M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
တနင်္ဂနွေည စီးရီးအေ ၆ပွဲ
ဘိုလော့ဂ်နာ 🆚 လာဇီယို
အဝေးကွင်း ၂ပွဲဆက်ဂိုးပြတ်ရှုံးခဲ့ပေမယ့် ဘိုလော့ဂ်နာက အိမ်ကွင်းတော့မညံ့ပါဘူး။
ဒီရာသီအိမ်ကွင်း ၃ပွဲမှာ ဆလာနီတာနာနဲ့ ဗီရိုနာကိုနိုင်၊ ဂျီနိုအာကို သရေကစားပြီး ၇မှတ်ရခဲ့တာပါ။
ဘာရိုးနဲ့ အာနူတိုဗစ်တို့ဦးဆောင်တဲ့တိုက်စစ်ကလည်း အတ္တလန္တာနဲ့ ဝ-၀ ပွဲကလွဲရင် ဒီရာသီပွဲတိုင်းဂိုးသွင်းထားတာပါ။
လာဇီယိုက ရောမဒါဘီနဲ့ ယူရိုပါလိဂ် ၂ပွဲဆက်နိုင်ခဲ့ပေမယ့် အီမိုဘီလီ ဒဏ်ရာရသွားတာမို့ ပေးဆပ်မှု ကြီးမားခဲ့တယ်။ ဘိုလော့ဂ်နာ သရေတော့ရမှာပါ။
ဗီရိုနာ 🆚 စပီဇီယာ
ဒီရာသီ စီးရီးအေတိုက်စစ်အကောင်းဆုံး ၆သင်းထဲမှာ ဗီရိုနာလည်းပါတယ်။
ဗီရိုနာဟာ ဘိုလော့ဂ်နာကို ၁-ဝနဲ့ရှုံးခဲ့တဲ့ပွဲကလွဲရင် ဒီရာသီပွဲတိုင်းဂိုးသွင်းထားပြီး နောက်ဆုံး ၃ပွဲမှာဆိုရင် ၈ဂိုးသွင်းခဲ့တယ်။
တိုက်စစ်အားသန်လွန်းတာမို့ ခံစစ်ကလည်း စိတ်မချရပါဘူး။
စပီဇီယာကလည်း အတူတူနဲ့အနူနူပဲဖြစ်ပြီး ဒီရာသီပြိုင်ပွဲစုံ ၇ပွဲမှာ ၆ပွဲဂိုးသွင်း၊ ပွဲတိုင်းဂိုးပေးခဲ့ရတာပါ။
ဘော်ဒီဈေးရော ဂိုးပေါင်းဈေးပါ (၁+၃၀/၃+၂၅)ပြင်းနေတာမို့ ဗီရိုနာအပေါ်စုံရွေးသင့်တယ်။
ဆမ်ဒိုးရီးယား 🆚 အူဒီးနီးစ်
၂သင်းလုံးရှုံးပွဲဆက်နေတာချင်းတူပေမယ့် အူဒီးနီးစ်ကအခြေအနေပိုဆိုးတာပါ။
ဆမ်ဒိုးရီးယားရှုံးခဲ့တာက နာပိုလီနဲ့ဂျူဗင်တပ်ကိုဖြစ်ပြီး ဂျူဗီကိုဆိုရင် ၂ဂိုးပြန်သွင်းခဲ့သေးတယ်။
ကာပူတို၊ ကွာဂလီယာရယ်လာ၊ ဒမ်းစ်ဂတ်တို့ရဲ့ တိုက်စစ်စုဖွဲ့မှုကလည်း အားရစရာပါပဲ။
အူဒီးနီးစ်ကတော့ ရာသီအစ ၃ပွဲမှာ ၇မှတ်ရခဲ့ပေမယ့် အဖျားရှူးသွားပြီး ၃ပွဲဆက်ရှုံးခဲ့ရာမှာ မူးလို့ရှူစရာသွင်းဂိုးမရှိခဲ့ဘူး။
အူဒီးနီးစ်ကို ကွင်းမရွေး ၅ပွဲ ဆက်နိုင်ခဲ့တဲ့ ဆမ်ဒိုးရီးယား နိုင်ပွဲပြန်ရှာတွေ့မှာပါ။
ဖီအိုရင်တီးနား 🆚 နာပိုလီ
ဒီရာသီ ဖီအိုရင်တီးနားခြေစွမ်းတိုးတက်လာပေမယ့် ယုံမှတ်ပြီး ပုံအပ်လို့တော့မရသေးဘူး။
