အမေပြောတော့ တစ်လ . . . မယားပြောတော့ တစ်ည . . . ဖြစ်မှာလား စီရော်နယ်ဒို?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာမယ့်ရာသီအတွက် နောက်ဆုံးပွဲစဉ်အပြီးမှာ ခန်ပီယံလိဂ်ဝင်ခွင့် ရသွားပေမယ့် စူပါလိဂ်ကြောင့် ချန်ပီယံလိဂ်ကထုတ်ပယ်ခံရနိုင်တဲ့ အရေးနဲ့

ဂျူဗင်တပ် ကြုံတွေ့နေသလို အသင်းနည်းပြသစ်အဖြစ် အရင်နည်းပြဟောင်း အယ်လီဂရီနီကို ပြန်ခန့်ခဲ့တဲ့အတွက် စီရော်နယ်ဒိုရဲ့အနာဂတ်ဟာ မသေချာမရေရာမှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

စီရော်နယ်ဒို နဲ့ဂျုဗင်တပ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ တစ်ရာသီတော့သာ ကျန်ရှိတော့တာဖြစ်ပြီး

သူ့ကို ခေါ်ယူဖို့ အသင်းဟောင်း ယူနိုက်တက်၊ ပီအက်စ်ဂျီ အပါအဝင် အသင်းကြီးအချို့က ချိတ်ဆက်မှုတွေရှိနေတာလည်းဖြစ်ပါတယ်။

ဒီလိုသတင်းတွေ ထွက်ပေါ်နေချိန်မှာ စီရော်နယ်ဒို ရဲ့ချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်ကတော့ စီရော်နယ်ဒိုရဲ့ အနာဂတ်ကို ပြောဆိုသွားခဲ့ပါတယ်။

ဂျော်ဂျီနာရိုဒရီဂွက်ဇ်ကို မက်ဒရစ် လမ်းမပေါ်မှာ တွေ့ရတဲ့အချိန်မှာ စီရော်နယ်ဒိုတစ်ယောက် ဂျုဗင်တပ် ကနေ ထွက်ခွာမှာလား မထွက်ခွာဘူးလားဆိုတာကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

သူမကလည်း ဒီမေးခွန်းကို ချက်ချင်းဖြေဆိုသွားခဲ့ပြီး ဂျုဗင်တပ်မှာပဲ စီရော်နယ်ဒို ဆက်ရှိမှာဖြစ်တယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အီတလီသတင်းစာ တစ်စောင် ရဲ့ဖော်ပြချက်မှာ စီရော်နယ်ဒိုရဲ့ အေးဂျင့်ဂျော့မန်ဒက်စ်က သူ့ရဲ့ကစားသမားကို ခေါ်ယူဖို့

ပီအက်စ်ဂျီ အသင်းကို ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြထားခဲ့သလို နည်းပြသစ် အယ်လီဂရီဟာ ယူနိုက်တက်က ပေါ့ဂ်ဘာကို လိုချင်နေတာကြောင့်

စီရော်နယ်ဒိုနဲ့ အလဲအလှယ်ပြုလုပ်ဖို့ ရှိတယ်လို့လည်း သတင်းတွေထွက်ပေါ်နေခဲ့တာပါ။

ဒါ့အပြင် စီရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူ ဒိုရာရက်စ်က သူ့သားကို နောက်နှစ်မှာ ငယ်ဘဝအသင်းဖြစ်တဲ့ စပို့တင်းအသင်းမှာ ပြန်ကစားဖို့

ဖျောင်းဖျစည်းရုံးသွားမယ်လို့ ပြောကြားခဲ့တဲ့အတွက် မိခင်စကားကို အမြဲတမ်းနားထောင်ပြီး သားလိမ္မာဖြစ်တဲ့ စီရော်နယ်ဒိုတစ်ယောက် မွေးရပ်မြေ ပြန်လာတော့မယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။

အမေဖြစ်သူပြောတဲ့ စကားနဲ့ ရိုဒရီဂွက်ဇ်ပြောတဲ့ စကားကြား ကွာဟနေပေမယ့် သေချာစဉ်းစားကြည့်ရင် လက်ရှိ စာချုပ်သက်တမ်းက

၂၀၂၂ ဇွန်လမှာ ပြည့်မှာ ဖြစ်တဲ့အတွက် မိခင်ဖြစ်သူပြောတဲ့ နောက်နှစ်ပြန်လာဖို့ စည်းရုံးမယ်ဆိုတာနဲ့

အခု ရိုဒရီဂွက်ဇ်ပြောတဲ့ ဒီနှစ်ဆက်ရှိမယ်ဆိုတာက အတူတူ အဓိပ္ပါယ် သက်ရောက်နိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အေမေျပာေတာ့ တစ္လ .. မယားေျပာေတာ့ တစ္ည.. ျဖစ္မွာလား စီေရာ္နယ္ဒို?

