အမေ့အတွက်ဆိုရင် စွန့်လွှတ်အနစ်နာခံမယ့် အူဘာမီယန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မိဘရှိတုန်း ဂရုစိုက်ပါဆိုတဲ့ စကားကို အူဘာမီယန်းကလည်း နားထောင်တဲ့သူပါ။ အူဘာမီယန်းက သူ့အနေနဲ့ အာဆင်နယ် အသင်းရဲ့ နောက်ဆုံး နှစ်ပွဲဆက် ပါဝင် ကစားနိုင်ခြင်းမရှိခဲ့တာဟာသူ့ရဲ့ မိခင် ဖြစ်သူ ကျန်းမာရေးအခြေအနေကြောင့် ဖြစ်ကြောင်းပရိသတ်တွေကိုအသိပေးပြောကြားလာခဲ့ပါတယ်။

အူဘာမီယန်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ”ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ စာတွေပို့ ၊ ဖုန်းတွေ ခေါ်ပြီး အားပေးကြတဲ့ မိတ်ဆွေတွေကိုကျေးဇူး အများကြီး တင်ပါတယ်။အမေ့မှာကျန်းမာရေး ဆိုင်ရာ ပြဿနာ အချို့ ဖြစ်လာခဲ့တာကြောင့် ကျွန်တော် ရှိနေပေးဖို့ လိုအပ်ခဲ့ပါတယ်။”

”အခုအချိန်မှာအမေ အများကြီး သက်သာ ကောင်းမွန်လာပါပြီ။ အမေ့ကိုကူညီကုသပေးကြတဲ့ဆရာဝန်တွေ နဲ့ သူနာပြုတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် အပေါ်အမြဲ ချစ်ခင်အားပေးကြတဲ့ အာဆင်နယ် ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အသင်း ရနေတဲ့ အရှိန်အဟုန်ကောင်းကို ဆက်လက် ထိန်းသိမ်း ထားနိုင်ဖို့လည်း စိတ်ပိုင်းဖြတ် ထားပါတယ်။”

“အားလုံးကို ကျေးဇူးတင်စကား ထပ်ပြီး ပြောလိုပါတယ်။ အဲဒီလို အားပေးမှုတွေကို ရတဲ့အတွက်ရောအားလုံးရဲ့ ချစ်ခြင်းတွေကို ရတဲ့အတွက်ပါ ကျေနပ်မိပါတယ်။ ကွင်းထဲ ပြန်ဝင်လာဖို့ မစောင့်နိုင်အောင်ပါပဲ ”ဆိုပြီး ရေးထားပါတယ်။

ယမန်နေ့က အာဆင်နယ်နည်းပြအာတီတာကဆောက်သမ်တန် အသင်းကို သုံးဂိုး တစ်ဂိုး နဲ့ အနိုင် ရခဲ့တဲ့ ပွဲဟာ အသင်း ခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်း အတွက် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး လာကာဇက်တီဟာလည်း ‌‌အဲဒီပွဲမှာ တတိယမြောက် အနိုင်ဂိုးကို သွင်းယူအပြီး အူဘာမီယန်းရဲ့ ကျောနံပါတ် ၁၄ကို ရည်ညွှန်း ပြီး အောင်ပွဲခံခဲ့ပါတယ်။

ယခုအခါ အူဘာရဲ့ မိခင်ကြီးလည်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီလို့ သိရတဲ့အတွက် လာမယ့် ယူနိုက်တက်နဲ့ကစားရမယ့် ပွဲမှာ အူဘာ ပြန်လည်ပါဝင်လာနိုင်မလားဆိုတာစောင့်ကြည့်သွားရပါမယ်။ အမေအတွက်တော့ အူဘာက သားလိမ္မာတစ်ယောက်ပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အေမ့အတြက္ဆိုရင္ စြန႔္လႊတ္အနစ္နာခံမယ့္ အူဘာမီယန္း

