အဖျားရောဂါကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေနုတ်ထွက်သွားပြီဖြစ်တဲ့ ဒီကလန်ရိုက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဒီကလန်ရိုက်စ်ဟာ အဖျားရောဂါဝေဒနာကြောင့် အယ်လ်ဘေးနီးယား၊ ဆန်မာရီနိုတို့နဲ့ကစားမယ့် အင်္ဂလန်အသင်းလူစာရင်းကနေ နုတ်ထွက်သွားပြီဖြစ်ပါတယ်။

အသက်(၂၂)နှစ်အရွယ်ရှိပြီဖြစ်သူ ဒီကလန်ရိုက်စ်ဟာ အင်္ဂါနေ့ကတည်းက နေမကောင်းဖြစ်နေတာကြောင့် အသင်းနဲ့အတူမပူးပေါင်းနိုင်ဘဲ တစ်ဦးတည်းလေ့ကျင့်ခန်းပြုလုပ်ခဲ့ပြီး နောက်နေ့မှာပဲ အသင်းလူစာရင်းကနုတ်ထွက်ပြီးတော့ ဝက်စ်ဟမ်းအသင်းဆီပြန်သွားပြီဖြစ်ပါတယ်။

ဒီကလန်ရိုက်စ်ဟာ ကိုဗစ်ရောဂါရှိ၊ မရှိစမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ပြီးဖြစ်တာကြောင့် အခုအဖျားရောဂါက သာမန်နေမကောင်းဖြစ်တာလို့ယူဆရမှာပါ။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က “ဒီကလန်ရိုက်စ်ဟာ အင်္ဂလန်အသင်းလူစာရင်းကနေ နုတ်ထွက်သွားပြီဖြစ်ပါတယ်။

သူဟာ နေမကောင်းဖြစ်နေလို့ အသင်းနဲ့အတူလေ့ကျင့်ခန်းမဆင်းနိုင်ဘဲ အခု ဝက်စ်ဟမ်းအသင်းဆီပြန်သွားပြီဖြစ်တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ မပါဝင်နိုင်တော့ပါဘူး။

အခုလောလောဆယ် ဒီကလန်ရိုက်စ်ရဲ့နေရာမှာ ဘယ်သူ့ကိုအစားထိုးခေါ်မလဲဆိုတာ မစီစဉ်ရသေးဘဲ လုခ်ရှော၊ မေဆင်မောင့်တို့ရဲ့အခြေအနေကိုလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်”လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ မေဆင်မောင့်ဟာလည်း မကြာသေးခင်က သွားဆေးခန်းမှာ သူ့’အံဆုံး’ကိုနုတ်ခဲ့တဲ့အတွက် အယ်လ်ဘေးနီးယားနဲ့ကစားမယ့်ပွဲကို လွဲချော်ဖို့ရှိနေပြီး

နောက်ထပ်ကွင်းလယ်လူ ဆောက်သမ်တန်ကစားသမားဝက်ဒ်ပရောက်စ်က အဖျားရောဂါဝေဒနာကြောင့် လူစာရင်းကနုတ်ထွက်သွားပြီဖြစ်ပါတယ်။

အဲဒါကြောင့် အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်အနေနဲ့ လာမယ့်ခြေစစ်ပွဲတွေကျရင် အသင်းရဲ့ကွင်းလယ်မှာ ဘယ်လင်ဂမ်နဲ့ဟန်ဒါဆင်တို့နှစ်ယောက်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသွားဖို့ရှိနေပါပြီ။

မန်ချက်စတာယူနိုက်တက်နောက်ခံလူ လုခ်ရှောကတော့ ပြီးခဲ့တဲ့မန်ချက်စတာဒါဘီပွဲမှာ ဦးခေါင်းထိခိုက်ခဲ့တာကြောင့် အင်္ဂလန်အသင်းအတွက်ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။

အင်္ဂလန်အသင်းဟာ မနက်ဖြန်မှာ အယ်လ်ဘေးနီးယားနဲ့အိမ်ကွင်း၊ လာမယ့်တစ်ပတ်တနင်္လာနေ့ကျရင်

ဆန်မာရီနိုအသင်းတို့နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အခုလောလောဆယ် အုပ်စုတွင်းမှာ (၈)ပွဲကစားအပြီးရမှတ်(၂၀)မှတ်နဲ့ ထိပ်ဆုံးနေရာရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အဖ်ားေရာဂါေၾကာင့္ အဂၤလန္အသင္းလူစာရင္းကေနႏုတ္ထြက္သြားၿပီျဖစ္တဲ့ ဒီကလန္႐ိုက္စ္

