အမေးမတတ်တဲ့ သတင်းထောက်ကို စိတ်ခုသွားခဲ့တဲ့ ဘေးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်တာဗျူးတဲ့သူတွေ၊ သတင်းထောက်တွေဆိုတာ အမေးတတ်ရပါတယ်။

အဲဒီလိုပါပဲ ဖြေတဲ့သူတွေကလည်း လိမ္မာပါးနပ်တတ်ရပါတယ်။

မနေ့က ယူရိုပွဲတစ်ပွဲအပြီးမှာတော့ ဘီဘီစီသတင်းထောက် အပြောမတတ်တဲ့ လုပ်ရပ် လုပ်ခဲ့ပါတယ်။

မတော်တဆ အမေးမတတ်တာလား၊ တမင်တကာပဲ တစ်ဖက်ကစားသမားကို စိတ်ခုအောင်လုပ်တာလားဆိုတာကတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

ဒိန်းမတ်ကို ၄-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ပွဲပြီးအင်တာဗျူးမှာ သူ့ရဲ့အနာဂတ်အကြောင်းကို မေးမြန်းမှုတွေပြုလုပ်ခဲ့လို့ ဂါရတ်ဘေးလ်ဟာ မေးခွန်းကိုဖြေဆိုခြင်းမပြုဘဲ စိတ်ဆိုးမာန်ဆိုးနဲ့ လှည့်ထွက်သွားခဲ့ပါတယ်။

ယမန်နေ့ညကတော့ ဝေးလ်အသင်းအတွက် စိတ်ပျက်စရာညတစ်ည ဖြစ်ခဲ့ပြီး ပုံစံကောင်းရနေတဲ့ ဒိန်းမတ်ကို ဒေါ့ချ်ဘတ်၊ မာဟေးလီ၊ ဘရီဝိတ်တို့ရဲ့ ဂိုးတွေနဲ့အတူ ၄ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

ဝေးလ်အသင်းခေါင်းဆောင်ဖြစ်တဲ့ ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သူဖြစ်ပါတယ်။

စပါးမှာ အငှားနဲ့လာရောက်ကစားခဲ့ပြီးနောက် ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘေးလ်ဟာ ရီးရဲလ်မှာ ပုံမှန်ကစားခွင့်ပြန်ရဖို့ နီးစပ်နေသူဖြစ်ပြီး နည်းပြသစ်အန်ဆယ်လော့တီလက်အောက်မှာ အရေးပါတဲ့အနေအထားကနေ ပါဝင်ရနိုင်ချေရှိနေပါတယ်။

ပွဲချိန်အတွင်း ဝေးလ်ဘက်က ပေးလိုက်ရတဲ့ ပြစ်ဒဏ်ဘောကြောင့် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် လက်ခုတ်တီး လှောင်ပြောင်ခဲ့တာအတွက် အဝါကတ်ပြခံလိုက်ရတဲ့ ဘေးလ်ဟာ ပွဲအပြီး ရလဒ်ကို စိတ်ပျက်နေတဲ့ကြားက အင်တာဗျူးဖြေဆိုခဲ့တာပါ။

ဘေးလ်က “ဒါမျိုးက ကျွန်တော်တို့ လိုချင်တဲ့ပုံစံမျိုး မဟုတ်ပါဘူး။

ကျွန်တော်တို့ အကောင်းဆုံး စတင်နိုင်ခဲ့ပြီး ဂိုးပေးလိုက်ရတဲ့အခါ ပွဲကတော်တော်လေး ပြောင်းသွားခဲ့ပါတယ်။

ကံမကောင်းစွာဘဲ ပေးဆပ်မှု ကြီးမားစေမယ့် အမှားတစ်ခုကိုလည်း ကျူးလွန်ခဲ့ပါတယ်”

“ကျွန်တော်တို့ ဒီလို အဆုံးသတ်ခဲ့တာက စိတ်ပျက်စရာ ဖြစ်ပေမဲ့ ဘာမှမလုပ်ပဲ ပြီးသွားတာထက်စာရင် ဒီလိုမျိုးကိုပဲ ပိုလိုချင်ပါတယ်။

ကျွန်တော်တို့ အခွင့်အရေး လွဲချော်ခဲ့ပေမယ့် ကောင်လေးတွေ ပြသခဲ့တဲ့ အားအင်တွေအတွက် အမှားလုပ်လို့ မရဘူးလို့ ထင်ပါတယ်”ဆိုပြီး ရှေ့ပိုင်းမေးခွန်းတွေကို ဖြေခဲ့ပါတယ်။

လက်ရွေးစင်အသင်းကနေ အနားယူတော့မှာလားဆိုတဲ့ မေးခွန်းအရောက်မှာ ဘေးလ်က ဒေါသထွက်ခဲ့ပြီး၊ မဖြေဘဲနဲ့ လှည့်ထွက်သွားခဲ့တာပဲဖြစ်ပါတယ်။

BBC သတင်းထောက်ကတော့ ယောင်ချာချာနဲ့သာ ကျန်နေရစ်ခဲ့ရပါတော့တယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အေမးမတတ္တဲ့ သတင္းေထာက္ကို စိတ္ခုသြားခဲ့တဲ့ ေဘးလ္