မိဘရွိတုန္း ဂ႐ုစိုက္ပါဆိုတဲ့ စကားကို အူဘာမီယန္းကလည္း နားေထာင္တဲ့သူပါ။ အူဘာမီယန္းက သူ႔အေနနဲ႔ အာဆင္နယ္ အသင္းရဲ႕ ေနာက္ဆုံး ႏွစ္ပြဲဆက္ ပါဝင္ ကစားႏိုင္ျခင္းမရွိခဲ့တာဟာသူ႔ရဲ႕ မိခင္ ျဖစ္သူ က်န္းမာေရးအေျခအေနေၾကာင့္ ျဖစ္ေၾကာင္းပရိသတ္ေတြကိုအသိေပးေျပာၾကားလာခဲ့ပါတယ္။

အူဘာမီယန္းက သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ”ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ စာေတြပို႔ ၊ ဖုန္းေတြ ေခၚၿပီး အားေပးၾကတဲ့ မိတ္ေဆြေတြကိုေက်းဇူး အမ်ားႀကီး တင္ပါတယ္။ အေမ့မွာက်န္းမာေရးဆိုင္ရာ ျပႆနာအခ်ိဳ႕ ျဖစ္လာခဲ့တာေၾကာင့္ ကြၽန္ေတာ္ ရွိေနေပးဖို႔ လိုအပ္ခဲ့ပါတယ္။” ”အခုအခ်ိန္မွာအေမ အမ်ားႀကီး သက္သာ ေကာင္းမြန္လာပါၿပီ။ အေမ့ကိုကူညီကုသေပးၾကတဲ့ဆရာဝန္ေတြ နဲ႔ သူနာျပဳေတြ အားလုံးကို ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ့္ အေပၚအၿမဲ ခ်စ္ခင္အားေပးၾကတဲ့ အာဆင္နယ္ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္တို႔ အသင္း ရေနတဲ့ အရွိန္အဟုန္ေကာင္းကို ဆက္လက္ ထိန္းသိမ္း ထားႏိုင္ဖို႔လည္း စိတ္ပိုင္းျဖတ္ ထားပါတယ္။” “အားလုံးကို ေက်းဇူးတင္စကား ထပ္ၿပီး ေျပာလိုပါတယ္။ အဲဒီလို အားေပးမႈေတြကို ရတဲ့အတြက္​ေရာအားလုံးရဲ႕ ခ်စ္ျခင္းေတြကို ရတဲ့အတြက္ပါ ေက်နပ္မိပါတယ္။ ကြင္းထဲ ျပန္ဝင္လာဖို႔ မေစာင့္ႏိုင္ေအာင္ပါပဲ ”ဆိုၿပီး ေရးထားပါတယ္။

ယမန္ေန႔က အာဆင္နယ္နည္းျပအာတီတာကေဆာက္သမ္တန္ အသင္းကို သုံးဂိုး တစ္ဂိုး နဲ႔ အႏိုင္ ရခဲ့တဲ့ ပြဲဟာ အသင္း ေခါင္းေဆာင္ တိုက္စစ္မႉး အူဘာမီယန္း အတြက္ ရည္႐ြယ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉး လာကာဇက္တီဟာလည္း ‌‌အဲဒီပြဲမွာ တတိယေျမာက္ အႏိုင္ဂိုးကို သြင္းယူအၿပီး အူဘာမီယန္းရဲ႕ ေက်ာနံပါတ္ ၁၄ကို ရည္ၫႊန္း ၿပီး ေအာင္ပြဲခံခဲ့ပါတယ္။

ယခုအခါ အူဘာရဲ႕ မိခင္ႀကီးလည္း က်န္းမာေရး ျပန္လည္ေကာင္းမြန္လာၿပီလို႔ သိရတဲ့အတြက္ လာမယ့္ ယူႏိုက္တက္နဲ႔ကစားရမယ့္ ပြဲမွာ အူဘာ ျပန္လည္ပါဝင္လာႏိုင္မလားဆိုတာေစာင့္ၾကည့္သြားရပါမယ္။ ​အ​ေမအတြက္​ေတာ့ အူဘာက သားလိမၼာတစ္​ေယာက္ပါပဲ။