

အင္တာမီလန္နည္းျပကြန္တီကေတာ့ အီတလီမီဒီယာေတြကို အေတာ္ေလးေဒါသထြက္ေနၿပီး သူနဲ႔အသင္းေဟာင္းဂ်ဴဗင္တပ္ၾကားမွာ အမုန္းတရားေတြအေတာမသတ္ႏိုင္ေအာင္မီးထိုးေပးေနၾကတယ္လို႔ တိုက္ခိုက္စြပ္စဲြလိုက္ပါတယ္။ကြန္တီဟာ အိုးလ္ေလဒီေတြရဲ႕ၿပိဳင္ဘက္ အင္တာမီလန္ကိုတာ၀န္ယူၿပီးတဲ့ေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ ဂ်ဴဗင္တပ္နဲ႔ ဒါဘီအီတာလီယာပြဲစဥ္ကိုႏႊဲရဖို႔ရွိေနပါတယ္။အဲဒီပြဲဟာ ေအာက္တိုဘာလ ၇ရက္ေန႔မွ ကစားရမွာျဖစ္ေပမယ့္ အီတလီမီဒီယာေတြကေတာ့ အခုခ်ိန္ကတည္းက စိတ္၀င္စားစရာေကာင္းေအာင္ သတင္းအခ်က္အလက္ေတြနဲ႔တည္ေဆာက္ေနၾကပါၿပီ။ဒါေပမဲ့ တခ်ိဳ႔မီဒီယာေတြရဲ႕ေရးသားမႈေတြဟာ သူ႔ကို တာ၀န္မဲ့သူတစ္ေယာက္လို႔ ယံုမွားသံသယရွိေစႏိုင္တဲ့ ရည္ရြယ္ခ်က္မ်ိဳးေတြပါေနတယ္လို႔ ကြန္တီက ယူဆၿပီးေပါက္ကြဲခဲ့တာပါ။

“ ေဆာင္းပါးအခ်ိဳ႔ကို ကၽြန္ေတာ္ဖတ္ခဲ့တယ္။လာမယ့္ အင္တာ-ဂ်ဳဗီပြဲအေၾကာင္း ေရးထားတာေတြေပါ့။အဲဒီပြဲမွာ ကၽြန္ေတာ္ဟာ ေစာ္ကားမႈေတြလုပ္ျပလိမ့္မယ္တဲ့။ကၽြန္ေတာ္ အသက္ရွဴမွားသြားတယ္။ဘယ္သူပဲေရးေရး၊ေျပာေျပာ အသိတရားေတာ့ရွိသင့္တယ္။ရန္မီးေမႊးသလိုျဖစ္သြားမလားဆိုတာလည္း နားလည္ရမယ္။ဘယ္လို ခံစားခ်က္မ်ိဳးနဲ႔ စာဖတ္သူေတြဆီကို သူတို႔ ေပးပို႔လိုက္တာလဲ။တကယ္လို႔ ကၽြန္ေတာ္သာ အဲဒီသတင္းစာရဲ႕အယ္ဒီတာဆိုရင္ သူတို႔တင္ပါးကို ေဆာင့္ကန္လိုက္မွာပါ။ဘယ္သူပဲေရးေရး တာ၀န္ယူမႈ၊တာ၀န္ခံမႈေတာ့ရွိရလိမ့္မယ္။ဘာေၾကာင့္လဲဆိုေတာ့ လူမႈကြန္ယက္ေတြေပၚက သတင္းတိုင္းဟာ အမုန္းတရားနဲ႔မေက်နပ္ခ်က္ေတြကို ပိုမိုႀကီးထြားေအာင္မီးထိုးေပးေနလို႔ပါပဲ။ဒါေတြကိုျမင္ရတာ၊ဒါမွမဟုတ္ ကြင္းထဲမွာ ဆဲဆိုေစာ္ကားေနတဲ့ တစ္စံုတစ္ေယာက္ကိုျမင္ေယာင္မိတာဟာ ကၽြန္ေတာ့္ကို တကယ္စိတ္အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ဒါေတြဟာ ကၽြန္ေတာ္တို႔ကို ဒဏ္ရာရေအာင္ ရည္ရြယ္ခ်က္ရွိရွိထိုးသြင္းလိုက္တဲ့ဓားေတြဆိုတာ အေတြ႔အႀကံဳအရ သိေနပါတယ္”လို႔ ကြန္တီက ေျပာဆိုလိုက္တာပါ။
(unicode)