ဝက္စ္ဟမ္းအသင္းရဲ႕ အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္လူဒီကလန္႐ိုက္စ္ဟာ အဖ်ားေရာဂါေဝဒနာေၾကာင့္ အယ္လ္ေဘးနီးယား၊ ဆန္မာရီႏိုတို႔နဲ႔ကစားမယ့္ အဂၤလန္အသင္းလူစာရင္းကေန ႏုတ္ထြက္သြားၿပီျဖစ္ပါတယ္။ အသက္(၂၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဒီကလန္႐ိုက္စ္ဟာ အဂၤါေန႔ကတည္းက ေနမေကာင္းျဖစ္ေနတာေၾကာင့္ အသင္းနဲ႔အတူမပူးေပါင္းႏိုင္ဘဲ တစ္ဦးတည္းေလ့က်င့္ခန္းျပဳလုပ္ခဲ့ၿပီး ေနာက္ေန႔မွာပဲ အသင္းလူစာရင္းကႏုတ္ထြက္ၿပီးေတာ့ ဝက္စ္ဟမ္းအသင္းဆီျပန္သြားၿပီျဖစ္ပါတယ္။

ဒီကလန္႐ိုက္စ္ဟာ ကိုဗစ္ေရာဂါရွိ၊ မရွိစမ္းသပ္စစ္ေဆးမႈျပဳလုပ္ခဲ့ၿပီးျဖစ္တာေၾကာင့္ အခုအဖ်ားေရာဂါက သာမန္ေနမေကာင္းျဖစ္တာလို႔ယူဆရမွာပါ။ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္(FA)က “ဒီကလန္႐ိုက္စ္ဟာ အဂၤလန္အသင္းလူစာရင္းကေန ႏုတ္ထြက္သြားၿပီျဖစ္ပါတယ္။

သူဟာ ေနမေကာင္းျဖစ္ေနလို႔ အသင္းနဲ႔အတူေလ့က်င့္ခန္းမဆင္းႏိုင္ဘဲ အခု ဝက္စ္ဟမ္းအသင္းဆီျပန္သြားၿပီျဖစ္တာေၾကာင့္ ကမာၻ႔ဖလားေျခစစ္ပြဲေတြမွာ မပါဝင္ႏိုင္ေတာ့ပါဘူး။ အခုေလာေလာဆယ္ ဒီကလန္႐ိုက္စ္ရဲ႕ေနရာမွာ ဘယ္သူ႔ကိုအစားထိုးေခၚမလဲဆိုတာ မစီစဥ္ရေသးဘဲ လုခ္ေရွာ၊ ေမဆင္ေမာင့္တို႔ရဲ႕အေျခအေနကိုလည္း ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္”လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ေမဆင္ေမာင့္ဟာလည္း မၾကာေသးခင္က သြားေဆးခန္းမွာ သူ႔’အံဆုံး’ကိုႏုတ္ခဲ့တဲ့အတြက္ အယ္လ္ေဘးနီးယားနဲ႔ကစားမယ့္ပြဲကို လြဲေခ်ာ္ဖို႔ရွိေနၿပီး ေနာက္ထပ္ကြင္းလယ္လူ ေဆာက္သမ္တန္ကစားသမားဝက္ဒ္ပေရာက္စ္က အဖ်ားေရာဂါေဝဒနာေၾကာင့္ လူစာရင္းကႏုတ္ထြက္သြားၿပီျဖစ္ပါတယ္။

အဲဒါေၾကာင့္ အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္အေနနဲ႔ လာမယ့္ေျခစစ္ပြဲေတြက်ရင္ အသင္းရဲ႕ကြင္းလယ္မွာ ဘယ္လင္ဂမ္နဲ႔ဟန္ဒါဆင္တို႔ႏွစ္ေယာက္ကို ပြဲထြက္ကစားသမားအျဖစ္ အသုံးျပဳသြားဖို႔ရွိေနပါၿပီ။ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ လုခ္ေရွာကေတာ့ ၿပီးခဲ့တဲ့မန္ခ်က္စတာဒါဘီပြဲမွာ ဦးေခါင္းထိခိုက္ခဲ့တာေၾကာင့္ အဂၤလန္အသင္းအတြက္ပါဝင္ကစားႏိုင္ဖို႔ မေသခ်ာေသးပါဘူး။

အဂၤလန္အသင္းဟာ မနက္ျဖန္မွာ အယ္လ္ေဘးနီးယားနဲ႔အိမ္ကြင္း၊ လာမယ့္တစ္ပတ္တနလၤာေန႔က်ရင္ ဆန္မာရီႏိုအသင္းတို႔နဲ႔ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြအျဖစ္ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အခုေလာေလာဆယ္ အုပ္စုတြင္းမွာ (၈)ပြဲကစားအၿပီးရမွတ္(၂၀)မွတ္နဲ႔ ထိပ္ဆုံးေနရာရပ္တည္ေနပါတယ္။