လာမယ့္ရာသီအတြက္ ေနာက္ဆုံးပြဲစဥ္အၿပီးမွာ ခန္ပီယံလိဂ္ဝင္ခြင့္ ရသြားေပမယ့္ စူပါလိဂ္ေၾကာင့္ ခ်န္ပီယံလိဂ္ကထုတ္ပယ္ခံရႏိုင္တဲ့ အေရးနဲ႔ ဂ်ဴဗင္တပ္ ႀကဳံေတြ႕ေနသလို အသင္းနည္းျပသစ္အျဖစ္ အရင္နည္းျပေဟာင္း အယ္လီဂရီနီကို ျပန္ခန႔္ခဲ့တဲ့အတြက္ စီေရာ္နယ္ဒိုရဲ႕အနာဂတ္ဟာ မေသခ်ာမေရရာမႈေတြရွိေနတယ္လို႔ သတင္းေတြထြက္ေပၚေနတာျဖစ္ပါတယ္။

စီေရာ္နယ္ဒို နဲ႔ဂ်ဳဗင္တပ္အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းဟာ တစ္ရာသီေတာ့သာ က်န္ရွိေတာ့တာျဖစ္ၿပီး သူ႔ကို ေခၚယူဖို႔ အသင္းေဟာင္း ယူႏိုက္တက္၊ ပီအက္စ္ဂ်ီ အပါအဝင္ အသင္းႀကီးအခ်ိဳ႕က ခ်ိတ္ဆက္မႈေတြရွိေနတာလည္းျဖစ္ပါတယ္။

ဒီလိုသတင္းေတြ ထြက္ေပၚေနခ်ိန္မွာ စီေရာ္နယ္ဒို ရဲ႕ခ်စ္သူ ေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ကေတာ့ စီေရာ္နယ္ဒိုရဲ႕ အနာဂတ္ကို ေျပာဆိုသြားခဲ့ပါတယ္။ ေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ကို မက္ဒရစ္ လမ္းမေပၚမွာ ေတြ႕ရတဲ့အခ်ိန္မွာ စီေရာ္နယ္ဒိုတစ္ေယာက္ ဂ်ဳဗင္တပ္ ကေန ထြက္ခြာမွာလား မထြက္ခြာဘူးလားဆိုတာကို ေမးျမန္းခဲ့တာျဖစ္ပါတယ္။ သူမကလည္း ဒီေမးခြန္းကို ခ်က္ခ်င္းေျဖဆိုသြားခဲ့ၿပီး ဂ်ဳဗင္တပ္မွာပဲ စီေရာ္နယ္ဒို ဆက္ရွိမွာျဖစ္တယ္လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက အီတလီသတင္းစာ တစ္ေစာင္ ရဲ႕ေဖာ္ျပခ်က္မွာ စီေရာ္နယ္ဒိုရဲ႕ ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္က သူ႔ရဲ႕ကစားသမားကို ေခၚယူဖို႔ ပီအက္စ္ဂ်ီ အသင္းကို ကမ္းလွမ္းခဲ့တယ္လို႔ ေဖာ္ျပထားခဲ့သလို နည္းျပသစ္ အယ္လီဂရီဟာ ယူႏိုက္တက္က ေပါ့ဂ္ဘာကို လိုခ်င္ေနတာေၾကာင့္ စီေရာ္နယ္ဒိုနဲ႔ အလဲအလွယ္ျပဳလုပ္ဖို႔ ရွိတယ္လို႔လည္း သတင္းေတြထြက္ေပၚေနခဲ့တာပါ။

ဒါ့အျပင္ စီေရာ္နယ္ဒိုရဲ႕ မိခင္ျဖစ္သူ ဒိုရာရက္စ္က သူ႔သားကို ေနာက္ႏွစ္မွာ ငယ္ဘဝအသင္းျဖစ္တဲ့ စပို႔တင္းအသင္းမွာ ျပန္ကစားဖို႔ ေဖ်ာင္းဖ်စည္း႐ုံးသြားမယ္လို႔ ေျပာၾကားခဲ့တဲ့အတြက္ မိခင္စကားကို အၿမဲတမ္းနားေထာင္ၿပီး သားလိမၼာျဖစ္တဲ့ စီေရာ္နယ္ဒိုတစ္ေယာက္ ေမြးရပ္ေျမ ျပန္လာေတာ့မယ္လို႔ မီဒီယာေတြက ေဖာ္ျပခဲ့ၾကတာပါ။

အေမျဖစ္သူေျပာတဲ့ စကားနဲ႔ ႐ိုဒရီဂြက္ဇ္ေျပာတဲ့ စကားၾကား ကြာဟေနေပမယ့္ ေသခ်ာစဥ္းစားၾကည့္ရင္ လက္ရွိ စာခ်ဳပ္သက္တမ္းက ၂၀၂၂ ဇြန္လမွာ ျပည့္မွာ ျဖစ္တဲ့အတြက္ မိခင္ျဖစ္သူေျပာတဲ့ ေနာက္ႏွစ္ျပန္လာဖို႔ စည္း႐ုံးမယ္ဆိုတာနဲ႔ အခု ႐ိုဒရီဂြက္ဇ္ေျပာတဲ့ ဒီႏွစ္ဆက္ရွိမယ္ဆိုတာက အတူတူ အဓိပၸါယ္ သက္ေရာက္ႏိုင္ပါတယ္။