ်က္တီႏိုတို႔ အသီးသီးရပ္တည္ေနၾကပါတယ္။ေဆာက္သမ္တန္ကိုအိမ္ကြင္းမွာ သေရသာကစားႏိုင္ခဲ့တဲ့ေနာက္ အာဆင္နယ္နည္းျပအမ္မရီရဲ႕အနာဂါတ္ဟာ အလႈပ္ခတ္ဆံုးျဖစ္လာခဲ့ျပီး အစားထိုးမယ့္နည္းျပအေလးေပးခ်က္ေတြကလည္း အဆက္မျပတ္ထြက္ေပၚေနသလို လက္ရွိအခ်ိန္မွာ ႏူႏိုဆန္တိုကေရပန္းအစားဆံုးျဖစ္ေနတာပါ။