အဖေဖြစ်သူစီရော်နယ်ဒိုကို ဂုဏ်ယူစေမယ့် ဂျူနီယာလေးရဲ့အကောင်းဆုံးတိုက်စစ်မှုးဆု

photo-the sun

photo-social media

အီတလီက လူငယ်ပြိုင်ပွဲတစ်ခုမှာ အကောင်းဆုံးတိုက်စစ်မှုးဆုရရှိခဲ့တဲ့ ခရစ္စတီယာနိုဂျူနီယာလေးကြောင့် ဖခင်ဖြစ်တဲ့ စီရော်နယ်ဒိုကတော့ ဂုဏ်ယူမဆုံးဖြစ်နေမှာပါ။ Cavour Trophy ပြိုင်ပွဲမှာ ဂျူဗင်တပ်ယူ-၉ အသင်းဗိုလ်စွဲတော့ ၉ နှစ်အရွယ်ဂျူနီယာလေးဟာ ပြိုင်ပွဲတစ်လျှောက် ၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲအပြီးမှာလည်း ဂျူနီယာလေးပါဝင်တဲ့ ဂျူဗင်တပ်ယူ-၉ အသင်းဟာ သူတို့အရပ်လောက်နီးပါးရှိတဲ့ဆုဖလားနဲ့ အောင်ပွဲခံခဲ့ပါတယ်။

photo-social media

၃၄ နှစ်အရွယ် စီရော်နယ်ဒိုကလည်း သားဖြစ်သူရဲ့တစ်ဦးချင်းအောင်မြင်မှုအတွက် ဝမ်းမြောက်နေပြီး အကောင်းဆုံးတိုက်စစ်မှုးဆုနဲ့ သားဖြစ်သူရဲ့ပုံကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ကာ ”ကျွန်တော်ဟာ ဂုဏ်ယူရတဲ့အဖေတစ်ယောက်ပါ”လို့လည်း caption ထိုးခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမတိုင်ခင်ကတည်းက ဂျူနီယာလေးဟာ ဂျူဗင်တပ်ယူ-၉ အသင်းအတွက် ၂၈ ပွဲတည်းမှာ ၅၈ ဂိုးတောင်သွင်းထားပြီး ဂိုးဖန်တီးမှုလည်း ၁၈ ကြိမ်တောင် ရှိထားတာပါ။

photo-gettyimages

ဂျူနီယာလေးဟာ ဂျူဗင်တပ်ယူ-၉ အသင်းအတွက် ပွဲဦးထွက်ကတည်းက ၄ ဂိုးသွင်းနိုင်ခဲ့တာပါ။ ဒီရာသီ နောက်ထပ်တစ်ပွဲမှာလည်း ၇ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုကတော့ သူ့သားဟာ သူ့လိုအဆင့်ထိရောက်ဖို့ ရုန်းကန်ရလိမ့်မယ်လို့ အင်တာဗျူးတစ်ခုမှာ ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံထားပါတယ်။ ပရိသတ်တွေကလည်း ဂျူနီယာလေးဟာ သူ့အဖေခြေရာနင်းနိုင်မလားဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်နေကြတာပါ။

[Zawgyi]

အေဖျဖစ္သူစီေရာ္နယ္ဒိုကို ဂုဏ္ယူေစမယ့္ ဂ်ဴနီယာေလးရဲ႕အေကာင္းဆံုးတိုက္စစ္မႈးဆု

အီတလီက လူငယ္ၿပိဳင္ပြဲတစ္ခုမွာ အေကာင္းဆုံးတုိက္စစ္မႈးဆုရရွိခဲ့တဲ့ ခရစၥတီယာႏိုဂ်ဴနီယာေလးေၾကာင့္ ဖခင္ျဖစ္တဲ့ စီေရာ္နယ္ဒိုကေတာ့ ဂုဏ္ယူမဆုံးျဖစ္ေနမွာပါ။ Cavour Trophy ၿပိဳင္ပြဲမွာ ဂ်ဴဗင္တပ္ယူ-၉ အသင္းဗိုလ္စြဲေတာ့ ၉ ႏွစ္အရြယ္ဂ်ဴနီယာေလးဟာ ၿပိဳင္ပြဲတစ္ေလွ်ာက္ ၃ ဂုိးသြင္းႏိုင္ခဲ့ပါတယ္။ ၿပိဳင္ပြဲအၿပီးမွာလည္း ဂ်ဴနီယာေလးပါ၀င္တဲ့ ဂ်ဴဗင္တပ္ယူ-၉ အသင္းဟာ သူတုိ႔အရပ္ေလာက္နီးပါးရွိတဲ့ဆုဖလားနဲ႔ ေအာင္ပြဲခံခဲ့ပါတယ္။

၃၄ ႏွစ္အရြယ္ စီေရာ္နယ္ဒိုကလည္း သားျဖစ္သူရဲ႕တစ္ဦးခ်င္းေအာင္ျမင္မႈအတြက္ ၀မ္းေျမာက္ေနၿပီး အေကာင္းဆုံးတုိက္စစ္မႈးဆုနဲ႔ သားျဖစ္သူရဲ႕ပုံကို ဆုိရွယ္မီဒီယာေပၚတင္ခဲ့ကာ ”ကၽြန္ေတာ္ဟာ ဂုဏ္ယူရတဲ့အေဖတစ္ေယာက္ပါ”လုိ႔လည္း caption ထုိးခဲ့ပါတယ္။ အဲဒီၿပိဳင္ပြဲမတိုင္ခင္ကတည္းက ဂ်ဴနီယာေလးဟာ ဂ်ဴဗင္တပ္ယူ-၉ အသင္းအတြက္ ၂၈ ပြဲတည္းမွာ ၅၈ ဂိုးေတာင္သြင္းထားၿပီး ဂိုးဖန္တီးမႈလည္း ၁၈ ႀကိမ္ေတာင္ ရွိထားတာပါ။

ဂ်ဴနီယာေလးဟာ ဂ်ဴဗင္တပ္ယူ-၉ အသင္းအတြက္ ပြဲဦးထြက္ကတည္းက ၄ ဂိုးသြင္းႏိုင္ခဲ့တာပါ။ ဒီရာသီ ေနာက္ထပ္တစ္ပြဲမွာလည္း ၇ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ စီေရာ္နယ္ဒိုကေတာ့ သူ႔သားဟာ သူ႔လိုအဆင့္ထိေရာက္ဖို႔ ရုန္းကန္ရလိမ့္မယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ပြင့္ပြင့္လင္းလင္းပဲ ၀န္ခံထားပါတယ္။ ပရိသတ္ေတြကလည္း ဂ်ဴနီယာေလးဟာ သူ႔အေဖေျခရာနင္းႏုိင္မလားဆိုတာကို စိတ္၀င္တစားေစာင့္ၾကည့္ေနၾကတာပါ။