M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
စပိန်နဲ့ပြင်သစ်တို့ရဲ့နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ ပွဲချိန်မိနစ် ၈၀ အရောက် ပြင်သစ်တိုက်စစ်မှုးအမ်ဘက်ပီသွင်းယူတဲ့အနိုင်ဂိုးဟာ ပြိုင်ဘက်အသင်းရဲ့ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်းကို ခံခဲ့ရပေမယ့် နောက်ဆုံးမှာ ခွင့်ပြုခံခဲ့ရပါတယ်။
အမ်ဘက်ပီဟာ ထိုးပေးတဲ့ဘောလုံးကို မရခင်မှာ လူကျွံနေတယ်လို့ စပိန်ဘက်က စောဒကတက်ခဲ့ပြီး တကယ်လည်း ရုတ်တရတ်ကြည့်ရင် လူကျွံပုံရပါတယ်။
ဒါပေမဲ့ ကွင်းလယ်ဒိုင်ကတော့ စပိန်နောက်ခံလူဂါစီယာဟာ နောက်ဆုံးတားဆီးဖို့ကြိုးပမ်းခဲ့သလို ဘောလုံးကို ထိခဲ့တယ်လို့ ယူဆတာကြောင့် အမ်ဘက်ပီလူမကျွံဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
စပိန်အသင်းခေါင်းဆောင်ဘက်စ်ကွက်ကတော့ ဒိုင်ဆီကနေ သူရခဲ့တဲ့ ရှင်းပြမှုဟာ ယုတ္တိမတန်ကြောင်း ၂-၁ နဲ့အဆုံးသတ်ခဲ့တဲ့အဲဒီပွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။
”ပြင်သစ်ရသွားတဲ့ဒုတိယဂိုးဟာ ကျွန်တော်တို့အဖု့ိကတေ့ လူကျွံနေသလိုပါပဲ။
ဒိုင်ကတော့ ဂါစီယာက ဘောလုံးထိဖို့ ကြိုးစားခဲ့လို့ လူကျွံတာကို ပယ်ဖျက်လိုက်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အဲဒါက ယုတ္တိမှ မရှိတာဗျာ။ သူက ဘောလုံးရှင်းထုတ်ဖို့ပဲ လုပ်ခဲ့တာဖြစ်ပြီး ကန်ဖို့မဟုတ်သလို လွတ်လည်းလွတ်ထွက်ခဲ့ပါတယ်”လို့ ဘက်စ်ကွက်က စပိန်ရုပ်သံတစ်ခုကို ပြောခဲ့တာပါ။
Sky Sports ရုပ်သံရဲ့ဘောလုံးဝေဖန်သူတစ်ယောက်ဖြစ်တဲ့ ကစားသမားဟောင်းဂျေမီရက်နပ်ကတော့”စပိန်ဘက်ကကြည့်မယ်ဆိုရင် တကယ်ကို လက်ခံရခက်ပါတယ်။
အမ်ဘက်ပီဟာ မယုံနိုင်စရာမြန်နှုန်းကို ပိုင်ဆိုင်ထားပေမယ့် သူပြေးတာက timing မှားနေပါတယ်။
ဂါစီယာဆီက နည်းနည်းလေးထိတာတစ်ခုပဲ။
ဘောလုံးဥပဒေသမှာတော့ လမ်းကြောင်းပြောင်းသွားမယ့် play မျိုးဆိုရင် အဲဒီလိုလုပ်လို့ရတယ်ပြဌာန်းထားပေမယ့် ဂါစီယာရည်ရွယ်ထားတာက ဘာလဲ။
သီအိုဟာနန်ဒက်ဇ်ပေးကတည်းက အမ်ဘက်ပီဟာ သေချာပေါက်လူကျွံနေတာပါ။
ဒါပေမဲ့ ဂါစီယာက နည်းနည်းလေးထိလိုက်လို့ play အသစ်တစ်ခုဖြစ်သွားတယ်။
သူက ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ အဲဒီလိုမဟုတ်ဘူး။
သူက ဂိုးသမားကို ပေးဖို့လုပ်တာမှ မဟုတ်တာ။
ဘောလုံးဥပဒေရဲ့တကယ်ကိုအားနည်းလှတဲ့နားလည်ရမှုတစ်ခုပဲ။
ကျွန်တော်ကတော့ အဲဒါကို မကြိုက်သလို မမျှတဘူးလို့လည်း ခံစားရပါတယ်”လို့ သုံးသပ်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
အမ်ဘက်ပီရဲ့အငြင်းပွားဖွယ်အနိုင်ဂိုးကို ဘာကြောင့် ခွင့်ပြုခဲ့သလဲ