အဖိုးအိုကြီး ဘောလုံးကစားသလိုဖြစ်နေပြီလို့ ဝေဖန်ခံနေရတဲ့ စီရော်နယ်လ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တိုကို (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတုန်းက ခြေစွမ်းမပြနိုင်ခဲ့သူ ဂျူဗင်တပ်စ်နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ပြင်းထန်တဲ့ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ပေါ်တိုနဲ့ပွဲမှာ သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှု မလုပ်နိုင်ခဲ့သလို ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့တာပါ။

အဲဒါကြောင့် အီတလီဂျာနယ်လစ်တစ်ဦးဖြစ်သူ မာရီယိုစကွန်စာတီက စီရော်နယ်လ်ဒိုဟာ အဖိုးအိုကြီးဘောလုံးကစားနေသလိုဖြစ်နေတယ်ဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာဖြစ်ပါတယ်။ စကွန်စာတီက”စီရော်နယ်လ်ဒိုအတွက်တော့ တကယ့်ကို ရှက်စရာကောင်းတဲ့ခြေစွမ်းဖြစ်ပါတယ်။ ပေါ်တိုနဲ့ပွဲမတိုင်ခင်ကတည်းက စီရော်နယ်လ်ဒိုဟာ ပုံမှန်ခြေစွမ်းမရှိပေမယ့် ဂိုးတွေသွင်းပြီး သူ့အနေအထားကို ထိန်းထားနိုင်တုန်းပါပဲ။

အခုပွဲမှာတော့ သူ့ကို ရှာလို့တောင်မရတော့ပါဘူး။ တစ်ခါကဆိုရင် သူ လေထဲကိုကန်လိုက်တဲ့ပုံက အဖိုးအိုကြီးတစ်ယောက် ဟန်ချက်မညီဘဲ ကန်လိုက်တဲ့ပုံမျိုးပါပဲ”လို့ Corriere della Sera သတင်းစာမှာ ဝေဖန်ရေးသားခဲ့ပါတယ်။

ဒါ့အပြင် စီးရီးအေနာမည်ကျော် ကစားသမားဟောင်းတစ်ဦးဖြစ်သူ ရိုးမားဂန္ထဝင် ကာဆာနိုကလည်း စီရော်နယ်လ်ဒိုဟာ တစ်ကိုယ်ကောင်းသမားဖြစ်သလို အသင်းဖော်တွေ ဂိုးသွင်းနိုင်ခြင်းရှိ၊ မရှိကို ဂရုမစိုက်ဘူးလို့ ဝေဖန်ခဲ့ပြန်ပါတယ်။ ကာဆာနိုက “စီရော်နယ်လ်ဒိုဟာ သူ့ကစားသမားဘဝမှာ ဂိုးတွေအများကြီးသွင်းခဲ့သူပါ။ ဒါပေမဲ့ ပီယာလို(ဂျူဗီနည်းပြ)ရဲ့ ဘောလုံးအိုင်ဒီယာအရ စီရော်နယ်လ်ဒို ဂိုးတွေအများကြီးသွင်းဖို့က သိပ်မလွယ်ပါဘူး။

အသင်းအတွက် တစ်ပွဲတစ်ဂိုးနှုန်းလောက် သွင်းနေဆဲဆိုပေမယ့် စီရော်နယ်လ်ဒိုဟာ ပီယာလိုရဲ့နည်းဗျူဟာတွေနဲ့ သိပ်အဆင်မပြေပါဘူး။ စီရော်နယ်လ်ဒိုဆိုတာက တစ်ကိုယ်ကောင်းဆန်တဲ့ ကစားသမားမျိုးဖြစ်ပြီး အသင်းဖော်တွေ ဂိုးသွင်းနိုင်တာ၊ မသွင်းနိုင်တာကို ဂရုမစိုက်တတ်တဲ့သူမျိုးဖြစ်ပါတယ်။ သူက ဘောလုံးပွဲတစ်ပွဲမှာ အသင်းအတွက် အာရုံစိုက်ဖို့ထက် သူကိုယ်တိုင်ဂိုးသွင်းနိုင်ဖို့ပဲ ပိုပြီးအာရုံစိုက်ထားတာပါ။

အခုအချိန်မှာတော့ အဲဒီအခြေအနေက တဖြည်းဖြည်းပိုဆိုးလာပါပြီ”လို့ ပြောကြားခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ (၁၆)ဂိုးသွင်းထားသလို ပြိုင်ပွဲစုံမှာလည်း ဂျူဗင်တပ်စ်အသင်းအတွက် (၂၇)ပွဲကစား၊ (၂၃)ဂိုးသွင်းယူထားသူဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ သူ့ခြေစွမ်းအပေါ် ဝေဖန်မှုတွေထွက်ပေါ်လာတိုင်း အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တာကြောင့် ပေါ်တိုနဲ့ ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့မှာ ဂျူဗင်တပ်စ်အသင်းအတွက် ခြေစွမ်းပြပြီး နောက်တစ်ဆင့်တက်နိုင်အောင် ကူညီပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဖိုးအိုႀကီး ေဘာလုံးကစားသလိုျဖစ္ေနၿပီလို႔ ေဝဖန္ခံေနရတဲ့ စီေရာ္နယ္လ္ဒို

