အပြောင်းအရွှေ့မှာ မျက်နှာသစ်ကစားသမား ၂ ဦးကို ကမ်းလှမ်းနေတဲ့ သတင်းတွေကြောင့် လှောင်ပြောင်ခံလိုက်ရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒဏ်ရာရရှိနေတဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ချ်ဖိ့ုဒ်ရဲ့ နေရာမှာ ရေတိုအစားထိုးဖို့ အိုဒီရွန်အစ်ဟာလိုနဲ့ အစ်လန်စလီမာနီကို ခေါ်ယူလိုနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ကာလမှာ စိတ်ဝင်စားတဲ့ ကစားသမားသစ်တွေကြောင့် လူမှုမီဒီယာပေါ်မှာ ဆိုးရွားစွာ လှောင်ပြောင်ခံခဲ့ရပါတယ်။


အိုးထရက်ဖို့ဒ်အသင်းဟာ ဒီအပတ်ထဲမှာပဲ ဘရူနိုဖာနန်ဒက်စ်၊ ကာဗာနီနဲ့ ကားလို့စ်တိဗက်ဇ်တို့ကို ချိတ်ဆက်ခဲ့သေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က လက်ရှိမှာ အိုဒီယွန်အစ်ဟာလိုနဲ့ အစ်လန်စလီမာနီတို့လို နာမည်မကြီးတဲ့ ကစားသမားတွေကို ရက်ချ်ဖို့ဒ်နေရာ အစားထိုးဖို့ ချိန်ရွယ်လာကြပါတယ်။


အစ်ဟာလိုနဲ့ စလီမာနီတို့ဟာ တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟူရာနဲ့ မိုနာကို တိ့ုမှာ အသီးသီးကစားနေတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ပြိုင်ဖက်အသင်း ပရိသတ်တွေကတော့ ယူနိုက်တက်က ဒီလိုကစားသမား ၂ ဦးကို ချိတ်ဆက်ရတာ အသင်းဘယ်လောက်တောင် ပြိုလဲနေပြီလဲလို့ တွေးထင်နေမှာ ဖြစ်ပါတယ်။


ပရိသတ်တစ်ဦးက ” သူတို့အဆင့်က အဲ့လောက်တောင်ဖြစ်သွားပြီလား ၊ သူတို့ရဲ့ ကစားသမားဝယ်ယူမှုက ဒီလိုအဆင့်လား ” လို့ လှောင်ပြောင်လိုက်ပါတယ်။
နောက်တစ်ယောက်ကလည်း ” ဂျိုဗစ်နဲ့ ကာဗာနီတို့ကို ချိန်နေတာကနေ အစ်ဟာလိုနဲ့ စလီမာနီကို ခေါ်မလို့လား ၊ ခေါ်မယ့် ၂ ယောက်က ကာဗာနီတိ့ုလို ခြေစွမ်းမျိုးလား”လို့ နောက်ပြောင်ပြန်ပါတယ်။


” ငါတို့ပြောနေတဲ့ ကမ္ဘာပေါ်က အင်အားကြီး ကလပ်အသင်းက ဒါလား “လို့ ရယ်နေတဲ့ Emojis တွေနဲ့ နောက်တစ်ယောက်ကလည်း လှောင်ပြောင်ခဲ့ပါတယ်။
အစ်ဟာလိုကတော့ ၂၀၁၇ ခုနှစ်ကတည်းက ဝက်ဖို့ဒ်အသင်းမှာ ဂိုးပေါက်ရှာတွေဖို့ ရုန်းကန်နေရတာကြောင့် တရုတ်ကလပ်ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
စလီမာနီကတော့ လက်စတာအသင်းကို ပေါင် ၂၅ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး စပို့တင်းလစ္စဘွန်းမှာတုန်းကလို ခြေစွမ်းမပြနိုင်တာကြောင့် မိုနာကိုအသင်းမှာ အဌားသွားရောက် ကစားနေတာ ဖြစ်ပါတယ်။