အဘီဒယ်နဲ့ လူသိရှင်ကြားအချင်းများခဲ့ပြီးနောက် သူ့အနာဂတ်ကို ဖွင့်ဟလာတဲ့ မက်ဆီ

Photo Credit

Photo Credit

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ ယခုတစ်ပတ်အတွင်း အသင်းအားကစားဒါရိုက်တာ အဲရစ်အဘီဒယ်နဲ့ လူသိရှင်ကြား အချင်းများခဲ့ပေမယ့် နူးကမ့်အခြေစိုက်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိကြောင်း သိရပါတယ်။ အသက် ၃၂နှစ်အရွယ်ရှိ တိုက်စစ်မှူးမက်ဆီဟာ ၂၀၂၁ နွေရာသီအထိ စာချုပ်ချုပ်ဆိုထားပြီး စာချုပ်သစ်ချုပ်ဆိုရေးအတွက် ဆွေးနွေးဖို့ တံခါးဖွင့်ထားပေမယ့် အလျင်စလိုတော့လုပ်မှာမဟုတ်ကြောင်း သိရပါတယ်။

Photo Credit

သူ့အနေနဲ့ တစ်နှစ်ချင်းစီ သက်တမ်းတိုးသွားလိုပေမယ့် ဘာစီလိုနာအသင်းတာဝန်ရှိသူတွေကတော့ ကာလရှည်သက်တမ်းတိုးလိုနေပြီး လာမယ့်လအနည်းငယ်အတွင်း စာချုပ်သစ်ချုပ်ဆိုရေးအတွက် ဆွေးနွေးဖွယ်ရှိနေပါတယ်။ ဘာစီလိုနာအသင်းဂန္ထဝင်ကစားသမားတစ်ဦးလည်းဖြစ်တဲ့ အဘီဒယ်က နည်းပြဟောင်း ဗယ်လ်ဗာဒီထုတ်ပယ်ခံရမှုမှာ အသင်းသားတချို့ရဲ့ အပြည့်အဝပေးဆပ်လိုစိတ်မရှိတာက အဓိကအချက်အနေနဲ့ ပါဝင်ခဲ့ကြောင်း လူသိရှင်ကြားဖွင့်ဟခဲ့တာပါ။

Photo Credit

ဒီအတွက်ကြောင့် မက်ဆီက အဘီဒယ်ကို လူမှုမီဒီယာကနေ ပြန်လည်တုံ့ပြန်သွားခဲ့ပြီး အဘီဒယ်အနေနဲ့ ဘယ်ကစားသမားတွေလဲဆိုတာ နာမည်တပ်ပြောသင့်ကြောင်း ဝေဖန်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘာစီလိုနာကစားသမားဟောင်း ဒူဂါရီက အသင်းဟောင်းကို ပြင်းထန်စွာဝေဖန်လိုက်ပြီး လူရွှင်တော်အသင်းလိုဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit

”ဘာစီလိုနာက လူရွှင်တော်အသင်းဖြစ်နေပါတယ်။ လုပ်သမျှအားလုံးက နောက်ပြန်ဆွဲနေသလိုပါပဲ။ သူတို့ဟာ ကော်တင်ညိုနဲ့ ဒမ်ဘီလီတို့ကို ဈေးကြီးပေးပြီး ဝယ်တယ်။ ပြီးတော့ ပြန်ရောင်းဦးမှာ။ ဒီအသင်းမှာက ဘာပရောဂျက်မှမရှိဘူး။ အပြောင်းအရွှေ့ဈေးကွက်တိုင်း သူတို့မှာ ပြဿနာတက်ခဲ့ကြတာချည်းပဲ။ ဇာဗီနဲ့ အင်နီယေစတာတို့ ထွက်ခွာသွားပြီးနောက်ပိုင်း သူတို့ရဲ့အင်အားဖြည့်တင်းမှုတွေက တော်တော်ဆိုးတယ်”ဒူဂါရီက ပြောပါတယ်။

Photo Credit

ဇန်နဝါရီဈေးကွက်အတွင်း တိုက်စစ်မှူးခေါ်ယူဖို့ အဆင်မပြေဖြစ်ခဲ့ရပြီးနောက် တောင်ပံတိုက်စစ်မှူး ဒမ်ဘီလီတစ်ယောက် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်နေသလို ရာသီကုန်အထိ အနားယူရဖွယ်ရှိနေပါတယ်။ ဘာစီလိုနာဟာ တနင်္ဂနွေနေ့မှာ ဘက်တစ်နဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး ချန်ပီယံလုဘက် ရီးရဲလ်မက်ဒရစ်က အဲဒီနေ့အစောပိုင်းမှာ အိုဆာဆူနာနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

