
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေကလည်း စတင်လာ နေပါပြီ။
ဘရာဇီးလ်ဟာ ဗင်နီဇွဲလားကိုလည်း ၃ ဂိုးပြတ်နဲ့ နိုင်ပွဲရယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ ခြေစမ်းပွဲတွေ အပါအဝင် နောက်ဆုံး ၈ ပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့ပါတယ်။
ပေးဂိုးမရှိ (၇) ပွဲ ကစားနိုင်ခဲ့တဲ့ ဘရာဇီးလ်အသင်းရဲ့ နောက်တန်းခံစစ်ဟာလည်း အံသြသင့်ဖွယ်ခြေစွမ်းပြသနိုင်မှုပါပဲ။
ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလက ကစားခဲ့တဲ့ ပီရူးကို (၅-၂)ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ ပွဲတုန်းကသာ၂ ဂိုးပေးခဲ့ရပါတယ်။
ညက ဗင်နီဇွဲလားနဲ့ပွဲမှာလည်း ဘရာဇီးလ်အသင်းဟာ နေမာရဲ့ ခြေစွမ်းပြနေမှုနဲ့အတူ နိုင်ပွဲရရှိခဲ့ပါတယ်။
နေမာဟာ ဗန်နီဇွဲလာအသင်းကိုသွင်းယူခဲ့တဲ့ဂီုးအပါအဝင် အခုဆိုရင် နိုင်ငံအသင်းအတွက် သွင်းဂိုး (၆၇)ဂိုးရှိလာခဲ့ပါပြီ။
ဒီပြိုင်ပွဲမှာ သူဟာ သွင်းဂိုးတွေထပ်မံရယူနိုင်ခဲ့အုံမယ်ဆိုရင် ကာလရှည်ကြာနေပြီဖြစ်တဲ့ ဘရာဇီးနိုင်ငံအသင်းရဲ့ ဂိုးသွင်းအများဆုံးဖြစ်နေတဲ့ ပီလီရဲ့ (၇၇)ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ဖို့ အခြေအနေကောင်းတော့မှာဖြစ်ပါတယ်။
အခုအချိန်မှာတော့ သူနဲ့ ပီလီဟာ နိုင်ငံအသင်းအတွက် သွင်းဂီုး အရေအတွက် (၁၀)ဂိုးသာ ကွာဟပါတော့တယ်။
ဘရာဇီးလ်အသင်းဟာ ကိုပါပြိုင်ပွဲအစမှာတင် ပြိုင်ဘက် ဗင်နီဇွဲလားအသင်းကို ကစားကွက် အသားစီးနဲ့ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ဘရာဇီးလ်အသင်းဟာ အုပ်စုတွင်းမှာ အနိုင် ၃ မှတ်ကို စတင်ရယူနိုင်ခဲ့ပြီး နောက်တဆင့်ကို တက်ရောက်ဖို့အတွက်အနေအထား ကောင်းမွန်သွားခဲ့ပါပြီ။
ကိုပါအမေရိကဖလားပြိုင်ပွဲဟာ အသင်း (၅)သင်းစီနဲ့ အုပ်စု (၂)စုခွဲပြီး ကစားကြတာဖြစ်ပါတယ်။
အုပ်စု ( B ) မှာ ဘရာဇီးလ်၊ ကိုလံဘီယာ၊ ပီရူး၊ အီကွေဒေါ၊ ဗင်နီဇွဲလား တို့ပါဝင်ပါတယ်။
အုပ်စု ( A ) မှာတော့ အာဂျင်တီးနား၊ ဘိုလီဗီးယား၊ ချီလီ၊ ပါရာဂွေးနဲ့ ဥရုဂွေးတို့ ပါဝင်ပါတယ်။
ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဟာ ဘရာဇီးလ်အသင်းဖြစ်ပြီး ထပ်ဆင့်ဗိုလ်စွဲသွားဖို့ ရေပန်းစားနေပါတယ်။
ဒါဟာ ၂၀၁၁ နောက်ပိုင်း ဘရာဇီးလ်တို့ ပထမဆုံးအကြိမ် နှစ်ကြိမ်ဆက်ဗိုလ်စွဲနိုင်မယ့် အခွင့်အရေးလည်း ဖြစ်နေပါတယ်။
ပြိုင်ပွဲ ပုံစံဟာ အသင်း(၅)သင်းစီရှိတဲ့ အုပ်စု (၂)စု က အသင်း (၄)သင်းဟာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားရမှာဖြစ်တာကြောင့် အုပ်စု တွေထဲက ရမှတ်အနဲဆုံး (၂)သင်းကသာ ပြိုင်ပွဲကနေထွက်ခွါသွားရမှာဖြစ်ပါတယ်။
ကွာတားဖိုင်နယ်အဆင့်မှာ အုပ်စု ( A )က အမှတ်အများဆုံးရရှိတဲ့အသင်းဟာ အုပ်စု (B)က အဆင့် (၄)ရရှိတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စု ( A )ရဲ့ ဒုတိယအဆင့်ရရှိတဲ့အသင်းဟာ အုပ်စု (B)က အဆင့် (၃)ရရှိတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အုပ်စု ( B ) အသင်းတွေ ကလည်း အုပ်စု (A) အသင်းတွေလိုပဲ ကွာတားဖိုင်နယ်အဆင့်မှာ အုပ်စု ( B )က အမှတ်အများဆုံးရရှိတဲ့အသင်းဟာ
အုပ်စု (A)က အဆင့် (၄)ရရှိတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စု ( B )ရဲ့ ဒုတိယအဆင့်ရရှိတဲ့အသင်းဟာ အုပ်စု (A)က အဆင့် (၃)ရရှိတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဘရာဇီးလ်အတွက် ဂိုးတွေကိုတော့ ပထမပိုင်းပွဲချိန် (၂၃)မိနစ်မှာ မာကွင်ဟို့စ်က အဖွင့်ဂိုးသွင်းယူခဲ့ပြီး နေမာက (၆၄)မိနစ်မှာ ပယ်နယ်တီကတဆင့် တစ်ဂိုးသွင်းကာ ဘာဘိုဆာက နေမာရဲ့ဖန်တီးပေးမှုကနေ (၈၉)မိနစ်မှာ တတိယဂိုးကိုသွင်းယူခဲ့ပါတယ်။
ကိုပါအမေရိက ၂၀၂၁ ပြိုင်ပွဲဟာ အာဂျင်တီးနား နဲ့ ကိုလံဘီယာမှာ ကျင်းပဖို့စီစဉ်ထားပေမယ့်လည်း ကိုဗစ်ရောဂါကြောင့် မကျင်းပဖြစ်တော့ဘဲ အိမ်ရှင်အဖြစ် ဘရာဇီးလ်နိုင်ငံမှာသာ ကျင်းပနေတာပါတယ်။
