အမ်ဘတ်ပီထက်စာရင် ဟာလန်းကိုခေါ်ဖို့သာကြိုးစားတော့မယ့် ရီးရဲလ်

Photo-Internet
Photo-Internet

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီကို ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ခေါ်ဖို့စီစဉ်ထားတာကို ဖျက်သိမ်းပြီး ဒေါ့မန်နဲ့အတူခြေစွမ်းပြနေတဲ့ နော်ဝေသားတိုက်စစ်မှူး အာလင်းဟာလန်းကို လာမယ့်နွေရာသီမှာခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သတင်းတစ်ရပ်မှာဖော်ပြသွားပါတယ်။

ရီးရဲလ်ဟာ စီရော်နယ်ဒိုထွက်သွားပြီးနောက် တိုက်စစ်အခက်အခဲနဲ့ရင်ဆိုင်နေရပြီး ဂိုးသွင်းယူမှုလည်း နည်းပါးနေပါတယ်။ လက်ရှိမှာ ဟာဇက်ကလည်းဒဏ်ရာထပ်ရသွားပြန်တာကြောင့် ဒေါ့မန်ရဲ့ဂိုးသွင်းစက်ဖြစ်နေတဲ့ ဟာလန်းကိုလာမယ့်နွေရာသီမှာခေါ်ယူဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။ ဒီအတွက် ကမ္ဘာ့စံချိန်တင်ဈေးနဲ့ ခေါ်ယူရမယ်ဆိုရင်လည်း ရီးရဲလ်ကအသင့်ရှိနေမယ်လို့ ဆိုပါတယ်။

Photo-Internet

ရီးရဲလ်ဟာပြီးခဲ့တဲ့ နွေရာသီတုန်းက အမ်ဘတ်ပီကိုခေါ်ယူဖို့ ကြိုးစားခဲ့ပြီး ကစားသမားကလည်း စိန်ခေါ်မှုအသစ်တွေရင်ဆိုင်လိုတယ်လို့ ပြီးခဲ့တဲ့ ရာသီကုန်ကာနီးတုန်းကပြောထားပါတယ်။ ဒါပေမယ့်လည်း ဟာလန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်မှာ ဆဲလ်ဘတ်ကနေ ဒေါ့မန်ကိုပြောင်းလာပြီးတဲ့နောက် ခြေစွမ်းပြနေတဲ့အတွက် သူ့ကိုခေါ်ဖို့သာစိတ်ဝင်စားလာတာပါ။

Photo-Internet

ဟာလန်းဟာ အသက် ၁၉ နှစ်သာရှိသေးလို့ အမ်ဘတ်ပီထက် ၂ နှစ်ငယ်တဲ့အပြင် အဆုံးသတ်ပိုင်းမှာလည်းပိုပြီးပါးနပ်တဲ့သူဖြစ်ပါတယ်။ သူဟာဒေါ့မန်အတွက် ၈ ပွဲသာကစားရသေးပေမယ့် ၁၂ ဂိုးအထိသွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ရာသီပထမပိုင်းတုန်းကလည်း ဆဲလ်ဘတ်အတွက် ချန်ပီယံလိဂ်အုပ်စုအဆင့် ၈ ဂိုးအပါအဝင် ၂၄ ဂိုးသွင်းခဲ့ပါသေးတယ်။

Photo-Internet

သူဟာ ၁၆ သင်းအဆင့်ပထမအကျော့ပွဲအဖြစ် ပီအက်စ်ဂျီနဲ့ အိမ်ကွင်းကစားခဲ့တုန်းကလည်း ဒေါ့မန်အတွက် ၂ ဂိုးလုံးကိုသွင်းယူပေးခဲ့တာပါ။ ဒီပွဲမှာ ဒေါ့မန်က ၂-၁ နဲ့အနိုင်ရခဲ့ပါတယ်။ အမ်ဘတ်ပီဟာ ပီအက်စ်ဂျီနဲ့ ၂၀၂၂ အထိစာချုပ်သက်တမ်းရှိထားပြီး ဟာလန်းကတော့ ဒေါ့မန်နဲ့ ၂၀၂၄ အထိစာချုပ်ထားသူဖြစ်ပါတယ်။

