အမေဆိုတဲ့ ‘လ’တစ်စင်း ယာဂန်ကလော့ပ်ရဲ့ ကောင်းကင်မှာ ကွယ်ပျောက်သွားချိန်

၂၀၁၉၊ ဒီဇင်ဘာလမှာ ကမ္ဘာမြေကို စတင်ခြေချခဲ့တဲ့ ကိုဗစ်ရောဂါဆိုးကြီးက အခုအချိန်အထိ ပျောက်ကွယ် မသွားသေးဘဲ လူသားတွေရဲ့ အသက်ကို ပျော်ပျော်ကြီး ခြွေယူနေဆဲ၊ နိုင်ငံအသီးသီးရဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေကို အခက်အခဲ၊ အကျပ်အတည်းတွေဖြစ်အောင် ဖန်တီးနေဆဲပါပဲ။ ကိုဗစ်ကြောင့် ကျွန်တော်တို့တွေ ဘယ်မှမသွားရဲမလာရဲအောင် ခြေချုပ်မိနေတယ်၊ ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့လည်း အကြာကြီးခွဲခွာနေရတယ်။

နောက်ဆုံး ဒီရောဂါကြောင့် ကိုယ်နဲ့ ခင်မင်ရင်းနှီးသူတစ်ယောက် လောကကြီးထဲကနေ မမျှော်လင့်ဘဲ ထွက်ခွာသွားရင်တောင် နောက်ဆုံးခရီးကို နှုတ်ဆက်ခွင့် မရတဲ့ဘဝမျိုး။ ဒီလိုအဖြစ်ဆိုးတွေ ဘယ်တော့များမှ အဆုံးသတ်နိုင်မှာလဲ။ အခုလည်း လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ရဲ့ ရင်ထဲမှာ ဘယ်လိုမှဖြေသိမ့်နိုင်မှာမဟုတ်တဲ့ အပူမီးတွေ လောင်မြိုက်နေပါလိမ့်မယ်။

မိခင်ဖြစ်သူရဲ့ နောက်ဆုံးဈာပနခရီးကို လိုက်မပို့နိုင်တဲ့ သားတစ်ယောက်ရဲ့ ခံစားချက်က ဘယ်လိုမျိုးဆိုတာကို ပြောပြဖို့ အခုအချိန်မှာ ယာဂန်ကလော့ပ်အတွက် စကားလုံးတွေ ပျောက်ဆုံးနေပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ အဖေဆိုတာ အလင်းရောင်ပေးတဲ့ နေတစ်စင်းဆိုရင်၊ အမေက အေးချမ်းမှုတွေ ယူဆောင်ပေးတဲ့ လတစ်စင်းပါပဲ။

၂၀၀၀ ခုနှစ်မှာ ယာဂန်ကလော့ပ်ဘဝရဲ့ နေတစ်စင်းဖြစ်တဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားတဲ့နောက်မှာတော့ အမေဖြစ်တဲ့ အဲလိဇဘတ်ဟာ ယာဂန်အတွက် ကမ္ဘာပေါ်မှာ အချစ်ရဆုံးသူတစ်ဦးဖြစ်လာခဲ့တယ်။ ဒါပေမဲ့ သေခြင်းတရားဆိုတာ လူတစ်ဦး စတင်မွေးဖွားလာချိန်ကတည်းက တစ်ချိန်ချိန်ကျရင် မလွဲမသွေကြုံရမယ်ဆိုတဲ့အတိုင်းပဲ အခုတော့ အဲလိဇဘတ်ဟာ အသက်(၈၁)နှစ်အရွယ်မှာ လူ့လောကထဲကနေ ထွက်ခွာသွားခဲ့ရပြန်ပါပြီ။

ယာဂန်အတွက် ဖြေမဆည်နိုင်တာကတော့ မိခင်ရဲ့နောက်ဆုံးဈာပနခရီးကို ကိုယ်တိုင်လိုက်မပို့နိုင်တာပါပဲ။ ဂျာမနီနိုင်ငံမှာ ကိုဗစ်ရောဂါဆိုးကြောင့် ပြည်ပကလာမယ့်သူတွေကို နိုင်ငံအတွင်းဝင်ရောက်ခွင့် ပိတ်ပင်ထားတာကြောင့် ယာဂန်အတွက်ကတော့ ဝမ်းနည်းစွာနဲ့ ငိုကြွေးနေရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။

