
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အခုရက်ပိုင်းအတွင်း အမေရိကန်စစ်လေယာဉ်ပေါ် တွယ်ဖက်လိုက်ပါဖို့ကြိုးစားရင်းကနေ လူနှစ်ယောက်ပြုတ်ကျသေဆုံးခဲ့တဲ့ ရုပ်သံဖိုင်ကို ပရိသတ်တွေကြည့်ပြီးလောက်ပြီထင်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ ပြန်လည်အုပ်ချုပ်မှာဖြစ်တာကြောင့် ပြည်သူတွေဟာ ကိုယ့်နိုင်ငံကိုစွန့်ခွာထွက်ပြေးနေကြတဲ့အပြင် ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ
အမေရိကန်စစ်လေယာဉ်က ကာဘူးလ်မြို့မှာရှိတဲ့ပြည်သူတွေကို သယ်ဆောင်သွာဖို့ပြင်ဆင်နေချိန်မှာ လေယာဉ်ကွင်းလမ်းကြောင်းတစ်လျှောက် လူထောင်နဲ့ချီပြီးတော့
အဲဒီစစ်လေယာဉ်ပေါ်ကို တက်နိုင်ဖို့ကြိုးစားခဲ့သလို တချို့ကလည်း ရသလိုဖက်တွယ်လိုက်ပါခဲ့ကြတာဖြစ်ပြီး အတော်မြင့်မြင့်ရောက်သွားချိန်မှာ လူနှစ်ယောက် ပြုတ်ကျခဲ့တာဖြစ်ပါတယ်။
အမေရိကန်စစ်လေယာဉ်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တဲ့လူနှစ်ဦးမှာ တစ်ယောက်က အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ အာဖဂန်နစ္စတန်လူငယ်ဘောလုံးသမားဇာကီအန်ဝါရီဖြစ်တယ်လို့ အာဖဂန်နစ္စတန်ပြည်တွင်းသတင်းဌာနဖြစ်တဲ့ Ariana က ဖော်ပြခဲ့ပါတယ်။
အန်ဝါယီဟာ လေယာဉ်ပျံတက်နေချိန် လေယာဉ်ပြင်ပမှာ ဖက်တွယ်လိုက်ပါဖို့ကြိုးစားခဲ့ပေမယ့် အခုလိုအဖြစ်ဆိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
C-17 စစ်လေယာဉ်ပေါ်မှာ လိုက်ပါခဲ့ကြတဲ့ အာဖဂန်နစ္စပြည်သူအရေအတွက်က (၆၄၀)အထိရှိခဲ့သလို ဒါက သတ်မှတ်ထားတဲ့လူအရေအတွက်ထက် (၅)ဆပိုများခဲ့တာဖြစ်ပါတယ်။
တချို့လူတွေကတော့ လေယာဉ်ပျံဘီးကို ဖက်တွယ်လိုက်ပါခဲ့ပြီး ကာတာနိုင်ငံက Al-Udeid လေဆိပ်ကို ဆင်းသက်ချိန်မှ တာဝန်ရှိသူတွေဟာ ဒီလူတွေကို တွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။
အခုမတော်တဆဖြစ်ရပ်ကြောင့် ဇာကီအန်ဝါရီ သေဆုံးခဲ့သလို ကာဘူးလ်လေဆိပ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာကနေ အနည်းဆုံးလူ(၅)ဦးသေဆုံးခဲ့ပြီး
C-17 လေယာဉ်ပျံတက်ဖို့ပြင်ဆင်နေချိန် ပြေးလမ်းကြောင်းပေါ်မှာ လူတွေက ပြေးလွှားနေတာကြောင့် အမေရိကန်စစ်သားတွေက ခြောက်လှန့်တဲ့သဘောနဲ့ လေထဲကို
သေနတ်နဲ့ပစ်ဖောက်ပြီးတော့ လမ်းကြောင်းရှင်းလင်းခဲ့ရတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်တိုးဝှေ့တာကနေ ထိခိုက်ဒဏ်ရာရသေဆုံးခဲ့ကြတာဖြစ်ပါတယ်။
ကာဘူးလ်လေဆိပ်မှာ မနေ့ကအထိ ရှုပ်ထွေးမှုတွေဖြစ်ခဲ့သလို အာဖဂန်နစ္စတန်ပြည်သူတွေဟာ သူတို့ကို ကယ်ဆယ်မယ့်လေယာဉ်များရောက်လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ စုဝေးခဲ့ကြတယ်လို့ အာဖဂန်နစ္စတန်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