အဘီဒယ္နဲ႔ လူသိရွင္ၾကားအခ်င္းမ်ားခဲ့ၿပီးေနာက္ သူ႕အနာဂတ္ကို ဖြင့္ဟလာတဲ့ မက္ဆီ

ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီဟာ ယခုတစ္ပတ္အတြင္း အသင္းအားကစားဒါ႐ိုက္တာ အဲရစ္အဘီဒယ္နဲ႔ လူသိရွင္ၾကား အခ်င္းမ်ားခဲ့ေပမယ့္ ႏူးကမ့္အေျခစိုက္အသင္းကေန ထြက္ခြာဖို႔ ဆႏၵမရွိေၾကာင္း သိရပါတယ္။ အသက္ ၃၂ႏွစ္အရြယ္ရွိ တုိက္စစ္မွဴးမက္ဆီဟာ ၂၀၂၁ ေႏြရာသီအထိ စာခ်ဳပ္ခ်ဳပ္ဆုိထားၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆုိေရးအတြက္ ေဆြးေႏြးဖို႔ တံခါးဖြင့္ထားေပမယ့္ အလ်င္စလုိေတာ့လုပ္မွာမဟုတ္ေၾကာင္း သိရပါတယ္။
သူ႕အေနနဲ႔ တစ္ႏွစ္ခ်င္းစီ သက္တမ္းတုိးသြားလုိေပမယ့္ ဘာစီလုိနာအသင္းတာ၀န္ရွိသူေတြကေတာ့ ကာလရွည္သက္တမ္းတုိးလုိေနၿပီး လာမယ့္လအနည္းငယ္အတြင္း စာခ်ဳပ္သစ္ခ်ဳပ္ဆုိေရးအတြက္ ေဆြးေႏြးဖြယ္ရွိေနပါတယ္။ ဘာစီလိုနာအသင္းဂႏၳ၀င္ကစားသမားတစ္ဦးလည္းျဖစ္တဲ့ အဘီဒယ္က နည္းျပေဟာင္း ဗယ္လ္ဗာဒီထုတ္ပယ္ခံရမႈမွာ အသင္းသားတခ်ိဳ႕ရဲ႕ အျပည့္အ၀ေပးဆပ္လုိစိတ္မရွိတာက အဓိကအခ်က္အေနနဲ႔ ပါ၀င္ခ့ဲေၾကာင္း လူသိရွင္ၾကားဖြင့္ဟခ့ဲတာပါ။
ဒီအတြက္ေၾကာင့္ မက္ဆီက အဘီဒယ္ကို လူမႈမီဒီယာကေန ျပန္လည္တုံ႔ျပန္သြားခဲ့ၿပီး အဘီဒယ္အေနနဲ႔ ဘယ္ကစားသမားေတြလဲဆုိတာ နာမည္တပ္ေျပာသင့္ေၾကာင္း ေ၀ဖန္ခ့ဲပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ဘာစီလုိနာကစားသမားေဟာင္း ဒူဂါရီက အသင္းေဟာင္းကို ျပင္းထန္စြာေ၀ဖန္လုိက္ၿပီး လူရႊင္ေတာ္အသင္းလုိျဖစ္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။
”ဘာစီလုိနာက လူရႊင္ေတာ္အသင္းျဖစ္ေနပါတယ္။ လုပ္သမွ်အားလုံးက ေနာက္ျပန္ဆြဲေနသလုိပါပဲ။ သူတုိ႔ဟာ ေကာ္တင္ညိဳနဲ႔ ဒမ္ဘီလီတုိ႔ကို ေစ်းႀကီးေပးၿပီး ၀ယ္တယ္။ ၿပီးေတာ့ ျပန္ေရာင္းဦးမွာ။ ဒီအသင္းမွာက ဘာပေရာဂ်က္မွမရွိဘူး။ အေျပာင္းအေရႊ႕ေစ်းကြက္တုိင္း သူတုိ႔မွာ ျပႆနာတက္ခ့ဲၾကတာခ်ည္းပဲ။ ဇာဗီနဲ႔ အင္နီေယစတာတို႔ ထြက္ခြာသြားၿပီးေနာက္ပိုင္း သူတုိ႔ရဲ႕အင္အားျဖည့္တင္းမႈေတြက ေတာ္ေတာ္ဆုိးတယ္”ဒူဂါရီက ေျပာပါတယ္။
ဇန္န၀ါရီေစ်းကြက္အတြင္း တုိက္စစ္မွဴးေခၚယူဖို႔ အဆင္မေျပျဖစ္ခဲ့ရၿပီးေနာက္ ေတာင္ပံတုိက္စစ္မွဴး ဒမ္ဘီလီတစ္ေယာက္ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့ၿပီး ခြဲစိတ္ကုသမႈခံယူဖို႔ လိုအပ္ေနသလုိ ရာသီကုန္အထိ အနားယူရဖြယ္ရွိေနပါတယ္။ ဘာစီလုိနာဟာ တနဂၤေႏြေန႔မွာ ဘက္တစ္နဲ႔အေ၀းကြင္းပြဲကစားရမွာျဖစ္ၿပီး ခ်န္ပီယံလုဘက္ ရီးရဲလ္မက္ဒရစ္က အဲဒီေန႔အေစာပိုင္းမွာ အုိဆာဆူနာနဲ႔ အေ၀းကြင္းပြဲကစားရမွာျဖစ္ပါတယ္။