အန်ဖီးလ်မှာ နာပိုလီကိုအနိုင်မယူနိုင်ခဲ့လို့ လီဗာပူးပရိသတ်တွေကိုတောင်းပန်လိုက်တဲ့ ကလော့ပ်

photo-gettyimages

photo-gettyimages

အိမ်ကွင်းအန်ဖီးလ်က ချန်ပီယံလိဂ်ပွဲစဉ်မှာ နာပိုလီကိုအနိုင်မယူနိုင်ခဲ့တဲ့အတွက် အသင်းရဲ့ပရိသတ်တွေရဲ့အားလပ်ရက်ကို ဖျက်ဆီးသလိုဖြစ်မိသွားတာကြောင့် လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာ တောင်းပန်မှုပြုလုပ်လိုက်ပါတယ်။ လီဗာပူးဟာ နာပိုလီကိုနိုင်ခဲ့ရင် နောက်တစ်ဆင့်တက်ရောက်နိုင်မှာ ဖြစ်ပေမယ့်လည်း အိမ်ကွင်းမှာ သရေသာကစားနိုင်ခဲ့ပါတယ်။

photo-gettyimages

ဒါကြောင့် လီဗာပူးဟာ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ဆဲလ်ဘတ်နဲ့အဝေးကွင်းပွဲမှာ ရှုံးထွက်အဆင့်တက်လှမ်းနိုင်ဖို့အတွက် အမှတ်ယူနိုင်မှဖြစ်တော့မယ့်အနေအထားကို ရောက်ရှိသွားပါတယ်။ ပရိသတ်အတော်များမာျးဟာ ဒီဇင်ဘာလ သြစတြီးယားမှာ ခရစ္စမတ်ဈေးဝယ်ထွက်နိုင်ဖု့ိ မျှော်လင့်ထားကြတာလို့ ကလော့ပ်က နောက်ပြောင်ခဲ့တာပါ။ အခုတော့ သူ့အသင်းဟာ အုပ်စုနောက်ဆုံးပွဲအတွက် အတော်လေးဖိအားရှိသွားပါတယ်။ အန်ဖီးလ်မှာသာ နိုင်ထားမယ်ဆိုရင် လီဗာပူးဟာ တစ်ပွဲအလိုမှာပဲ အုပ်စုဗိုလ်နေရာပါသေချာမှာဖြစ်လို့ ပွဲဆက်တွေများမယ့်ဒီဇင်ဘာမှာ ကစားသမားတွေကို အနားပေးခွင့်ရနိုင်ပါတယ်။

photo-gettyimages

ဒါပေမဲ့လည်း ကလော့ပ်ကတော့ လီဗာပူးအတွက် အမြဲတမ်းခက်ခဲလေ့ရှိတယ်လို့ အခုလိုဆိုခဲ့ပါတယ်။ ”အုပ်စုအနေအထားကတော့ အားလုံးမှာ အခွင့်အလမ်းရှိနေဆဲပဲ။ ပွဲတိုင်းမှာ ပြင်းပြလေးနက်မှုလိုအပ်တယ်လို့ ကျွန်တော်မပြောချင်ပါဘူး။ ကျွန်တော် ဒီမှာရှိခဲ့တဲ့အချိန်တိုင်းက လွယ်ကူခဲ့တာမှ မဟုတ်တာ။ ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် ကျွန်တော်တို့ဟာ အုပ်စုနောက်ဆုံးပွဲမှာ နာပိုလီကို ၁-၀ ဂိုးနဲ့အနိုင်ယူခဲ့ရပါတယ်။ အဲဒီပွဲထက် ပိုပြီးဖိအားကြီးတာကို ကျွန်တော် မမှတ်မိနိုင်တော့ပါဘူး။ ပရိသတ်တွေကတော့ ကျွန်တော်တို့နိုင်မယ်လို့ မျှော်လင့်ထားကြမှာပါ။ အဲဒါဆိုရင် ကျွန်တော်တို့ရော သူတို့ပါ ဒီဇင်ဘာရောက်ရင် ဆဲလ်ဘတ်ကို အားလပ်ရပ်ခရီးထွက်နိုင်မှာပေါ့။ ဒါပေမဲ့ အဲဒါက ဖြစ်မသွားခဲ့ဘူး။ ဆောရီးပဲဗျာ။ အဲဒါက တကယ်ကိုဖြစ်မသွားခဲ့တာပါ”လို့ ကလော့ပ်က ပြောခဲ့တာပါ။

[Zawgyi]

အန္ဖီးလ္မွာ နာပိုလီကိုအႏိုင္မယူႏိုင္ခဲ့လို႔ လီဗာပူးပရိသတ္ေတြကိုေတာင္းပန္လုိက္တဲ့ ကေလာ့ပ္

