အပြောဆိုးခဲ့တဲ့ မက်ဂွားယားကို ကာကွယ်ပေးခဲ့တဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင် မက်ဂွားယားဟာ အမှားအယွင်းတွေကျူးလွန်နေတဲ့ ဖရက်ဒ်ကို “ သောက်ငတုံးကောင်” လို့ စိတ်ဆိုးဆိုးနဲ့ ဆဲရေးပြောဆိုခဲ့ပါတယ်။

မက်ဂွားယား အဲဒီလို ပြောဆိုတာနဲ့ ပတ်သက်ပြီး နည်းပြ ဆိုးလ်ရှားက ဖော့ပြီး ပြောဆိုပေးထားပါတယ်။

နည်းပြဆိုးလ်ရှားက “ အသင်းသားအချင်းချင်း စိတ်အခန့်မသင့်တာက ဖြစ်တတ်ပါတယ်။ ရည်မှန်းချက်မြင့်မြင့်မားမားထားတဲ့ ပြိုင်ပွဲမျိုးမှာ စိတ်ဆိုးအော်ဟစ် ပြောဆိုတာက ဖြစ်လေ့ရှိပါတယ်။”

” မက်ဂွားယားနဲ့ ဖရက်ဒ် သူတို့ ၂ ယောက်ကြားမှာ ဘာပြဿနာမှမရှိပါဘူး။

တစ်ယောက်နဲ့ တစ်ယောက်ကြားမှာအားကောင်းတဲ့ ခြေစွမ်းတွေကို မျှော်လင့်လို့ အဲဒီလိုဖြစ်တာပါ။

ကွင်းထဲမှာ အနိုင်ယူချင်စိတ် ကြီးမားရင် လူကောင်းဖြစ်နေဖို့မလိုပါဘူး။” ဆိုပြီးပြောပါတယ်။

အသင်းခေါင်းဆောင်မက်ဂွားယားကတော့ သူပါးစပ်ဆိုးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖြေဆိုဖို့ ဆန္ဒ မရှိပါဘူး။

မက်ဂွားယားက “ဘာမဟုတ်တဲ့ ကိစ္စရပ်တွေအတွက် ကျွန်တော်အချိန်မပေးနိုင်ပါဘူး။

အခုအချိန်မှာ ကျွန်တော်တို့က လာမယ့် ပွဲစဉ်တွေ အတွက်ပဲ အာရုံစိုက်ကြရမှာပါ” လို့ ပြောဆို ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွားယားဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (71)ပွဲစလုံးကိုတစ်မိနစ်မှတောင်လွဲချော်ခြင်းမရှိဘဲ မိနစ်အပြည့်ပါဝင်ကစားထားခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ ဒီကြားရက်မှာ ရိုးမားအသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ကစားသွားရမှာဖြစ်ပြီး အဲဒီပွဲပြီးရင်တော့ လီဗာပူးအသင်းနဲ့

ပရီးမီးယားလိဂ် ပွဲ ကို ဆက်တိုက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အေျပာဆိုးခဲ့တဲ့ မက္ဂြားယားကို ကာကြယ္ေပးခဲ့တဲ့ ဆုိးလ္ရွား

ၿပီးခဲ့တဲ့ လိဒ္ယူႏိုက္တက္နဲ႔ပြဲစဥ္မွာ အသင္းေခါင္းေဆာင္ မက္ဂြားယားဟာ အမွားအယြင္းေတြက်ဴးလြန္ေနတဲ့ ဖရက္ဒ္ကို “ ေသာက္ငတုံးေကာင္” လို့ စိတ္ဆုိးဆိုးနဲ႔ ဆဲေရးေျပာဆိုခဲ့ပါတယ္။

မက္ဂြားယား အဲဒီလုိ ေျပာဆိုတာနဲ႔ ပတ္သက္ၿပီး နည္းျပ ဆုိးလ္ရွားက ေဖာ့ၿပီး ေျပာဆိုေပးထားပါတယ္။ နည္းျပဆိုးလ္ရွားက “ အသင္းသားအခ်င္းခ်င္း စိတ္အခန္႔မသင့္တာက ျဖစ္တတ္ပါတယ္။

ရည္မွန္းခ်က္ျမင့္ျမင့္မားမားထားတဲ့ ၿပိဳင္ပြဲမ်ိဳးမွာ စိတ္ဆိုးေအာ္ဟစ္ ေျပာဆိုတာက ျဖစ္ေလ့ရွိပါတယ္။”

” မက္ဂြားယားနဲ႔ ဖရက္ဒ္ သူတို့ ၂ ေယာက္ၾကားမွာ ဘာျပႆနာမွမရွိပါဘူး။

တစ္ေယာက္နဲ႔ တစ္ေယာက္ၾကားမွာအားေကာင္းတဲ့ ေျခစြမ္းေတြကို ေမွ်ာ္လင့္လို႔ အဲဒီလိုျဖစ္တာပါ။

ကြင္းထဲမွာ အႏိုင္ယူခ်င္စိတ္ ႀကီးမားရင္ လူေကာင္းျဖစ္ေနဖို့မလိုပါဘူး။” ဆိုၿပီးေျပာပါတယ္။

အသင္းေခါင္းေဆာင္မက္ဂြားယားကေတာ့ သူပါးစပ္ဆိုးခဲ့တဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ေျဖဆိုဖို႔ ဆႏၵ မရိွပါဘူး။ မက္ဂြားယားက “ဘာမဟုတ္တဲ့ ကိစၥရပ္ေတြအတြက္ ကၽြန္ေတာ္အခ်ိန္မေပးနိုင္ပါဘူး။

အခုအခ်ိန္မွာ ကၽြန္ေတာ္တို႔က လာမယ့္ ပြဲစဥ္ေတြ အတြက္ပဲ အာရုံစိုက္ၾကရမွာပါ” လို႔ ေျပာဆို ပါတယ္။

ယူႏိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြားယားဟာ ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (71)ပြဲစလုံးကိုတစ္မိနစ္မွေတာင္လြဲေခ်ာ္ျခင္းမရွိဘဲ မိနစ္အျပည့္ပါဝင္ကစားထားခဲ့ပါတယ္။

ယူနိုက္တက္အသင္းကေတာ့ ဒီၾကားရက္မွာ ရိုးမားအသင္းနဲ႔ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္ကို ကစားသြားရမွာျဖစ္ၿပီး အဲဒီပြဲၿပီးရင္ေတာ့ လီဗာပူးအသင္းနဲ႔
ပရီးမီးယားလိဂ္ ပြဲ ကို ဆက္တိုက္ယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။