အင္တာဗ်ဴးတဲ့သူေတြ၊ သတင္းေထာက္ေတြဆိုတာ အေမးတတ္ရပါတယ္။ အဲဒီလုိပါပဲ ေျဖတဲ့သူေတြကလည္း လိမၼာပါးနပ္တတ္ရပါတယ္။ မေန႔က ယူရိုပြဲတစ္ပြဲအၿပီးမွာေတာ့ ဘီဘီစီသတင္းေထာက္ အေျပာမတတ္တဲ့ လုပ္ရပ္ လုပ္ခဲ့ပါတယ္။ မေတာ္တဆ အေမးမတတ္တာလား၊ တမင္တကာပဲ တစ္ဖက္ကစားသမားကို စိတ္ခုေအာင္လုပ္တာလားဆိုတာကေတာ့ သူကိုယ္တိုင္ပဲ သိပါလိမ့္မယ္။

ဒိန္းမတ္ကို ၄-၀ နဲ႔ အေရးနိမ့္ခဲ့ၿပီးေနာက္ ပြဲၿပီးအင္တာဗ်ဴးမွာ သူ႔ရဲ႕အနာဂတ္အေၾကာင္းကို ေမးျမန္းမႈေတြျပဳလုပ္ခဲ့လို႔ ဂါရတ္ေဘးလ္ဟာ ေမးခြန္းကိုေျဖဆိုျခင္းမျပဳဘဲ စိတ္ဆိုးမာန္ဆိုးနဲ႔ လွည့္ထြက္သြားခဲ့ပါတယ္။ ယမန္ေန႔ညကေတာ့ ေဝးလ္အသင္းအတြက္ စိတ္ပ်က္စရာညတစ္ည ျဖစ္ခဲ့ၿပီး ပုံစံေကာင္းရေနတဲ့ ဒိန္းမတ္ကို ေဒါ့ခ်္ဘတ္၊ မာေဟးလီ၊ ဘရီဝိတ္တို႔ရဲ႕ ဂိုးေတြနဲ႔အတူ ၄ဂိုးျပတ္ ရႈံးနိမ့္ခဲ့ပါတယ္။

ေဝးလ္အသင္းေခါင္းေဆာင္ျဖစ္တဲ့ ေဘးလ္ဟာ ရီးရဲလ္မက္ဒရစ္နဲ႔ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာ က်န္ရွိေတာ့သူျဖစ္ပါတယ္။ စပါးမွာ အငွားနဲ႔လာေရာက္ကစားခဲ့ၿပီးေနာက္ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ေဘးလ္ဟာ ရီးရဲလ္မွာ ပုံမွန္ကစားခြင့္ျပန္ရဖို႔ နီးစပ္ေနသူျဖစ္ၿပီး နည္းျပသစ္အန္ဆယ္ေလာ့တီလက္ေအာက္မွာ အေရးပါတဲ့အေနအထားကေန ပါဝင္ရႏိုင္ေခ်ရွိေနပါတယ္။

ပြဲခ်ိန္အတြင္း ေဝးလ္ဘက္က ေပးလိုက္ရတဲ့ ျပစ္ဒဏ္ေဘာေၾကာင့္ ကြင္းလယ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္အေပၚ လက္ခုတ္တီး ေလွာင္ေျပာင္ခဲ့တာအတြက္ အဝါကတ္ျပခံလိုက္ရတဲ့ ေဘးလ္ဟာ ပြဲအၿပီး ရလဒ္ကို စိတ္ပ်က္ေနတဲ့ၾကားက အင္တာဗ်ဴးေျဖဆိုခဲ့တာပါ။

ေဘးလ္က “ဒါမ်ိဳးက ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ပုံစံမ်ိဳး မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ အေကာင္းဆုံး စတင္ႏိုင္ခဲ့ၿပီး ဂိုးေပးလိုက္ရတဲ့အခါ ပြဲကေတာ္ေတာ္ေလး ေျပာင္းသြားခဲ့ပါတယ္။ ကံမေကာင္းစြာဘဲ ေပးဆပ္မႈ ႀကီးမားေစမယ့္ အမွားတစ္ခုကိုလည္း က်ဴးလြန္ခဲ့ပါတယ္”

“ကြၽန္ေတာ္တို႔ ဒီလို အဆုံးသတ္ခဲ့တာက စိတ္ပ်က္စရာ ျဖစ္ေပမဲ့ ဘာမွမလုပ္ပဲ ၿပီးသြားတာထက္စာရင္ ဒီလိုမ်ိဳးကိုပဲ ပိုလိုခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ အခြင့္အေရး လြဲေခ်ာ္ခဲ့ေပမယ့္ ေကာင္ေလးေတြ ျပသခဲ့တဲ့ အားအင္ေတြအတြက္ အမွားလုပ္လို႔ မရဘူးလို႔ ထင္ပါတယ္”ဆိုၿပီး ေရွ႕ပိုင္းေမးခြန္းေတြကို ေျဖခဲ့ပါတယ္။

လက္ေ႐ြးစင္အသင္းကေန အနားယူေတာ့မွာလားဆိုတဲ့ ေမးခြန္းအေရာက္မွာ ေဘးလ္က ေဒါသထြက္ခဲ့ၿပီး၊ မေျဖဘဲနဲ႔ လွည့္ထြက္သြားခဲ့တာပဲျဖစ္ပါတယ္။BBC သတင္းေထာက္ကေတာ့ ေယာင္ခ်ာခ်ာနဲ႔သာ က်န္ေနရစ္ခဲ့ရပါေတာ့တယ္။