အိမ္ကြင္းအန္ဖီးလ္က ခ်န္ပီယံလိဂ္ပြဲစဥ္မွာ နာပုိလီကိုအႏိုင္မယူႏုိင္ခဲ့တဲ့အတြက္ အသင္းရဲ႕ပရိသတ္ေတြရဲ႕အားလပ္ရက္ကို ဖ်က္ဆီးသလိုျဖစ္မိသြားတာေၾကာင့္ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာ ေတာင္းပန္မႈျပဳလုပ္လုိက္ပါတယ္။ လီဗာပူးဟာ နာပိုလီကိုႏိုင္ခဲ့ရင္ ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္မွာ ျဖစ္ေပမယ့္လည္း အိမ္ကြင္းမွာ သေရသာကစားႏုိင္ခဲ့ပါတယ္။

ဒါေၾကာင့္ လီဗာပူးဟာ အုပ္စုေနာက္ဆုံးပြဲျဖစ္တဲ့ ဆဲလ္ဘတ္နဲ႔အေ၀းကြင္းပြဲမွာ ရႈံးထြက္အဆင့္တက္လွမ္းႏိုင္ဖို႔အတြက္ အမွတ္ယူႏိုင္မွျဖစ္ေတာ့မယ့္အေနအထားကို ေရာက္ရွိသြားပါတယ္။ ပရိသတ္အေတာ္မ်ားမာ်းဟာ ဒီဇင္ဘာလ ၾသစႀတီးယားမွာ ခရစၥမတ္ေစ်း၀ယ္ထြက္ႏိုင္ဖု႔ိ ေမွ်ာ္လင့္ထားၾကတာလုိ႔ ကေလာ့ပ္က ေနာက္ေျပာင္ခဲ့တာပါ။ အခုေတာ့ သူ႔အသင္းဟာ အုပ္စုေနာက္ဆုံးပြဲအတြက္ အေတာ္ေလးဖိအားရွိသြားပါတယ္။ အန္ဖီးလ္မွာသာ ႏိုင္ထားမယ္ဆိုရင္ လီဗာပူးဟာ တစ္ပြဲအလိုမွာပဲ အုပ္စုဗုိလ္ေနရာပါေသခ်ာမွာျဖစ္လုိ႔ ပြဲဆက္ေတြမ်ားမယ့္ဒီဇင္ဘာမွာ ကစားသမားေတြကို အနားေပးခြင့္ရႏိုင္ပါတယ္။

ဒါေပမဲ့လညး္ ကေလာ့ပ္ကေတာ့ လီဗာပူးအတြက္ အၿမဲတမ္းခက္ခဲေလ့ရွိတယ္လို႔ အခုလိုဆုိခဲ့ပါတယ္။ ”အုပ္စုအေနအထားကေတာ့ အားလုံးမွာ အခြင့္အလမ္းရွိေနဆဲပဲ။ ပြဲတိုင္းမွာ ျပင္းျပေလးနက္မႈလိုအပ္တယ္လို႔ ကၽြန္ေတာ္မေျပာခ်င္ပါဘူး။ ကၽြန္ေတာ္ ဒီမွာရွိခဲ့တဲ့အခ်ိန္တိုင္းက လြယ္ကူခဲ့တာမွ မဟုတ္တာ။ ၿပီးခဲ့တဲ့ႏွစ္တုန္းကဆိုရင္ ကၽြန္ေတာ္တို႔ဟာ အုပ္စုေနာက္ဆုံးပြဲမွာ နာပိုလီကို ၁-၀ ဂိုးနဲ႔အႏိုင္ယူခဲ့ရပါတယ္။ အဲဒီပြဲထက္ ပိုၿပီးဖိအားႀကီးတာကို ကၽြန္ေတာ္ မမွတ္မိႏိုင္ေတာ့ပါဘူး။ ပရိသတ္ေတြကေတာ့ ကၽြန္ေတာ္တို႔ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားၾကမွာပါ။ အဲဒါဆုိရင္ ကၽြန္ေတာ္တို႔ေရာ သူတို႔ပါ ဒီဇင္ဘာေရာက္ရင္ ဆဲလ္ဘတ္ကို အားလပ္ရပ္ခရီးထြက္ႏိုင္မွာေပါ့။ ဒါေပမဲ့ အဲဒါက ျဖစ္မသြားခဲ့ဘူး။ ေဆာရီးပဲဗ်ာ။ အဲဒါက တကယ္ကိုျဖစ္မသြားခဲ့တာပါ”လုိ႔ ကေလာ့ပ္က ေျပာခဲ့တာပါ။