ေပၚတိုကို (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲတုန္းက ေျခစြမ္းမျပႏိုင္ခဲ့သူ ဂ်ဴဗင္တပ္စ္နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ျပင္းထန္တဲ့ ေဝဖန္ျပစ္တင္မႈေတြနဲ႔ ရင္ဆိုင္ေနရပါၿပီ။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဟာ ေပၚတိုနဲ႔ပြဲမွာ သြင္းဂိုးမရွိ၊ ဂိုးဖန္တီးမႈ မလုပ္ႏိုင္ခဲ့သလို ပုံမွန္ေျခစြမ္းေအာက္ေရာက္ေနခဲ့တာပါ။ အဲဒါေၾကာင့္ အီတလီဂ်ာနယ္လစ္တစ္ဦးျဖစ္သူ မာရီယိုစကြန္စာတီက စီေရာ္နယ္လ္ဒိုဟာ အဖိုးအိုႀကီးေဘာလုံးကစားေနသလိုျဖစ္ေနတယ္ဆိုၿပီး ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့တာျဖစ္ပါတယ္။ စကြန္စာတီက”စီေရာ္နယ္လ္ဒိုအတြက္ေတာ့ တကယ့္ကို ရွက္စရာေကာင္းတဲ့ေျခစြမ္းျဖစ္ပါတယ္။ ေပၚတိုနဲ႔ပြဲမတိုင္ခင္ကတည္းက စီေရာ္နယ္လ္ဒိုဟာ ပုံမွန္ေျခစြမ္းမရွိေပမယ့္ ဂိုးေတြသြင္းၿပီး သူ႔အေနအထားကို ထိန္းထားႏိုင္တုန္းပါပဲ။ အခုပြဲမွာေတာ့ သူ႔ကို ရွာလို႔ေတာင္မရေတာ့ပါဘူး။ တစ္ခါကဆိုရင္ သူ ေလထဲကိုကန္လိုက္တဲ့ပုံက အဖိုးအိုႀကီးတစ္ေယာက္ ဟန္ခ်က္မညီဘဲ ကန္လိုက္တဲ့ပုံမ်ိဳးပါပဲ”လို႔ Corriere della Sera သတင္းစာမွာ ေဝဖန္ေရးသားခဲ့ပါတယ္။

ဒါ့အျပင္ စီးရီးေအနာမည္ေက်ာ္ ကစားသမားေဟာင္းတစ္ဦးျဖစ္သူ ႐ိုးမားဂႏၴဝင္ ကာဆာႏိုကလည္း စီေရာ္နယ္လ္ဒိုဟာ တစ္ကိုယ္ေကာင္းသမားျဖစ္သလို အသင္းေဖာ္ေတြ ဂိုးသြင္းႏိုင္ျခင္းရွိ၊ မရွိကို ဂ႐ုမစိုက္ဘူးလို႔ ေဝဖန္ခဲ့ျပန္ပါတယ္။ ကာဆာႏိုက “စီေရာ္နယ္လ္ဒိုဟာ သူ႔ကစားသမားဘဝမွာ ဂိုးေတြအမ်ားႀကီးသြင္းခဲ့သူပါ။ ဒါေပမဲ့ ပီယာလို(ဂ်ဴဗီနည္းျပ)ရဲ႕ ေဘာလုံးအိုင္ဒီယာအရ စီေရာ္နယ္လ္ဒို ဂိုးေတြအမ်ားႀကီးသြင္းဖို႔က သိပ္မလြယ္ပါဘူး။ အသင္းအတြက္ တစ္ပြဲတစ္ဂိုးႏႈန္းေလာက္ သြင္းေနဆဲဆိုေပမယ့္ စီေရာ္နယ္လ္ဒိုဟာ ပီယာလိုရဲ႕နည္းဗ်ဴဟာေတြနဲ႔ သိပ္အဆင္မေျပပါဘူး။ စီေရာ္နယ္လ္ဒိုဆိုတာက တစ္ကိုယ္ေကာင္းဆန္တဲ့ ကစားသမားမ်ိဳးျဖစ္ၿပီး အသင္းေဖာ္ေတြ ဂိုးသြင္းႏိုင္တာ၊ မသြင္းႏိုင္တာကို ဂ႐ုမစိုက္တတ္တဲ့သူမ်ိဳးျဖစ္ပါတယ္။ သူက ေဘာလုံးပြဲတစ္ပြဲမွာ အသင္းအတြက္ အာ႐ုံစိုက္ဖို႔ထက္ သူကိုယ္တိုင္ဂိုးသြင္းႏိုင္ဖို႔ပဲ ပိုၿပီးအာ႐ုံစိုက္ထားတာပါ။ အခုအခ်ိန္မွာေတာ့ အဲဒီအေျခအေနက တျဖည္းျဖည္းပိုဆိုးလာပါၿပီ”လို႔ ေျပာၾကားခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ဒီရာသီ စီးရီးေအၿပိဳင္ပြဲမွာ (၁၆)ဂိုးသြင္းထားသလို ၿပိဳင္ပြဲစုံမွာလည္း ဂ်ဴဗင္တပ္စ္အသင္းအတြက္ (၂၇)ပြဲကစား၊ (၂၃)ဂိုးသြင္းယူထားသူျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုအေနနဲ႔ သူ႔ေျခစြမ္းအေပၚ ေဝဖန္မႈေတြထြက္ေပၚလာတိုင္း အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္ခဲ့တာေၾကာင့္ ေပၚတိုနဲ႔ ရႈံးထြက္(၁၆)သင္းအဆင့္ ဒုတိယအေက်ာ့မွာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ေျခစြမ္းျပၿပီး ေနာက္တစ္ဆင့္တက္ႏိုင္ေအာင္ ကူညီေပးႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။