အဖြေရှာကြည့်မိတဲ့ တနင်္ဂနွေည စီးရီးအေအမေးပုစ္ဆာ (ကောင်းပိုင်)

1xbet မှာ အကောင့်ဖွင့်ပြီး ကစားမယ့်ဆိုရင် ဒီ viber link ကိုနှိပ်ပါ…

အတ္တလန္တာ 🆚 အူဒီးနီးစ်

အတ္တလန္တာတိုက်စစ် ပုံမှန်အခြေအနေပြန်ရောက်စပြုလာပါပြီ။ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲမှာဆိုရင် တစ်ဂိုးထက်ပိုသွင်းနိုင်တာ ၅ပွဲရှိခဲ့ပါတယ်။

ဇာပါတာနဲ့ မူရီရယ်သာမက အီလီဆစ်နဲ့ ပါဆာလစ်လည်း ဂိုးသွင်းခြေရှိတာမို့ ဂိုးရဖို့ပူစရာမလိုဘူး။

အူဒီးနီးစ်ကတော့ ၅ပွဲဆက်နိုင်ပွဲပျောက်ခဲ့ရာမှာ ဂိုးမသွင်းနိုင်တာ ၃ပွဲရှိခဲ့တယ်။

ဒီရာသီပြိုင်ပွဲစုံ ၁၁ပွဲမှာ ၈ပွဲဂိုးပေးခဲ့ရတဲ့အတ္တလန္တာခံစစ်က သိပ်စိတ်မချရပေမယ့် အူဒီးနီးစ်တိုက်စစ်ကလည်း အားကိုးချင်စရာမရှိဘူး။

အူဒီးနီးစ်ကိုဧည့်ခံခဲ့တဲ့ အိမ်ကွင်းနောက်ဆုံး ၄ပွဲဆက်နိုင်ခဲ့ရာမှာ ၁၄ဂိုးသွင်းခဲ့တဲ့ အတ္တလန္တာ ဂိုးပြတ်နိုင်ပွဲရမှာပါ။

ရွေးချယ်မှု – အတ္တလန္တာ

ဖီအိုရင်တီးနား 🆚 ကက်ဂလီယာရီ

ဖီအိုရင်တီးနား ခြေကျသွားပါတယ်။ နောက်ဆုံး ၄ပွဲမှာ ၃ပွဲရှုံးခဲ့ပြီး ဗီနီဇီယာကိုတောင်ရှုံးရတဲ့အထိ ဖြစ်နေတာပါ။

ဒါပေမဲ့ ဒီရာသီ အိမ်ကွင်းပွဲတိုင်းဂိုးသွင်းနိုင်ခဲ့တဲ့မှတ်တမ်းကိုတော့ ပိုင်ဆိုင်ထားဆဲပါ။

ဖီအိုဟာ စီးရီးအေ အိမ်ကွင်းနောက်ဆုံး ၁၁ပွဲမှာလည်း ၁၀ပွဲဂိုးသွင်းနိုင်ခဲ့တာပါ။

ကက်ဂလီယာရီကလည်း နောက်ဆုံး ၂ပွဲမှာ ၄မှတ်ရ၊ ၄ဂိုးသွင်းခဲ့တာပါ။

ဒီရာသီပြိုင်ပွဲစုံ ၉ပွဲမှာ ၇ပွဲဂိုးရခဲ့တဲ့တိုက်စစ်ကလည်း ဖီ အိုခံစစ်ကို အခက်တွေ့စေပါလိမ့်မယ်။

ဂိုးအပေါ် အကြိုက်ဆုံးပါပဲ။

ရွေးချယ်မှု – ဂိုးအပေါ်

ဗီရိုနာ 🆚 လာဇီယို

အေစီမီလန်ကိုရှုံးခဲ့ပေမယ့် ဗီရိုနာ ကစားပုံမညံ့ဘဲ ဦးဆောင်ဂိုး ၂ဂိုးသွင်းနိုင်ခဲ့သလို ၅ပွဲဆက် တစ်ပွဲအနည်းဆုံး ၂ဂိုးသွင်းခဲ့တဲ့စံချိန်ကိုလည်းဆက်ထိန်းနိုင်ခဲ့တယ်။

နည်းပြသစ် အီဂေါ်ကျူဒေါလက်ထက် တိုက်စစ်အသွေးအသားပိုရှိလာသလို ဆီမြွန်နီ၊ ကာလီနစ်၊ ကာပရာရီ၊ ဘာရက်ခ်တို့အားလုံးဂိုးသွင်းခြေရှိပါတယ်။

လာဇီယိုရဲ့အဓိကအားနည်းချက်က ခြေစွမ်းတစ်သမတ်တည်းမရှိတာပါပဲ။

ခြေတွေ့ပြီဆိုရင် ရိုးမားနဲ့ အင်တာကိုတောင်နိုင်ခဲ့ပေမယ့် ညံ့ပြီဆိုရင်လည်း ဘိုလော့ဂ်နာကိုရှုံး၊ တိုရီနိုနဲ့ ကက်ဂလီယာရီကိုသရေကျတဲ့အထိပါပဲ။