အင်တာမီလန်နည်းပြကွန်တီကတော့ အီတလီမီဒီယာတွေကို အတော်လေးဒေါသထွက်နေပြီး သူနဲ့အသင်းဟောင်းဂျူဗင်တပ်ကြားမှာ အမုန်းတရားတွေအတောမသတ်နိုင်အောင်မီးထိုးပေးနေကြတယ်လို့ တိုက်ခိုက်စွပ်စွဲလိုက်ပါတယ်။ကွန်တီဟာ အိုးလ်လေဒီတွေရဲ့ပြိုင်ဘက် အင်တာမီလန်ကိုတာဝန်ယူပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျူဗင်တပ်နဲ့ ဒါဘီအီတာလီယာပွဲစဉ်ကိုနွှဲရဖို့ရှိနေပါတယ်။အဲဒီပွဲဟာ အောက်တိုဘာလ ၇ရက်နေ့မှ ကစားရမှာဖြစ်ပေမယ့် အီတလီမီဒီယာတွေကတော့ အခုချိန်ကတည်းက စိတ်ဝင်စားစရာကောင်းအောင် သတင်းအချက်အလက်တွေနဲ့တည်ဆောက်နေကြပါပြီ။ဒါပေမဲ့ တချို့မီဒီယာတွေရဲ့ရေးသားမှုတွေဟာ သူ့ကို တာဝန်မဲ့သူတစ်ယောက်လို့ ယုံမှားသံသယရှိစေနိုင်တဲ့ ရည်ရွယ်ချက်မျိုးတွေပါနေတယ်လို့ ကွန်တီက ယူဆပြီးပေါက်ကွဲခဲ့တာပါ။“ ဆောင်းပါးအချို့ကို ကျွန်တော်ဖတ်ခဲ့တယ်။လာမယ့် အင်တာ-ဂျုဗီပွဲအကြောင်း ရေးထားတာတွေပေါ့။အဲဒီပွဲမှာ ကျွန်တော်ဟာ စော်ကားမှုတွေလုပ်ပြလိမ့်မယ်တဲ့။ကျွန်တော် အသက်ရှူမှားသွားတယ်။ဘယ်သူပဲရေးရေး၊ပြောပြော အသိတရားတော့ရှိသင့်တယ်။ရန်မီးမွှေးသလိုဖြစ်သွားမလားဆိုတာလည်း နားလည်ရမယ်။ဘယ်လို ခံစားချက်မျိုးနဲ့ စာဖတ်သူတွေဆီကို သူတို့ ပေးပို့လိုက်တာလဲ။တကယ်လို့ ကျွန်တော်သာ အဲဒီသတင်းစာရဲ့အယ်ဒီတာဆိုရင် သူတို့တင်ပါးကို ဆောင့်ကန်လိုက်မှာပါ။ဘယ်သူပဲရေးရေး တာဝန်ယူမှု၊တာဝန်ခံမှုတော့ရှိရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ လူမှုကွန်ယက်တွေပေါ်က သတင်းတိုင်းဟာ အမုန်းတရားနဲ့မကျေနပ်ချက်တွေကို ပိုမိုကြီးထွားအောင်မီးထိုးပေးနေလို့ပါပဲ။ဒါတွေကိုမြင်ရတာ၊ဒါမှမဟုတ် ကွင်းထဲမှာ ဆဲဆိုစော်ကားနေတဲ့ တစ်စုံတစ်ယောက်ကိုမြင်ယောင်မိတာဟာ ကျွန်တော့်ကို တကယ်စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ဒါတွေဟာ ကျွန်တော်တို့ကို ဒဏ်ရာရအောင် ရည်ရွယ်ချက်ရှိရှိထိုးသွင်းလိုက်တဲ့ဓားတွေဆိုတာ အတွေ့အကြုံအရ သိနေပါတယ်”လို့ ကွန်တီက ပြောဆိုလိုက်တာပါ။