“အမေက ကျွန်တော့်ဘဝအတွက် အရေးပါဆုံးလူတစ်ယောက်ပါ။ အမေဆိုတဲ့ စကားလုံးနဲ့ ထိုက်တန်အောင် နေထိုင်သွားခဲ့သူလည်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ အမေဟာ ဒီထက်ပိုကောင်းတဲ့နေရာတစ်ခုကို ရောက်သွားပြီလို့ထင်ပါတယ်။ ကျွန်တော်ကတော့ အခုလို ကပ်ဆိုးကြီးကျရောက်နေတဲ့အချိန်မှာ အမေ့ရဲ့နောက်ဆုံးခရီးကိုတောင် လိုက်မပို့နိုင်ခဲ့ပါဘူး”။

လီဗာပူးလ်အသင်းက ယာဂန်ရဲ့ဝမ်းနည်းမှုတွေကို မျှဝေခံစားတဲ့အနေနဲ့ “You’ll Never Walk Alone. Jurgen” ဆိုပြီး Twitter မှာ စာရေးသား အားပေးခဲ့တယ်။ ပြီးခဲ့တဲ့နှစ်တုန်းက မိခင်ဖြစ်သူရဲ့ အသက်(၈၀)ပြည့်မွေးနေ့ကို အတူတကွဖြတ်သန်းခဲ့တဲ့ ယာဂန်ဟာ ဒီနှစ်မှာတော့ ဝမ်းနည်းကြေကွဲစရာ အမှတ်တရတွေကို ပြန်တွေးရင်းနဲ့ပဲ ကျော်ဖြတ်ရတော့မှာပါ။

သားဖြစ်သူရဲ့ အောင်မြင်မှုတွေကို အဝေးတစ်နေရာကနေ ကြည်နူးဂုဏ်ယူမှုအပြည့်နဲ့ စောင့်ကြည့်ခဲ့တဲ့ အဲလိဇဘတ်ဟာ အခုအချိန်မှာလည်း ကောင်းကင်ဘုံကနေ ယာဂန်ကို စောင့်ကြည့်အားပေးနေဦးမလားဆိုတာကတော့ . . . .

Zawgyi

အေမဆိုတဲ့ ‘လ’တစ္စင္း ယာဂန္ကေလာ့ပ္ရဲ႕ ေကာင္းကင္မွာ ကြယ္ေပ်ာက္သြားခ်ိန္

၂၀၁၉၊ ဒီဇင္ဘာလမွာ ကမာၻေျမကို စတင္ေျခခ်ခဲ့တဲ့ ကိုဗစ္ေရာဂါဆိုးႀကီးက အခုအခ်ိန္အထိ ေပ်ာက္ကြယ္ မသြားေသးဘဲ လူသားေတြရဲ႕ အသက္ကို ေပ်ာ္ေပ်ာ္ႀကီး ေႁခြယူေနဆဲ၊ ႏိုင္ငံအသီးသီးရဲ႕ လူမႈေရး၊ က်န္းမာေရး၊ စီးပြားေရးေတြကို အခက္အခဲ၊ အက်ပ္အတည္းေတြျဖစ္ေအာင္ ဖန္တီးေနဆဲပါပဲ။ ကိုဗစ္ေၾကာင့္ ကြၽန္ေတာ္တို႔ေတြ ဘယ္မွမသြားရဲမလာရဲေအာင္ ေျခခ်ဳပ္မိေနတယ္၊ ကိုယ္ခ်စ္ခင္ရတဲ့သူေတြနဲ႔လည္း အၾကာႀကီးခြဲခြာေနရတယ္၊ ေနာက္ဆုံး ဒီေရာဂါေၾကာင့္ ကိုယ္နဲ႔ ခင္မင္ရင္းႏွီးသူတစ္ေယာက္ ေလာကႀကီးထဲကေန မေမွ်ာ္လင့္ဘဲ ထြက္ခြာသြားရင္ေတာင္ ေနာက္ဆုံးခရီးကို ႏႈတ္ဆက္ခြင့္ မရတဲ့ဘဝမ်ိဳး။ ဒီလိုအျဖစ္ဆိုးေတြ ဘယ္ေတာ့မ်ားမွ အဆုံးသတ္ႏိုင္မွာလဲ။ အခုလည္း လီဗာပူးလ္နည္းျပ ယာဂန္ကေလာ့ပ္ရဲ႕ ရင္ထဲမွာ ဘယ္လိုမွေျဖသိမ့္ႏိုင္မွာမဟုတ္တဲ့ အပူမီးေတြ ေလာင္ၿမိဳက္ေနပါလိမ့္မယ္။ မိခင္ျဖစ္သူရဲ႕ ေနာက္ဆုံးဈာပနခရီးကို လိုက္မပို႔ႏိုင္တဲ့ သားတစ္ေယာက္ရဲ႕ ခံစားခ်က္က ဘယ္လိုမ်ိဳးဆိုတာကို ေျပာျပဖို႔ အခုအခ်ိန္မွာ ယာဂန္ကေလာ့ပ္အတြက္ စကားလုံးေတြ ေပ်ာက္ဆုံးေနပါလိမ့္မယ္။

