အမုန်းကြိုးကို ငွေကြေးနဲ့ဆွဲဆန့်ခံနေရတဲ့ လူကာကူနဲ့ မိုဗစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရန်ဖြစ်တဲ့သူတွေ ပြန်ချစ်နေရင်တောင် ဘောလုံးကမ္ဘာမှာ ဒဏ်ကြေးဆောင်ရပါမယ်။ စီရင်ဆုံး ဖြတ်တဲ့ အချိန်ကလည်း တကယ့်ကို မြန်မှမြန်ပါပဲ။ ဘောလုံးကမ္ဘာက တရားရုံးလည်း အင်တာနက်မကောင်းဘူးလားမသိပါဘူး။ အေစီမီလန်တိုက်စစ်မှူးအီဗရာဟီမိုဗစ်နဲ့အင်တာမီလန်အားထားရာ လူကာကူတို့ဟာအားကစားသမားမပီသတဲ့လုပ်ရပ်ကြောင့်အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ပြစ်ဒဏ်ချမှတ်တာကို ထပ်ခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလကမီလန်ဒါဘီ၂သင်းထိပ်တိုက်တွေ့ဆုံစဉ်မှာကစားသမားတွေအကြားအပြန်အလှန်အချင်းများခဲ့တာကြောင့်အခုလိုပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ကစားသမားတွေကိုသက်ဆိုင်ရာကလပ်အသင်းတွေကအပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ပေမယ့်အီတလီဘောလုံးအဖွဲ့ချုပ်ကထပ်ဆင့်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ ကိုပါအီတာလီယာ ကွာတားဖိုင်နယ်တွင် အင်တာက ၂-၁နဲ့ မီလန်ကို အနိုင်ရခဲ့ပြီးထိပ်တန်း ကစားသမားနှစ်ယောက်ရန်ဖြစ်ခဲ့ကြရာ မီလန်ရဲ့ အီဘရာဟီမိုဗစ်လည်း ထုတ်ပယ်ခံခဲ့ရပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) ရဲ့ ထုတ်ပြန်ချက်အရ အီဘရာဟီမိုဗစ်ကို ယူရို ၄၀၀၀၊ လူကာကူကို ယူရို ၃၀၀၀၊ အေစီမီလန်ကို ယူရို ၂၀၀၀၊ အင်တာမီလန်ကို ယူရို ၁၂၅၀ အသီးသီး ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။

မိုဗစ်နှင့် လူကာကူတို့ဟာ ယူနိုက်တက် ကစားဖော်ဟောင်း နှစ်ဦး ဖြစ်ပေမယ့် ပွဲအတွင်း တစ်ယောက်နဲ့တစ်ယောက် ရိုင်းစိုင်းတဲ့ စကားလုံးတွေ သုံးခဲ့ကြပါတယ်။ မိုဗစ်ရဲ့ အပြောဆိုးတွေကို ဗလကစားသမား လူကာကူကပေါက်ကွဲပြီး ပြန်ပြောတာကြောင့် ကျန်ကစားသမားတွေ ဝိုင်းဝန်း ထိန်းသိမ်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဝါရင့်ကစားသမားတွေဟာ ပွဲအတွင်း ရန်ဖြစ်ပေမယ့် ပြီးရင် ပြန်ချစ်ပြေလည် ကြတာပါပဲ။ အသက်၃၉နှစ်အရွယ် ဘောလုံးနတ်ဘုရားကြီးက လူကာကူနှင့် ၎င်းတို့ကြားမှာ ကိုယ်ရေးကိုယ်တာအရ ပြဿနာ လုံးဝမရှိကြောင်း ကွင်းထဲမှာ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အသင်းထံရောက်လာမယ်ဆိုရင် ကြိုဆိုရမှာ ဖြစ်ကြောင်းရန်ဖြစ်ပြီး နောက်သိပ်မကြာခင်မှာ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အမုန္းႀကိဳးကို ေငြေၾကးနဲ႔ဆြဲဆန္႔ခံေနရတဲ့ လူကာကူနဲ႔ မိုဗစ္