ဗိုလ်လုပွဲတက်ရောက်လာကျမယ့်အသင်းတွေဟာ ဇူလိုင်၊ ၁၀ ရက်နေ့မှာ ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေယိုးက Estádio do Maracanã ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေနမာေျခစြမ္းေတြျပသၿပီး ဂိုးျပတ္ႏိုင္ပြဲရရွိခဲ့တဲ့ ဘရာဇီးအသင္းက ကိုပါအေမရိက အဖြင့္ပြဲစဥ္ တစ္ပြဲ ကစားၿပီးခ်ိန္မွာတင္ အုပ္စုအဆင့္ကေန ေနာက္တစ္ဆင့္တက္ၿပီ…
ကိုပါအေမရိကဖလားၿပိဳင္ပြဲရဲ့ အုပ္စုပြဲစဥ္ေတြကလည္း စတင္လာ ေနပါၿပီ။ ဘရာဇီးလ္ဟာ ဗင္နီဇြဲလားကိုလည္း ၃ ဂိုးျပတ္နဲ႕ နို္င္ပြဲရယူႏိုင္ခဲ့ၿပီး ကမၻာ့ဖလားေျခစစ္ပြဲ၊ ေျခစမ္းပြဲေတြ အပါအဝင္ ေနာက္ဆုံး ၈ ပြဲဆက္တိုက္နိုင္ပြဲရရွိခဲ့ပါတယ္။ ေပးဂိုးမရွိ (၇) ပြဲ ကစားႏိုင္ခဲ့တဲ့ ဘရာဇီးလ္အသင္းရဲ႕ ေနာက္တန္းခံစစ္ဟာလည္း အံျသသင့္ဖြယ္ေျခစြမ္းျပသႏိုင္မႈပါပဲ။ ၿပီးခဲ့တဲ့ႏွစ္၊ ေအာက္တိုဘာလက ကစားခဲ့တဲ့ ပီ႐ူးကို (၅-၂)ဂိုးနဲ႔အႏိုင္ရရွိခဲ့တဲ့ ပြဲတုန္းကသာ၂ ဂိုးေပးခဲ့ရပါတယ္။ ညက ဗင္နီဇြဲလားနဲ႕ပြဲမွာလည္း ဘရာဇီးလ္အသင္းဟာ ေနမာရဲ့ ေျခစြမ္းျပေနမႈနဲ႔အတူ နိုင္ပြဲရရွိခဲ့ပါတယ္။
ေနမာဟာ ဗန္နီဇြဲလာအသင္းကိုသြင္းယူခဲ့တဲ့ဂီုးအပါအဝင္ အခုဆိုရင္ ႏိုင္ငံအသင္းအတြက္ သြင္းဂိုး (၆၇)ဂိုးရွိလာခဲ့ပါၿပီ။ ဒီၿပိဳင္ပြဲမွာ သူဟာ သြင္းဂိုးေတြထပ္မံရယူႏိုင္ခဲ့အုံမယ္ဆိုရင္ ကာလရွည္ၾကာေနၿပီျဖစ္တဲ့ ဘရာဇီးႏိုင္ငံအသင္းရဲ႕ ဂိုးသြင္းအမ်ားဆုံးျဖစ္ေနတဲ့ ပီလီရဲ႕ (၇၇)ဂိုးစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ အေျခအေနေကာင္းေတာ့မွာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ သူနဲ႔ ပီလီဟာ ႏိုင္ငံအသင္းအတြက္ သြင္းဂီုး အေရအတြက္ (၁၀)ဂိုးသာ ကြာဟပါေတာ့တယ္။
ဘရာဇီးလ္အသင္းဟာ ကိုပါျပိဳင္ပြဲအစမွာတင္ ျပိဳင္ဘက္ ဗင္နီဇြဲလားအသင္းကို ကစားကြက္ အသားစီးနဲ႕ ေျခစြမ္းျပ ကစားနိုင္ခဲ့ပါတယ္။ ဒီနိုင္ပြဲေၾကာင့္ ဘရာဇီးလ္အသင္းဟာ အုပ္စုတြင္းမွာ အနိုင္ ၃ မွတ္ကို စတင္ရယူနိုင္ခဲ့ၿပီး ေနာက္တဆင့္ကို တက္ေရာက္ဖို႔အတြက္အေနအထား ေကာင္းမြန္သြားခဲ့ပါၿပီ။
