အပြင်သွားရင် မျက်နှာအုပ်သွားရမယ့် မက်ဆီရဲ့ အသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေကို မနေ့က ကစားခဲ့ရာမှာတော့ ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာပဲ ပီအက်စ်ဂျီကို ၁-၄ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ အဲဒီလိုဂိုးပြတ်အရေးနိမ့်မှုကြောင့် ဘာစီလိုနာအတွက် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ ဆိုတာ တော်တော်ခက်သွားပါတယ်။

နောက်တစ်ခေါက် ပြင်သစ်မြေမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိအောင် ကစားနိုင်မှသာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်တော့မှာလည်းဖြစ်ပါတယ်။လာလီဂါမှာ နိုင်ပွဲဆက်တိုက်ရရှိနေပြီး ပုံစံကောင်းရရှိနေပြီလို့ ထင်မှတ်ခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ အခုတော့ အရှက်တွေကွဲရတာပါ။

ဦးဆောင်ဂိုးကို မက်ဆီရဲ့ ပယ်နယ်တီကနေတစ်ဆင့် ရယူနိုင်ခဲ့ပေမယ့် နေမာတောင်မပါဝင်တဲ့ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်တွေကို ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ပီအက်စ်ဂျီမှာ နေမာ မပါဝင်ခဲ့ပေမယ့် မွိုက်ကီးန်နဲ့ ဘတ်ပီတို့ တိုက်စစ်အတွဲက ခြေစွမ်းပြခဲ့ပြီး ဘတ်ပီက မက်ဆီရဲ့ ဦးဆောင်ဂိုးကို ပြန်လည်ချေပခဲ့ကာ ပထမပိုင်းကတော့ တစ်ဂိုးစီသရေနဲ့သာပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ပီအက်စ်ဂျီတို့ ပိုမိုကောင်းမွန်တဲ့ ကစားပုံကို ပြသနိုင်ခဲ့ပြီး ဘတ်ပီက နှစ်ဂိုးနဲ့ မွိုက်ကီးန်က တစ်ဂိုးသွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီအနေနဲ့ ဂိုးပေါက်တည့်ကန်သွင်းမှုအပိုင်းမှာလည်း ဘာစီလိုနာထက် နှစ်ဆအသာစီးနဲ့ ကစားသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။  ဘာစီလိုနာဟာ ဒီရာသီမှာ ဒုတိယအကြိမ်အဖြစ် အိမ်ကွင်းမှာ (၃) ဂိုးပြတ်ရှုံးခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြ ရော်နယ် ကိုးမန်းက” ဒီရလဒ်က သူတို့ ဘယ်လောက်ထိ သာတယ်ဆိုတာ ပြသပါတယ်။ သူတို့က ပိုပြီး အားကောင်းပြီး ပထမပိုင်းမှာ ပိုကောင်းပါတယ်။” “ဒုတိယပိုင်းမှာ ကျွန်တော်တို့ ခံစစ်ပိုင်းအရ ပြဿနာ ရှိခဲ့ပါတယ်။ သူတို့ ကြံ့ခိုင်မှုပိုင်းအရလည်း သာတယ်ဆိုတာ ပြသခဲ့ပါတယ်။ ဦးဆောင်ဂိုးရချိန် ပြန်ပေးလိုက်ရင် ပွဲက ခက်ခဲတာပါပဲ။

ကျွန်တော်တို့ သူတို့ တိုက်စစ်ကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ တောင်ပံတွေ၊ ကွင်းလယ်တွေက ဘောလုံးတွေကို အာရုံမစိုက်နိုင်ခဲ့ပါဘူး။ ၄-၁ ဂိုးနဲ့ အိမ်ကွင်းမှာ ရှုံးတာက နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေး နည်းနည်းပဲ ကျန်ပါတော့တယ်။” ဆိုပြီး ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အျပင္သြားရင္ မ်က္ႏွာအုပ္သြားရမယ့္ မက္ဆီရဲ႕ အသင္း