အေမရိကန္စစ္ေလယာဥ္ေပၚ တြယ္ဖက္လိုက္ပါဖို႔ႀကိဳးစားရင္း ျပဳတ္က်ေသဆုံးခဲ့တဲ့ အာဖဂန္နစၥတန္လူငယ္ေဘာလုံးသမား
အခုရက္ပိုင္းအတြင္း အေမရိကန္စစ္ေလယာဥ္ေပၚ တြယ္ဖက္လိုက္ပါဖို႔ႀကိဳးစားရင္းကေန လူႏွစ္ေယာက္ျပဳတ္က်ေသဆုံးခဲ့တဲ့ ႐ုပ္သံဖိုင္ကို ပရိသတ္ေတြၾကည့္ၿပီးေလာက္ၿပီထင္ပါတယ္။ အာဖဂန္နစၥတန္ႏိုင္ငံမွာ တာလီဘန္ေတြ ျပန္လည္အုပ္ခ်ဳပ္မွာျဖစ္တာေၾကာင့္ ျပည္သူေတြဟာ ကိုယ့္ႏိုင္ငံကိုစြန႔္ခြာထြက္ေျပးေနၾကတဲ့အျပင္ ၿပီးခဲ့တဲ့တနဂၤေႏြေန႔မွာ အေမရိကန္စစ္ေလယာဥ္က ကာဘူးလ္ၿမိဳ႕မွာရွိတဲ့ျပည္သူေတြကို သယ္ေဆာင္သြာဖို႔ျပင္ဆင္ေနခ်ိန္မွာ ေလယာဥ္ကြင္းလမ္းေၾကာင္းတစ္ေလွ်ာက္ လူေထာင္နဲ႔ခ်ီၿပီးေတာ့ အဲဒီစစ္ေလယာဥ္ေပၚကို တက္ႏိုင္ဖို႔ႀကိဳးစားခဲ့သလို တခ်ိဳ႕ကလည္း ရသလိုဖက္တြယ္လိုက္ပါခဲ့ၾကတာျဖစ္ၿပီး အေတာ္ျမင့္ျမင့္ေရာက္သြားခ်ိန္မွာ လူႏွစ္ေယာက္ ျပဳတ္က်ခဲ့တာျဖစ္ပါတယ္။
အေမရိကန္စစ္ေလယာဥ္ေပၚကေန ျပဳတ္က်ေသဆုံးခဲ့တဲ့လူႏွစ္ဦးမွာ တစ္ေယာက္က အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးတဲ့ အာဖဂန္နစၥတန္လူငယ္ေဘာလုံးသမားဇာကီအန္ဝါရီျဖစ္တယ္လို႔ အာဖဂန္နစၥတန္ျပည္တြင္းသတင္းဌာနျဖစ္တဲ့ Ariana က ေဖာ္ျပခဲ့ပါတယ္။ အန္ဝါယီဟာ ေလယာဥ္ပ်ံတက္ေနခ်ိန္ ေလယာဥ္ျပင္ပမွာ ဖက္တြယ္လိုက္ပါဖို႔ႀကိဳးစားခဲ့ေပမယ့္ အခုလိုအျဖစ္ဆိုးမ်ိဳးနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။
C-17 စစ္ေလယာဥ္ေပၚမွာ လိုက္ပါခဲ့ၾကတဲ့ အာဖဂန္နစၥျပည္သူအေရအတြက္က (၆၄၀)အထိရွိခဲ့သလို ဒါက သတ္မွတ္ထားတဲ့လူအေရအတြက္ထက္ (၅)ဆပိုမ်ားခဲ့တာျဖစ္ပါတယ္။ တခ်ိဳ႕လူေတြကေတာ့ ေလယာဥ္ပ်ံဘီးကို ဖက္တြယ္လိုက္ပါခဲ့ၿပီး ကာတာႏိုင္ငံက Al-Udeid ေလဆိပ္ကို ဆင္းသက္ခ်ိန္မွ တာဝန္ရွိသူေတြဟာ ဒီလူေတြကို ေတြ႕ရွိခဲ့ရတာလည္းျဖစ္ပါတယ္။
အခုမေတာ္တဆျဖစ္ရပ္ေၾကာင့္ ဇာကီအန္ဝါရီ ေသဆုံးခဲ့သလို ကာဘူးလ္ေလဆိပ္မွာ ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့တာကေန အနည္းဆုံးလူ(၅)ဦးေသဆုံးခဲ့ၿပီး C-17 ေလယာဥ္ပ်ံတက္ဖို႔ျပင္ဆင္ေနခ်ိန္ ေျပးလမ္းေၾကာင္းေပၚမွာ လူေတြက ေျပးလႊားေနတာေၾကာင့္ အေမရိကန္စစ္သားေတြက ေျခာက္လွန႔္တဲ့သေဘာနဲ႔ ေလထဲကို ေသနတ္နဲ႔ပစ္ေဖာက္ၿပီးေတာ့ လမ္းေၾကာင္းရွင္းလင္းခဲ့ရတဲ့အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္တိုးေဝွ႔တာကေန ထိခိုက္ဒဏ္ရာရေသဆုံးခဲ့ၾကတာျဖစ္ပါတယ္။ ကာဘူးလ္ေလဆိပ္မွာ မေန႔ကအထိ ရႈပ္ေထြးမႈေတြျဖစ္ခဲ့သလို အာဖဂန္နစၥတန္ျပည္သူေတြဟာ သူတို႔ကို ကယ္ဆယ္မယ့္ေလယာဥ္မ်ားေရာက္လာမလားဆိုတဲ့ေမွ်ာ္လင့္ခ်က္နဲ႔ စုေဝးခဲ့ၾကတယ္လို႔ အာဖဂန္နစၥတန္မီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။