အမေဖြစ်သူရဲ့ ကြက်ဥကြော်နဲ့ ဝက်အူချောင်းတွေက ဘရန်ဒန်ဝီလီယံအတွက် ခွန်အားတွေ ဖြစ်စေခဲ့

ROTHERHAM, ENGLAND - AUGUST 06: Brandon Williams of Manchester United U21 during the EFL Trophy match between Rotherham United and Manchester United U21 at AESSEAL New York Stadium on August 6, 2019 in Rotherham, England. (Photo by George Wood/Getty Images)

ယခုနှစ်ရာသီ ယူနိုက်တက် လူငယ်လေး ဘရန်ဒန် ဝီလီယံ အထူးခြေစွမ်းပြနေခြင်းက အမေဖြစ်သူရဲ့ ကြက်ဥကြော်နဲ့ ဝက်အူချောင်းတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဝီလီယံဟာ ယခုနှစ်ရာသီမှာ ယူနိုက်တက် စီနီယာအသင်းကို ထိုးဖောက်လာနိုင်ပြီး နေရာတစ်နေရာကို အခိုင်အမာ ရယူနိုင်ခဲ့ကာ ယူရို ၂၀၂၀ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်း လူစာရင်းမှာတောင် ရွေးချယ်ခံဖို့ များနေပါတယ်။

စကိုင်းစပေါ့ရဲ့ ဘောလုံးရေးရာ သုံးသပ်သူလည်းဖြစ် ယူနိုက်တက် ဂန္တဝင်လည်းဖြစ်တဲ့ ဂယ်ရီနဗီးလ်ကလည်း အင်္ဂလန်သားလေးရဲ့ မျက်လုံးတွေက ပြိုင်ဘက်ရဲ့ နှာခေါင်းကိုတောင် စားလုမတတ် ဖြစ်နေတယ်လို့ ချီးကျူးခဲ့ပါတယ်။ အလားတူ ဂယ်ရီလိုင်နီကာကလည်း အင်္ဂလန်မှာ စိတ်လှုပ်ရှားကောင်းတဲ့ လူငယ်တစ်ယောက် ရရှိထားပြီလို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

ဘရန်ဒန်ရဲ့ အမေဖြစ်သူ လီဆာဟာ ကော်ဖီဆိုင် ဖွင့်ထားသူဖြစ်ပြီး သူလုပ်ပေးခဲ့တဲ့ အစားအသောက်တွေကို နည်းပြ ဆိုးလ်ရှားတစ်ယောက် ကြိုက်လောက်မှာ မဟုတ်ဘူးလို့ ဖွင့်ဟခဲ့ပေမဲ့ ယခုလို ဘရန်ဒန်တစ်ယောက် အောင်မြင်နေတာက ကြက်ဥကြော်နဲ့ ဝက်အူချောင်းကြောင့် ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

လီဆာက “သားက ကြက်ဥကြော်နဲ့ ဝက်အူချောင်း အမြဲစားလေ့ရှိပါတယ်။ ကျွန်မ ခုလို ထုတ်ပြောလိုက်လို့ အိုလီ သူ့ကို ပြောတော့မယ်ထင်တယ်”လို့ ပြောခဲ့ပါတယ်။

ဟာပါဟေးဈေးမှာ ကော်ဖီဆိုင်ဖွင့်ထားတာ ၁၀နှစ်ကြာပြီဖြစ်တဲ့ လီဆာက သားဖြစ်သူရဲ့ ဓာတ်ပုံတွေအပြင် သူ ပါဝင်ကစားထားတဲ့ ပွဲတွေအကြောင်း ရေးထားတာကို ဆိုင်ရဲ့ ကောင်တာမှာ ပြသထားခဲ့ပါတယ်။

လီဆာက “ကျွန်မ သူ့အတွက် အရမ်းဂုဏ်ယူနေပါတယ်။ သူ တကယ်ကို အကောင်းဆုံး လုပ်နိုင်ခဲ့တာပါပဲ။ လူတွေက လာလာပြီး သူဘယ်လိုကောင်းကြောင်း ပြောကြရင် ကျွန်မ တကယ်ကို ဂုဏ်ယူတဲ့ အမေတစ်ယောက်ပေါ့”လို့ ပြန်လည်ပြောပြခဲ့ပါတယ်။