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ပြဲစဥ္ေတြကို မေန႔က ကစားခဲ့ရာမွာေတာ့ ဘာစီလိုနာအသင္းဟာ အိမ္ကြင္းမွာပဲ ပီအက္စ္ဂ်ီကို ၁-၄ နဲ႔ အေရးနိမ့္သြားခဲ့ပါတယ္။ အဲဒီလိုဂိုးျပတ္အေရးနိမ့္မႈေၾကာင့္ ဘာစီလိုနာအတြက္ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ဖို႔ ဆိုတာ ေတာ္ေတာ္ခက္သြားပါတယ္။ေနာက္တစ္ေခါက္ ျပင္သစ္ေျမမွာ ေလးဂိုးျပတ္နဲ႔ အႏိုင္ရရွိေအာင္ ကစားႏိုင္မွသာ ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ေတာ့မွာလည္းျဖစ္ပါတယ္။လာလီဂါမွာ ႏိုင္ပြဲဆက္တိုက္ရရွိေနၿပီး ပုံစံေကာင္းရရွိေနၿပီလို႔ ထင္မွတ္ခဲ့ရတဲ့ ဘာစီလိုနာအသင္းဟာ အခုေတာ့ အရွက္ေတြကြဲရတာပါ။

ဦးေဆာင္ဂိုးကို မက္ဆီရဲ႕ ပယ္နယ္တီကေနတစ္ဆင့္ ရယူႏိုင္ခဲ့ေပမယ့္ ေနမာေတာင္မပါဝင္တဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕တိုက္စစ္ေတြကို ဘယ္လိုမွ မထိန္းခ်ဳပ္ႏိုင္ခဲ့ပါဘူး။ပီအက္စ္ဂ်ီမွာ ေနမာ မပါဝင္ခဲ့ေပမယ့္ မြိဳက္ကီးန္နဲ႔ ဘတ္ပီတို႔ တိုက္စစ္အတြဲက ေျခစြမ္းျပခဲ့ၿပီး ဘတ္ပီက မက္ဆီရဲ႕ ဦးေဆာင္ဂိုးကို ျပန္လည္ေခ်ပခဲ့ကာ ပထမပိုင္းကေတာ့ တစ္ဂိုးစီသေရနဲ႔သာၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ပီအက္စ္ဂ်ီတို႔ ပိုမိုေကာင္းမြန္တဲ့ ကစားပုံကို ျပသႏိုင္ခဲ့ၿပီး ဘတ္ပီက ႏွစ္ဂိုးနဲ႔ မြိဳက္ကီးန္က တစ္ဂိုးသြင္းယူခဲ့ပါတယ္။ ဒီပြဲမွာ ပီအက္စ္ဂ်ီအေနနဲ႔ ဂိုးေပါက္တည့္ကန္သြင္းမႈအပိုင္းမွာလည္း ဘာစီလိုနာထက္ ႏွစ္ဆအသာစီးနဲ႔ ကစားသြားႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ဘာစီလိုနာဟာ ဒီရာသီမွာ ဒုတိယအႀကိမ္အျဖစ္ အိမ္ကြင္းမွာ (၃) ဂိုးျပတ္ရႈံးခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာနည္းျပ ေရာ္နယ္ ကိုးမန္းက” ဒီရလဒ္က သူတို႔ ဘယ္ေလာက္ထိ သာတယ္ဆိုတာ ျပသပါတယ္။ သူတို႔က ပိုၿပီး အားေကာင္းၿပီး ပထမပိုင္းမွာ ပိုေကာင္းပါတယ္။” “ဒုတိယပိုင္းမွာ ကြၽန္ေတာ္တို႔ ခံစစ္ပိုင္းအရ ျပႆနာ ရွိခဲ့ပါတယ္။ သူတို႔ ႀကံ့ခိုင္မႈပိုင္းအရလည္း သာတယ္ဆိုတာ ျပသခဲ့ပါတယ္။ ဦးေဆာင္ဂိုးရခ်ိန္ ျပန္ေပးလိုက္ရင္ ပြဲက ခက္ခဲတာပါပဲ။ ကြၽန္ေတာ္တို႔ သူတို႔ တိုက္စစ္ကို ေကာင္းေကာင္း မကာကြယ္ႏိုင္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ ေတာင္ပံေတြ၊ ကြင္းလယ္ေတြက ေဘာလုံးေတြကို အာ႐ုံမစိုက္ႏိုင္ခဲ့ပါဘူး။၄-၁ဂိုးနဲ႔ အိမ္ကြင္းမွာ ရႈံးတာက ေနာက္တစ္ဆင့္တက္ဖို႔ အခြင့္အေရး နည္းနည္းပဲ က်န္ပါေတာ့တယ္။” ဆိုၿပီး ​ေျပာဆိုပါတယ္။