အဆာဘီနဲ့ ဖိလစ်ပီ ပွဲပယ်ခံထားရလို့လည်း လာဇီယိုခံစစ် အားနည်းနေမှာပါ။

သရေဆိုတစ်ဝက်လောက်ရမယ့် ဗီရိုနာကြိုက်တယ်။

ရွေးချယ်မှု – ဗီရိုနာ

ရိုးမား 🆚 နာပိုလီ

မထင်မရှား နော်ဝေကလပ်ကို အရှက်တကွဲရှုံးခဲ့လို့ မော်ရင်ညို အလှောင်ခံနေရပေမယ့် တစ်သင်းလုံး အပြောင်းအလဲလုပ်ပြီး အရန်အသင်းနဲ့ရင်ဆိုင်ခဲ့တာကိုတော့ သတိချပ်ရမှာပါ။

မော်ရင်ညိုဟာ စီးရီးအေနောက်ဆုံး ၅ပွဲမှာလည်း ၃ပွဲရှုံးခဲ့တာမို့ ဖိအားများစပြုလာပါပြီ။

ဒါပေမဲ့ သူ့လက်ထက်ပြိုင်ပွဲစုံအိမ်ကွင်း ၆ပွဲလုံးနိုင်ထားတာကိုတော့ အသိအမှတ်ပြုရပါလိမ့်မယ်။

၈ပွဲလုံးရာနှုန်းပြည့်နိုင်ခဲ့တဲ့နာပိုလီကလည်း ရပ်တန့်လို့ မရနိုင်အောင်ရစ်သမ်မှန်နေတာပါ။

ဒါပေမဲ့ နောက်ပိုင်းပွဲတွေမှာ ပွဲချိန်နှောင်းပိုင်းကျမှ ဂိုးတွေသွင်းနိုင်ခဲ့တာမို့ အိုလံပီကိုမှာ မထင်မှတ်ဘဲရုန်းကန်ရနိုင်တယ်။

ရိုးမား မနိုင်တောင် သရေတော့ရမှာပါ။

ရွေးချယ်မှု – ရိုးမား

အင်တာမီလန် 🆚 ဂျူဗင်တပ်

ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် အီတလီဒါဘီပွဲပါ။

အင်တာလက်ရှိခြေစွမ်းက အနည်းငယ်ယိမ်းယိုင်သွားပါတယ်။

ရာသီအစ စီးရီးအေ ၅ပွဲဆက်ရှုံးပွဲမရှိ ၄ပွဲနိုင်ခဲ့ပေမယ့် နောက်ဆုံး ၃ပွဲမှာတော့ ၁ပွဲသာနိုင်ခဲ့ပါတယ်။

ဒီရာသီပြိုင်ပွဲစုံ ၁၁ပွဲမှာ ၉ပွဲဂိုးပေးခဲ့ရတဲ့ခံစစ်ကလည်း စိတ်မချရပါဘူး။

ဂျူဗင်တပ်က ရော်နယ်ဒိုနဲ့ လမ်းခွဲခါစမှာ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိမှာတော့ တည်ငြိမ်မှုရနေ ပါပြီ။

ပြိုင်ပွဲစုံ ၆ပွဲဆက်နိုင်ခဲ့ရာမှာ ဂိုးမပေးရတာ ၄ပွဲရှိခဲ့သလို ချဲလ်ဆီးနဲ့ ရိုးမားကိုအနိုင်ယူပြီးတော့လည်း ပွဲကျပ်တွေကိုကျော်ဖြတ်နိုင်စွမ်းရှိတာ သက်သေပြခဲ့ပါတယ်။

ဒိုင်ဘာလာနဲ့ မိုရာတာပြန်ပါလာမယ့်တိုက်စစ်ကလည်း အင်တာခံစစ်ကိုဒုက္ခပေးနိုင်မှာပါ။

အင်တာနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၁၁ပွဲမှာ ၁ပွဲသာရှုံးခဲ့တဲ့ ဂျူဗင်တပ် အနိမ့်ဆုံးသရေရမယ့်ပွဲပါ။

ရွေးချယ်မှု – ဂျူဗင်တပ်

1xbet မှာ အကောင့်ဖွင့်ပြီး ကစားမယ့်ဆိုရင် ဒီ viber link ကိုနှိပ်ပါ…

zawgyi


အတ္တလန္တာ 🆚 အူဒီးနီးစ်







ဗီရိုနာ 🆚 လာဇီယို


ရွေးချယ်မှု – ဗီရိုနာ

ရိုးမား 🆚 နာပိုလီ



ရွေးချယ်မှု – ရိုးမား

အင်တာမီလန် 🆚 ဂျူဗင်တပ်