လူတစ္ေယာက္ရဲ႕ ဘဝမွာ အေဖဆိုတာ အလင္းေရာင္ေပးတဲ့ ေနတစ္စင္းဆိုရင္၊ အေမက ေအးခ်မ္းမႈေတြ ယူေဆာင္ေပးတဲ့ လတစ္စင္းပါပဲ။ ၂၀၀၀ ခုႏွစ္မွာ ယာဂန္ကေလာ့ပ္ဘဝရဲ႕ ေနတစ္စင္းျဖစ္တဲ့ ဖခင္ျဖစ္သူ ကြယ္လြန္သြားတဲ့ေနာက္မွာေတာ့ အေမျဖစ္တဲ့ အဲလိဇဘတ္ဟာ ယာဂန္အတြက္ ကမာၻေပၚမွာ အခ်စ္ရဆုံးသူတစ္ဦးျဖစ္လာခဲ့တယ္။ ဒါေပမဲ့ ေသျခင္းတရားဆိုတာ လူတစ္ဦး စတင္ေမြးဖြားလာခ်ိန္ကတည္းက တစ္ခ်ိန္ခ်ိန္က်ရင္ မလြဲမေသြႀကဳံရမယ္ဆိုတဲ့အတိုင္းပဲ အခုေတာ့ အဲလိဇဘတ္ဟာ အသက္(၈၁)ႏွစ္အ႐ြယ္မွာ လူ႔ေလာကထဲကေန ထြက္ခြာသြားခဲ့ရျပန္ပါၿပီ။ ယာဂန္အတြက္ ေျဖမဆည္ႏိုင္တာကေတာ့ မိခင္ရဲ႕ေနာက္ဆုံးဈာပနခရီးကို ကိုယ္တိုင္လိုက္မပို႔ႏိုင္တာပါပဲ။ ဂ်ာမနီႏိုင္ငံမွာ ကိုဗစ္ေရာဂါဆိုးေၾကာင့္ ျပည္ပကလာမယ့္သူေတြကို ႏိုင္ငံအတြင္းဝင္ေရာက္ခြင့္ ပိတ္ပင္ထားတာေၾကာင့္ ယာဂန္အတြက္ကေတာ့ ဝမ္းနည္းစြာနဲ႔ ငိုေႂကြးေန႐ုံကလြဲလို႔ ဘာမွမတတ္ႏိုင္ခဲ့ပါဘူး။

“အေမက ကြၽန္ေတာ့္ဘဝအတြက္ အေရးပါဆုံးလူတစ္ေယာက္ပါ။ အေမဆိုတဲ့ စကားလုံးနဲ႔ ထိုက္တန္ေအာင္ ေနထိုင္သြားခဲ့သူလည္းျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ အေမဟာ ဒီထက္ပိုေကာင္းတဲ့ေနရာတစ္ခုကို ေရာက္သြားၿပီလို႔ထင္ပါတယ္။ ကြၽန္ေတာ္ကေတာ့ အခုလို ကပ္ဆိုးႀကီးက်ေရာက္ေနတဲ့အခ်ိန္မွာ အေမ့ရဲ႕ေနာက္ဆုံးခရီးကိုေတာင္ လိုက္မပို႔ႏိုင္ခဲ့ပါဘူး”။ လီဗာပူးလ္အသင္းက ယာဂန္ရဲ႕ဝမ္းနည္းမႈေတြကို မွ်ေဝခံစားတဲ့အေနနဲ႔ “You’ll Never Walk Alone. Jurgen” ဆိုၿပီး Twitter မွာ စာေရးသား အားေပးခဲ့တယ္။ ၿပီးခဲ့တဲ့ႏွစ္တုန္းက မိခင္ျဖစ္သူရဲ႕ အသက္(၈၀)ျပည့္ေမြးေန႔ကို အတူတကြျဖတ္သန္းခဲ့တဲ့ ယာဂန္ဟာ ဒီႏွစ္မွာေတာ့ ဝမ္းနည္းေၾကကြဲစရာ အမွတ္တရေတြကို ျပန္ေတြးရင္းနဲ႔ပဲ ေက်ာ္ျဖတ္ရေတာ့မွာပါ။ သားျဖစ္သူရဲ႕ ေအာင္ျမင္မႈေတြကို အေဝးတစ္ေနရာကေန ၾကည္ႏူးဂုဏ္ယူမႈအျပည့္နဲ႔ ေစာင့္ၾကည့္ခဲ့တဲ့ အဲလိဇဘတ္ဟာ အခုအခ်ိန္မွာလည္း ေကာင္းကင္ဘုံကေန ယာဂန္ကို ေစာင့္ၾကည့္အားေပးေနဦးမလားဆိုတာကေတာ့ . . . .