Photo-Internet

Zawgyi

အမ္ဘတ္ပီထက္စာရင္ ဟာလန္းကိုေခၚဖို႔သာႀကိဳးစားေတာ႔မယ္႔ ရီးရဲလ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ ပီအက္စ္ဂ်ီတိုက္စစ္မွဴး အမ္ဘတ္ပီကို ကမၻာ႔စံခ်ိန္တင္ေၾကးနဲ႔ ေခၚဖို႔စီစဥ္ထားတာကို ဖ်က္သိမ္းၿပီး ေဒါ့မန္နဲ႔အတူေျခစြမ္းျပေနတဲ႔ ေနာ္ေ၀သားတိုက္စစ္မွဴး အာလင္းဟာလန္းကို လာမယ္႔ေႏြရာသီမွာေခၚယူဖို႔ ႀကိဳးစားသြားမယ္လို႔ သတင္းတစ္ရပ္မွာေဖာ္ျပသြားပါတယ္။

ရီးရဲလ္ဟာ စီေရာ္နယ္ဒိုထြက္သြားၿပီးေနာက္ တိုက္စစ္အခက္အခဲနဲ႔ရင္ဆိုင္ေနရၿပီး ဂိုးသြင္းယူမႈလည္း နည္းပါးေနပါတယ္။ လက္ရွိမွာ ဟာဇက္ကလည္းဒဏ္ရာထပ္ရသြားျပန္တာေၾကာင့္ ေဒါ့မန္ရဲ႕ဂိုးသြင္းစက္ျဖစ္ေနတဲ႔ ဟာလန္းကိုလာမယ္႔ေႏြရာသီမွာေခၚယူဖို႔ စီစဥ္လိုက္တာျဖစ္ပါတယ္။ ဒီအတြက္ ကမၻာ႔စံခ်ိန္တင္ေစ်းနဲ႔ ေခၚယူရမယ္ဆိုရင္လည္း ရီးရဲလ္ကအသင့္ရွိေနမယ္လို႔ ဆိုပါတယ္။

ရီးရဲလ္ဟာၿပီးခဲ့တဲ႔ ေႏြရာသီတုန္းက အမ္ဘတ္ပီကိုေခၚယူဖို႔ ႀကိဳးစားခဲ့ၿပီး ကစားသမားကလည္း စိန္ေခၚမႈအသစ္ေတြရင္ဆိုင္လိုတယ္လို႔ ၿပီးခဲ့တဲ႔ ရာသီကုန္ကာနီးတုန္းကေျပာထားပါတယ္။ ဒါေပမယ္႔လည္း ဟာလန္းဟာ ၿပီးခဲ့တဲ႔ ဇန္န၀ါရီေစ်းကြက္မွာ ဆဲလ္ဘတ္ကေန ေဒါ့မန္ကိုေျပာင္းလာၿပီးတဲ႔ေနာက္ ေျခစြမ္းျပေနတဲ႔အတြက္ သူ႔ကိုေခၚဖုိ႔သာစိတ္၀င္စားလာတာပါ။

ဟာလန္းဟာ အသက္ ၁၉ ႏွစ္သာရွိေသးလို႔ အမ္ဘတ္ပီထက္ ၂ ႏွစ္ငယ္တဲ႔အျပင္ အဆုံးသတ္ပိုင္းမွာလည္းပိုၿပီးပါးနပ္တဲ႔သူျဖစ္ပါတယ္။ သူဟာေဒါ့မန္အတြက္ ၈ ပြဲသာကစားရေသးေပမယ္႔ ၁၂ ဂိုးအထိသြင္းယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ရာသီပထမပိုင္းတုန္းကလည္း ဆဲလ္ဘတ္အတြက္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ၈ ဂိုးအပါအ၀င္ ၂၄ ဂိုးသြင္းခဲ့ပါေသးတယ္။

သူဟာ ၁၆ သင္းအဆင့္ပထမအေက်ာ႔ပြဲအျဖစ္ ပီအက္စ္ဂ်ီနဲ႔ အိမ္ကြင္းကစားခဲ့တုန္းကလည္း ေဒါ့မန္အတြက္ ၂ ဂိုးလုံးကိုသြင္းယူေပးခဲ့တာပါ။ ဒီပြဲမွာ ေဒါ့မန္က ၂-၁ နဲ႔အႏိုင္ရခဲ့ပါတယ္။ အမ္ဘတ္ပီဟာ ပီအက္စ္ဂ်ီနဲ႔ ၂၀၂၂ အထိစာခ်ဳပ္သက္တမ္းရွိထားၿပီး ဟာလန္းကေတာ႔ ေဒါ့မန္နဲ႔ ၂၀၂၄ အထိစာခ်ဳပ္ထားသူျဖစ္ပါတယ္။