အပြောင်းအရွှေ့သတင်းတွေကို လှုပ်ခတ်သွားစေတဲ့ ပေါ့ဂ်ဘာနဲ့ဇီဒန်းတို့ရဲ့ ဒူဘိုင်းက တွေ့ဆုံမှု

photo-daily mirror

photo-daily mail

ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ မန်ယူကွင်းလယ်လူပေါ့ဂ်ဘာနဲ့ ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းတို့ နှစ်ယောက်သားစကားပြောနေကြတဲ့ဓာတ်ပုံပေါ်ထွက်လာပြီးနောက် ပေါ့ဂ်ဘာရဲ့ရီးရဲလ်အပြောင်းအရွှေ့သတင်းတွေဟာ ပိုမိုလှုပ်ခတ်လာပါတယ်။ ပေါ့ဂ်ဘာဟာ ဒီရာသီမှာ သူ့ကိုဒုက္ခပေးနေတဲ့ ခြေချင်းဝတ်ဒဏ်ရာကနေ ပြန်လည်နာလန်ထူနိုင်ရေးအတွက် အဲဒီအရှေ့လယ်ပိုင်းဒေသကို သွားရောက်ခဲ့တာပါ။ အဲဒီမှာ ပေါ့ဂ်ဘာက သူ့ရဲ့ကြံ့ခိုင်မှုအတွက် အလုပ်လုပ်နေသလို ဇီဒန်းကလည်း ပွဲအခမ်းအနားတစ်ခုရဲ့ဖိတ်ကြားခံဧည့်သည်တော်တစ်ယောက်အဖြစ် ဒူဘိုင်းကိုရောက်လာခဲ့တာပါ။

photo-gettyimages

ပေါ့ဂ်ဘာနဲ့ဇီဒန်းတို့ဟာ အပန်းဖြေကမ်းခြေတစ်ခုက ရေကူးကန်နားမှာ စကားပြောခဲ့ကြတာပါ။ ဇီဒန်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ပေါ့ဂ်ဘာကို ခေါ်ယူချင်ခဲ့ပါတယ်။ ဒါ့အပြင် ဇီဒန်းဟာ ငယ်စဉ်ကတည်းက ပေါ့ဂ်ဘာလေးစားအားကျတဲ့ ကစားသမားဟောင်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မန်ယူဘက်က အဲဒီ ၂၆ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ဟာ ရောင်းချဖို့မဟုတ်ဘူးဆိုပြီး ရီးရဲလ်ရဲ့စိတ်ဝင်စားမှုကို တားဆီးခဲ့ပါတယ်။

photo-gettyimages

ပေါ့ဂ်ဘာရဲ့အေးဂျင့်ရိုင်အိုလာကလည်း ကစားသမားဟာ မန်ယူက ထွက်ခွာဖို့ စိတ်ဆန္ဒရှိနေတယ်လို့ ပြောခဲ့ပါတယ်။ ပေါ့ဂ်ဘာကိုယ်တိုင်ကလည်း သူ့အနေနဲ့ စိန်ခေါ်မှုအသစ်တစ်ခုအတွက် အချိန်ကျပြီလို့ ဝန်ခံခဲ့တာပါ။ လက်ရှိမှာလည်း မန်ယူဟာ သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို ရောင်းချလိုစိတ်မရှိပါဘူး။ ပေါ့ဂ်ဘာဟာ မန်ယူနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်နေသေးပြီး အဲဒီထဲမှာ နောက်ထပ် ၁၂ လထပ်တိုးနိုင်တဲ့အချက်လည်း ပါဝင်ပါတယ်။

[Zawgyi]

အေျပာင္းအေရႊ႕သတင္းေတြကို လႈပ္ခတ္သြားေစတဲ့ ေပါ့ဂ္ဘာနဲ႔ဇီဒန္းတို႔ရဲ႕ ဒူဘိုင္းက ေတြ႕ဆုံမႈ

ယူေအအီးႏိုင္ငံ ဒူဘိုင္းမွာ မန္ယူကြင္းလယ္လူေပါ့ဂ္ဘာနဲ႔ ရီးရဲလ္မက္ဒရစ္နည္းျပဇီဒန္းတုိ႔ ႏွစ္ေယာက္သားစကားေျပာေနၾကတဲ့ဓာတ္ပုံေပၚထြက္လာၿပီးေနာက္ ေပါ့ဂ္ဘာရဲ႕ရီးရဲလ္အေျပာင္းအေရႊ႕သတင္းေတြဟာ ပိုမိုလႈပ္ခတ္လာပါတယ္။ ေပါ့ဂ္ဘာဟာ ဒီရာသီမွာ သူ႔ကိုဒုကၡေပးေနတဲ့ ေျခခ်င္း၀တ္ဒဏ္ရာကေန ျပန္လည္နာလန္ထူႏိုင္ေရးအတြက္ အဲဒီအေရွ႕လယ္ပိုင္းေဒသကို သြားေရာက္ခဲ့တာပါ။ အဲဒီမွာ ေပါ့ဂ္ဘာက သူ႔ရဲ႕ႀကံ႕ခိုင္မႈအတြက္ အလုပ္လုပ္ေနသလို ဇီဒန္းကလည္း ပြဲအခမ္းအနားတစ္ခုရဲ႕ဖိတ္ၾကားခံဧည့္သည္ေတာ္တစ္ေယာက္အျဖစ္ ဒူဘိုင္းကိုေရာက္လာခဲ့တာပါ။

ေပါ့ဂ္ဘာနဲ႔ဇီဒန္းတို႔ဟာ အပန္းေျဖကမ္းေျခတစ္ခုက ေရကူးကန္နားမွာ စကားေျပာခဲ့ၾကတာပါ။ ဇီဒန္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ေပါ့ဂ္ဘာကို ေခၚယူခ်င္ခဲ့ပါတယ္။ ဒါ့အျပင္ ဇီဒန္းဟာ ငယ္စဥ္ကတည္းက ေပါ့ဂ္ဘာေလးစားအားက်တဲ့ ကစားသမားေဟာငး္လည္း ျဖစ္ပါတယ္။ ဒါေပမဲ့ မန္ယူဘက္က အဲဒီ ၂၆ ႏွစ္အရြယ္ ျပင္သစ္လက္ေရြးစင္ဟာ ေရာင္းခ်ဖို႔မဟုတ္ဘူးဆုိၿပီး ရီးရဲလ္ရဲ႕စိတ္၀င္စားမႈကို တားဆီးခဲ့ပါတယ္။

ေပါ့ဂ္ဘာရဲ႕ေအးဂ်င့္ရိုင္အိုလာကလည္း ကစားသမားဟာ မန္ယူက ထြက္ခြာဖို႔ စိတ္ဆႏၵရွိေနတယ္လုိ႔ ေျပာခဲ့ပါတယ္။ ေပါ့ဂ္ဘာကိုယ္တုိင္ကလည္း သူ႔အေနနဲ႔ စိန္ေခၚမႈအသစ္တစ္ခုအတြက္ အခ်ိန္က်ၿပီလုိ႔ ၀န္ခံခဲ့တာပါ။ လက္ရွိမွာလည္း မန္ယူဟာ သူတို႔ရဲ႕ၾကယ္ပြင့္ကစားသမားကို ေရာင္းခ်လုိစိတ္မရွိပါဘူး။ ေပါ့ဂ္ဘာဟာ မန္ယူနဲ႔ စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ေနေသးၿပီး အဲဒီထဲမွာ ေနာက္ထပ္ ၁၂ လထပ္တိုးႏိုင္တဲ့အခ်က္လည္း ပါ၀င္ပါတယ္။