ရန္ျဖစ္တဲ့သူေတြ ျပန္ခ်စ္ေနရင္ေတာင္ ေဘာလုံးကမၻာမွာ ဒဏ္ေၾကးေဆာင္ရပါမယ္။ စီရင္ဆုံး ျဖတ္တဲ့ အခ်ိန္ကလည္း တကယ့္ကို ျမန္မွျမန္ပါပဲ။ ေဘာလုံးကမၻာက တရားရုံးလည္း အင္တာနက္မေကာင္းဘူးလားမသိပါဘူး။ ေအစီမီလန္တိုက္စစ္မွူးအီဗရာဟီမိုဗစ္နဲ႔အင္တာမီလန္အားထားရာ လူကာကူတို့ဟာအားကစားသမားမပီသတဲ့လုပ္ရပ္ေၾကာင့္အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ့ျပစ္ဒဏ္ခ်မွတ္တာကို ထပ္ခံခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ဇန္နဝါရီလကမီလန္ဒါဘီ၂သင္းထိပ္တိုက္ေတြ႕ဆုံစဥ္မွာကစားသမားေတြအၾကားအျပန္အလွန္အခ်င္းမ်ားခဲ့တာေၾကာင့္အခုလိုျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတာျဖစ္ပါတယ္။ကစားသမားေတြကိုသက္ဆိုင္ရာကလပ္အသင္းေတြကအျပစ္ဒဏ္ခ်မွတ္ခဲ့ၿပီးျဖစ္ေပမယ့္အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ကထပ္ဆင့္ျပစ္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

အဲဒီ ကိုပါအီတာလီယာ ကြာတားဖိုင္နယ္တြင္ အင္တာက ၂-၁နဲ႔ မီလန္ကို အႏိုင္ရခဲ့ၿပီးထိပ္တန္း ကစားသမားႏွစ္ေယာက္ရန္ျဖစ္ခဲ့ၾကရာ မီလန္ရဲ႕ အီဘရာဟီမိုဗစ္လည္း ထုတ္ပယ္ခံခဲ့ရပါတယ္။

အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ (FIGC) ရဲ႕ ထုတ္ျပန္ခ်က္အရ အီဘရာဟီမိုဗစ္ကို ယူ႐ို ၄၀၀၀၊ လူကာကူကို ယူ႐ို ၃၀၀၀၊ ေအစီမီလန္ကို ယူ႐ို ၂၀၀၀၊ အင္တာမီလန္ကို ယူ႐ို ၁၂၅၀ အသီးသီး ဒဏ္ေငြ ခ်မွတ္ခဲ့ပါတယ္။

မိုဗစ္ႏွင့္ လူကာကူတို႔ဟာ ယူႏိုက္တက္ ကစားေဖာ္ေဟာင္း ႏွစ္ဦး ျဖစ္ေပမယ့္ ပြဲအတြင္း တစ္ေယာက္နဲ႔တစ္ေယာက္ ႐ိုင္းစိုင္းတဲ့ စကားလုံးေတြ သုံးခဲ့ၾကပါတယ္။ မိုဗစ္ရဲ႕ အေျပာဆိုးေတြကို ဗလကစားသမား လူကာကူကေပါက္ကြဲၿပီး ျပန္ေျပာတာေၾကာင့္ က်န္ကစားသမားေတြ ဝိုင္းဝန္း ထိန္းသိမ္းရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

၀ါရင့္ကစားသမားေတြဟာ ပြဲအတြင္း ရန္ျဖစ္ေပမယ့္ ၿပီးရင္ ျပန္ခ်စ္ေျပလည္ ၾကတာပါပဲ။ အသက္၃၉ႏွစ္အရြယ္ ေဘာလုံးနတ္ဘုရားၾကီးက လူကာကူႏွင့္ ၎တို႔ၾကားမွာ ကိုယ္ေရးကိုယ္တာအရ ျပႆနာ လုံးဝမရွိေၾကာင္း ကြင္းထဲမွာ ဘယ္လိုပဲ ျဖစ္ခဲ့ျဖစ္ခဲ့ အသင္းထံေရာက္လာမယ္ဆိုရင္ ႀကိဳဆိုရမွာ ျဖစ္ေၾကာင္းရန္ျဖစ္ၿပီး ေနာက္သိပ္မၾကာခင္မွာ ေျပာၾကားခဲ့ပါတယ္။