M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပေါလ် ပေါ့ဘာက လာမယ့် အပတ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ လာရောက်ပူးပေါင်မယ်လို့ သိရပါတယ်။
ဒါပေမယ့် သူက ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်လည်သွားရောက်ခြင်းမပြုမီ ကြံ့ခိုင်မှုပြည့်ဝနေဖို့ ပြင်ဆင်လျက်ရှိပါတယ်။
ကွင်းလယ်ကစားသမာဟာ မိုင်ယာမီ က gym တစ်ခုမှာ လေ့ကျင့်ခန်း ပြုလုပ်နေတဲ့ ပုံတွေကို အင်စတာဂရမ်ကနေ မျှဝေထားတာ တွေ့ရပါတယ်။
နောက်ပြီး သူက ယခုအပတ်အတွင်း ဒေးဗစ် ဘက်ခမ်း ပိုင်ဆိုင်တဲ့ အင်တာ မိုင်ယာမီအသင်းရဲ့ ဘောလုံးပွဲစဥ်ကိုလည်း သွားေရာက်ကြည့်ရှုခဲ့ပါတယ်။
ပေါ့ဘာက အဆိုပါ ပွဲစဥ်မှာ နာမည်ကျော်ပုဂ္ဂိုလ်အချို့နဲ့ အတူရှိနေခဲ့တာတွေ့ရပါတယ်။
သူတို့ထဲမှာ ပီအက်စ်ဂျီ ကစားသမား ကင်မ်ပါပေ နှင့် NFL ကြယ်ပွင့်ဟောင်း Chad ‘Ochoinco’ Johnson တို့လည်း ပါဝင်ပါတယ်။
ပီအက်စ်ဂျီနဲ ့ အပြောင်းအရွေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ပေါ့ဘာက ယခုလို ကင်မ်ပါပေနဲ့အတူ ရှိနေတဲ့အပေါ် ပရိသတ်တွေက သုံးသပ်လျက်ရှိပါတယ်။
ပြင်သစ်သတင်းစာ L’Equipe က ပေါ့ဘာဟာ ပီအက်စ်ဂျီကို ပြောင်းရေွ့ဖို့ သဘောကျပြီး အေးဂျင့် မီနို ရိွိုင်းအိုလာ အပြောင်းအရွေ့ဖြစ်မြောက်လာဖို့ စီစဥ်နေတယ်လို့ ယခုအပတ်အတွင်း ဆိုခဲ့ပါတယ်။
ဒါပေမယ့် အဆိုပါ သတင်းအရ ပီအက်စ်ဂျီက ယခုအပြောင်းအရွေ့မှာ ကစားသမားအချို့ ခေါ်ယူထားပြီးဖြစ်တာကြောင့် ပေါ့ဘာရဲ့ ပြောင်းရွေ့ကြေးကို ပေးချေးနိုင်ဖို့ ရောင်းချမှုတွေပြုလုပ်ဖို့ လိုအပ်နေကြောင်း သိရပါတယ်။
ပေါ့ဘာက လက်ရှိမှာ အိုးထရတ်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း ( ၁ ) နှစ်သာ ကျန်ရှိတော့ပြီး The Mirror ရဲ့ အဆိုအရ ကွင်းလယ်ကစားသမားက ယူနိုက်တက်ရဲ့ တစ်ပတ်လုပ်ခ ေပါင်( ၃၅၀ ၀၀၀ ) စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အပြောင်းအရွေ့သတင်းတွေ ထွက်ပေါ်နေချိန် ပီအက်စ်ဂျီကြယ်ပွင့်နဲ့အတူ ဘောလုံးပွဲကြည့်ခဲ့တဲ့ ပေါ့ဘာ
ပေါ့ဘာက လက်ရှိမှာ အိုးထရတ်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း ( ၁ ) နှစ်သာ ကျန်ရှိတော့ပြီး The Mirror ရဲ့ အဆိုအရ ကွင်းလယ်ကစားသမားက ယူနိုက်တက်ရဲ့ တစ်ပတ်လုပ်ခ ပေါင်( ၃၅၀ ၀၀၀ ) စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။