ရိုးမားနဲ့ အင်တာကို ဂိုးပြတ်ရှုံးခဲ့တာကိုကြည့်ရင်လည်း အသင်းကြီးတွေကို ခြေရာချင်းမတိုင်းနိုင်သေးတာ ထင်ရှားတယ်။
နာပိုလီက စပါးတပ်မော်စကိုနဲ့ပွဲမှာ ဒီရာသီပထမဆုံးရှုံးပွဲတွေ့ခဲ့ပေမယ့် စီးရီးအေကိုသာအဓိက ပစ်မှတ်ထားမှာပါ။
ဒီရာသီပြိုင်ပွဲစုံ ၈ပွဲလုံး တစ်ပွဲအနည်းဆုံး ၂ဂိုးသွင်းခဲ့တဲ့ နာပိုလီတိုက်စစ်စုဖွဲ့မှုကိုပဲ ဆက်ပြီး ယုံကြည်ရမှာပါ။
ရိုးမား 🆚 အမ်ပိုလီ
ရောမဒါဘီရှုံးပွဲကနေနိုးထဖို့ ရိုးမား ကြိုးစားမှာပါ။
ရိုးမားဟာ အဝေးကွင်း ၂ပွဲဆက်ရှုံးခဲ့ပေမယ့် အိမ်ကွင်းမှာတော့ ပြိုင်ပွဲစုံ ၈ပွဲဆက်နိုင်ခဲ့တာပါ။
မော်ရင်ဟိုကလည်း အရင်နဲ့မတူတော့ဘဲ တိုက်စစ်ဗျူဟာကို ပိုအသားပေးလာတယ်။
အမ်ပိုလီကတော့ ဂျူဗင်တပ်၊ ကက်ဂလီယာရီနဲ့ ဘိုလော့ဂ်နာကိုနိုင်ခဲ့ပေမယ့် ဗီနီဇီယာနဲ့ ဆမ်ဒိုးရီးယားကိုရှုံးခဲ့တာမို့ မှန်းဆရခက်တဲ့အသင်းပါ။
ဒီပွဲကလည်း ဘော်ဒီဈေးရော ဂိုးပေါင်းဈေးပါ (၁-၈၀/၃-၉၀) ပြင်းနေတာမို့ ရိုးမားအပေါ်စုံ ကြိုက်တယ်။
အတ္တလန္တာ 🆚 အေစီမီလန်
တနင်္ဂနွေညရဲ့နောက်ကျပွဲကတော့ လက်ရှိခြေစွမ်းနဲ့ ဖွင့်လှစ်မှုကို ချိန်ထိုးပြီးမှ စဉ်းစားဆုံးဖြတ်ရမှာပါ။
လက်ရှိခြေစွမ်းချင်းယှဉ်ရင် ဖီအိုကိုရှုံး၊ ဘိုလော့ဂ်နာကိုသရေ၊ တိုရီနို၊ ဆလာနီတာနာနဲ့ဆက်ဆူအိုလိုကို ကပ်နိုင်ဖို့ကြိုးစားခဲ့ရတဲ့ အတ္တလန္တာထက် ဂျူဗင်တပ်နဲ့ သရေကျတာကလွဲရင် ကျန် ၅ပွဲလုံးနိုင်ခဲ့တဲ့ အေစီမီလန်ကပိုသာတယ်ဆိုတာ ငြင်းမယ့်သူမရှိပါဘူး။
ဒါပေမဲ့ အဆင့်(၇) အတ္တလန္တာက အဆင့်(၃) အေစီမီလန်ကို =၈၀ ပေးထားရတာကတော့ နည်းနည်းပြင်းတယ်လို့ထင်ပါတယ်။ ဖွင့်လှစ်မှုကိုဦးစားပေးပြီး အတ္တလန္တာနဲ့ စွန့်စားသင့်တယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
အဖြေရှာကြည့်မိတဲ့ တနင်္ဂနွေည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)
ဘိုလော့ဂ်နာ 🆚 လာဇီယို
ဗီရိုနာ 🆚 စပီဇီယာ
ရိုးမား 🆚 အမ်ပိုလီ
အတ္တလန္တာ 🆚 အေစီမီလန်