ကိုပါအေမရိကဖလားၿပိဳင္ပြဲဟာ အသင္း (၅)သင္းစီနဲ႕ အုပ္စု (၂)စုခြဲၿပီး ကစားၾကတာျဖစ္ပါတယ္။ အုပ္စု ( B ) မွာ ဘရာဇီးလ္၊ ကိုလံဘီယာ၊ ပီ႐ူး၊ အီေကြေဒါ၊ ဗင္နီဇြဲလား တို႔ပါဝင္ပါတယ္။ အုပ္စု ( A ) မွာေတာ့ အာဂ်င္တီးနား၊ ဘိုလီဗီးယား၊ ခ်ီလီ၊ ပါရာေဂြးနဲ႔ ဥ႐ုေဂြးတို႔ ပါဝင္ပါတယ္။ ကိုပါအေမရိကဖလားၿပိဳင္ပြဲရဲ႕ လက္ရွိခ်န္ပီယံဟာ ဘရာဇီးလ္အသင္းျဖစ္ၿပီး ထပ္ဆင့္ဗိုလ္စြဲသြားဖို႔ ေရပန္းစားေနပါတယ္။ ဒါဟာ ၂၀၁၁ ေနာက္ပိုင္း ဘရာဇီးလ္တို႔ ပထမဆုံးအႀကိမ္ ႏွစ္ႀကိမ္ဆက္ဗိုလ္စြဲနိုင္မယ့္ အခြင့္အေရးလည္း ျဖစ္ေနပါတယ္။
ျပိဳင္ပြဲ ပံုစံဟာ အသင္း(၅)သင္းစီရွိတဲ့ အုပ္စု (၂)စု က အသင္း (၄)သင္းဟာ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားရမွာျဖစ္တာေၾကာင့္ အုပ္စု ေတြထဲက ရမွတ္အနဲဆံုး (၂)သင္းကသာ ျပိဳင္ပြဲကေနထြက္ခြါသြားရမွာျဖစ္ပါတယ္။ ကြာတားဖိုင္နယ္အဆင့္မွာ အုပ္စု ( A )က အမွတ္အမ်ားဆံုးရရွိတဲ့အသင္းဟာ အုပ္စု (B)က အဆင့္ (၄)ရရွိတဲ့အသင္းနဲ႕ ယွဥ္ျပိဳင္ရမွာျဖစ္ၿပီး အုပ္စု ( A )ရဲ႕ ဒုတိယအဆင့္ရရွိတဲ့အသင္းဟာ အုပ္စု (B)က အဆင့္ (၃)ရရွိတဲ့အသင္းနဲ႕ ယွဥ္ျပိဳင္ရမွာပါ။ အုပ္စု ( B ) အသင္းေတြ ကလည္း အုပ္စု (A) အသင္းေတြလိုပဲ ကြာတားဖိုင္နယ္အဆင့္မွာ အုပ္စု ( B )က အမွတ္အမ်ားဆံုးရရွိတဲ့အသင္းဟာ အုပ္စု (A)က အဆင့္ (၄)ရရွိတဲ့အသင္းနဲ႕ ယွဥ္ျပိဳင္ရမွာျဖစ္ၿပီး အုပ္စု ( B )ရဲ႕ ဒုတိယအဆင့္ရရွိတဲ့အသင္းဟာ အုပ္စု (A)က အဆင့္ (၃)ရရွိတဲ့အသင္းနဲ႕ ယွဥ္ျပိဳင္ရမွာပါ။
ဘရာဇီးလ္အတြက္ ဂိုးေတြကိုေတာ့ ပထမပိုင္းပြဲခ်ိန္ (၂၃)မိနစ္မွာ မာကြင္ဟို႔စ္က အဖြင့္ဂိုးသြင္းယူခဲ့ၿပီး ေနမာက (၆၄)မိနစ္မွာ ပယ္နယ္တီကတဆင့္ တစ္ဂိုးသြင္းကာ ဘာဘိုဆာက ေနမာရဲ့ဖန္တီးေပးမႈကေန (၈၉)မိနစ္မွာ တတိယဂိုးကိုသြင္းယူခဲ့ပါတယ္။ ကိုပါအေမရိက ၂၀၂၁ ၿပိဳင္ပြဲဟာ အာဂ်င္တီးနား နဲ႔ ကိုလံဘီယာမွာ က်င္းပဖို႔စီစဥ္ထားေပမယ့္လည္း ကိုဗစ္ေရာဂါေၾကာင့္ မက်င္းပျဖစ္ေတာ့ဘဲ အိမ္ရွင္အျဖစ္ ဘရာဇီးလ္ႏိုင္ငံမွာသာ က်င္းပေနတာပါတယ္။ ဗိုလ္လုပြဲတက္ေရာက္လာက်မယ့္အသင္းေတြဟာ ဇူလိုင္၊ ၁၀ ရက္ေန႕မွာ ဘရာဇီးလ္ႏိုင္ငံ၊ ရီယိုဒီဂ်ေနယိုးက Estádio do Maracanã ကြင္းမွာ သြားေရာက္ယွဥ္ျပိဳင္ကစားရမွာပါ။