အဖေတူသား မက်တီယို မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီယွန်နယ် မက်ဆီတို့ သားအဖတွေဟာ piggy လေးကို အလယ်မှာထားပြီး ဘောလုံးကစားစဥ် မက်တီယိုက အဖေဖြစ်သူအတိုင်း ဘောလုံးထိန်းသိမ်းမှု ၊ ပေးပို့မှု စကေးတွေ ပြသခဲ့တာတွေ့ရပါတယ်။

အသက် ( ၅ ) အရွယ် မက်တီယိုဟာ သီယာဂို မက်ဆီပြီးနောက် လီယွန်နယ် မက်ဆီရဲ့ ဒုတိယမြောက်သားဖြစ်ပြီး ပရိသတ်တွေက သူ့ရဲ့ ဘောလုံးစွမ်းဆောင်ရည်အပေါ် အံ့သြမှင်သက်လျက်ရှိပါတယ်။

မက်ဆီက အဆိုပါ ဗီဒီယိုဖိုင်ကို သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ မျှဝေခဲ့ပြီး ကြည့်ရှုသူသန်းနဲ့ချီပြီး ရှိနေတာတွေ့ရပါတယ်။

အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိက ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ မက်ဆီဟာ မိသားစုနဲ့အတူ မိုင်ယာမီကို အားလပ်ရက်အပန်းဖြေခရီးထွက်ခဲ့ပြီးနောက် လက်ရှိမှာတော့ ဘာစီလိုနာမြို့ကို ပြန်လည်ရောက်ရှိနေပြီလို့ သတင်းတွေအရ သိရပါတယ်။

ဇူလိုင်လကတည်းက free agent ဖြစ်နေတဲ့ ဘာစီလိုနာဂန္တဝင်ဟာ ယခင်လစာပမာဏရဲ့ ( ၅၀ ) ရာခိုင်နှုန်း လျော့ယူပြီး ( ၅ ) နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

ဘာစီလိုနာ ဥက္ကဌ လာပေါ်တာကလည်း ဘလွန်းဒီအော ( ၆ ) ကြိမ်ပိုင်ရှင်ကို စာချုပ်သက်တမ်းတိုးဖို့ အဆင်သင့်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

သူက စပိန်သတင်းစာ မာကာနဲ့ တွေ့ဆုံရာမှာ “မက်ဆီက အရမ်းပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့လည်း ထို့အတူပါပဲ။”လို့ ဆိုခဲ့ပါတယ်။

“ အာဂျင်တီးနားအသင်းကို ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ လီယွန်နယ် မက်ဆီအတွက် ဂုဏ်ယူမိပါတယ်။

သူ့မိသားစု ၊ အာဂျင်တီးနား နှင့် သူချစ်တဲ့ ဘာစီလိုနာအတွက် ဝမ်းသာမိပါတယ်။

မက်ဆီ စာချုပ်သစ်ချုပ်ဆိုဖို့ လုံလောက်တဲ့ အခြေအနေကို ပိုင်ဆိုင်ထားပါတယ်။”

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အေဖတူသား မက္တီယို မက္ဆီ

လီယြန္နယ္ မက္ဆီတို႔ သားအဖေတြဟာ piggy ေလးကို အလယ္မွာထားၿပီး ေဘာလုံးကစားစဥ္ မက္တီယိုက အေဖျဖစ္သူအတိုင္း ေဘာလုံးထိန္းသိမ္းမႈ ၊ ေပးပို႔မႈ စေကးေတြ ျပသခဲ့တာေတြ႕ရပါတယ္။

အသက္ ( ၅ ) အ႐ြယ္ မက္တီယိုဟာ သီယာဂို မက္ဆီၿပီးေနာက္ လီယြန္နယ္ မက္ဆီရဲ႕ ဒုတိယေျမာက္သားျဖစ္ၿပီး ပရိသတ္ေတြက သူ႔ရဲ႕ ေဘာလုံးစြမ္းေဆာင္ရည္အေပၚ အံ့ၾသမွင္သက္လ်က္ရွိပါတယ္။ မက္ဆီက အဆိုပါ ဗီဒီယိုဖိုင္ကို သူ႔ရဲ႕ အင္စတာဂရမ္အေကာင့္ကေန မွ်ေဝခဲ့ၿပီး ၾကည့္ရႈသူသန္းနဲ႔ခ်ီၿပီး ရွိေနတာေတြ႕ရပါတယ္။

အာဂ်င္တီးနားအသင္းနဲ႔အတူ ကိုပါအေမရိက ခ်န္ပီယံဆုကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ မက္ဆီဟာ မိသားစုနဲ႔အတူ မိုင္ယာမီကို အားလပ္ရက္အပန္းေျဖခရီးထြက္ခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ ဘာစီလိုနာၿမိဳ႕ကို ျပန္လည္ေရာက္ရွိေနၿပီလို႔ သတင္းေတြအရ သိရပါတယ္။

ဇူလိုင္လကတည္းက free agent ျဖစ္ေနတဲ့ ဘာစီလိုနာဂႏၲဝင္ဟာ ယခင္လစာပမာဏရဲ႕ ( ၅၀ ) ရာခိုင္ႏႈန္း ေလ်ာ့ယူၿပီး ( ၅ ) ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားမယ္လို႔ သိရပါတယ္။

ဘာစီလိုနာ ဥကၠဌ လာေပၚတာကလည္း ဘလြန္းဒီေအာ ( ၆ ) ႀကိမ္ပိုင္ရွင္ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ အဆင္သင့္ရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။ သူက စပိန္သတင္းစာ မာကာနဲ႔ ေတြ႕ဆုံရာမွာ “မက္ဆီက အရမ္းေပ်ာ္႐ႊင္ေနပါတယ္။ ကြၽန္ေတာ္တို႔လည္း ထို႔အတူပါပဲ။”လို႔ ဆိုခဲ့ပါတယ္။

“ အာဂ်င္တီးနားအသင္းကို ခ်န္ပီယံဆု ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့ လီယြန္နယ္ မက္ဆီအတြက္ ဂုဏ္ယူမိပါတယ္။ သူ႔မိသားစု ၊ အာဂ်င္တီးနား ႏွင့္ သူခ်စ္တဲ့ ဘာစီလိုနာအတြက္ ဝမ္းသာမိပါတယ္။ မက္ဆီ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ လုံေလာက္တဲ့ အေျခအေနကို ပိုင္ဆိုင္ထားပါတယ္။”