အန်ဖီးလ်ကွင်းမှာ အကောင်းဆုံးခြေစွမ်း ပိုင်ဆိုင်ခဲ့တဲ့ လုခ်ရှော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် ခံစစ်ကစားသမား လုခ်ရှောဟာ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ သူ့ရဲ့ သရဲနီ ကစားသမား ဘဝ အခမ်းနားဆုံး ခြေစွမ်း ပိုင်ဆိုင်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ခံစစ် ( ၄ ) ယောက်တန်းမှာ ချို့ယွင်းချက်မရှိ တည်ငြိမ်စွာ ကစားနိုင်ခဲ့ပါတယ်။

ခံစစ်မှူးတွေအတွက် အိပ်မက်ဆိုးတစ်ခုသဖွယ် ဖြစ်တဲ့ မိုဟာမက်ဆာလက်ကို အကောင်းဆုံး တားဆီးနိုင်ခဲ့ပြီး အီဂျစ်တိုက်စစ်မှူးအနေနဲ့ လုခ်ရှောကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပဲ နောက်ပြန်ပေးမှုတွေကိုသာ အဓိက လုပ်ဆောင်သွားခဲ့ရပါတယ်။

ဒါ့အပြင် ဟယ်ရီ မက်ဂွဲယားကလည်း ရာသီအစ ပွဲစဉ်တွေမှာ ခြေစွမ်းပြဖို့ ရုန်းကနေခဲ့ရပေမယ့် ယခုပွဲစဉ်မှာတော့ အင်္ဂလန် လက်ရွေးစင်ဟာ အဲရစ် ဘိုင်လီထက် ဦးစားပေးခြင်းခံခဲ့ရတဲ့ ဗစ်တာ လင်ဒီလော့နဲ့အတူ ယူနိုက်တက်ကို အကောင်းဆုံး ဦးဆောင် ကစားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်နောက်တန်းက ကျစ်လျစ်မှု ရှိခဲ့ပြီး လီဗာပူးအသင်းတိုက်စစ်ဟာ ဒီဇင်ဘာလ ( ၁၇ ) ရက်နေ့ကတည်းက ပရီးမီးယားလိဂ် သွင်းဂိုး ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ယခုပွဲစဉ်မှာတော့ ယူနိုက်တက်က သွင်းဂိုးရရှိဖို့ ပိုမိုနီးစပ်ခဲ့ပြီး အပိုင်အခွင့်အရေးအချို့ လွဲချော်ခဲ့ပါတယ်။ – Martin Keown ( Daily Mail )

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အန္ဖီးလ္ကြင္းမွာ အေကာင္းဆုံးေျခစြမ္း ပိုင္ဆိုင္ခဲ့တဲ့ လုခ္ေရွာ

ယူႏိုက္တက္ ခံစစ္ကစားသမား လုခ္ေရွာဟာ လီဗာပူးအသင္းနဲ႔ ပြဲစဥ္မွာ သူ႔ရဲ႕ သရဲနီ ကစားသမား ဘဝ အခမ္းနားဆုံး ေျခစြမ္း ပိုင္ဆိုင္ခဲ့ပါတယ္။ ယူႏိုက္တက္ရဲ႕ ခံစစ္ ( ၄ ) ေယာက္တန္းမွာ ခ်ိဳ႕ယြင္းခ်က္မရွိ တည္ၿငိမ္စြာ ကစားႏိုင္ခဲ့ပါတယ္။

ခံစစ္မႉးေတြအတြက္ အိပ္မက္ဆိုးတစ္ခုသဖြယ္ ျဖစ္တဲ့ မိုဟာမက္ဆာလက္ကို အေကာင္းဆုံး တားဆီးႏိုင္ခဲ့ၿပီး အီဂ်စ္တိုက္စစ္မႉးအေနနဲ႔ လုခ္ေရွာကို ေက်ာ္ျဖတ္ႏိုင္ျခင္းမရွိခဲ့ပဲ ေနာက္ျပန္ေပးမႈေတြကိုသာ အဓိက လုပ္ေဆာင္သြားခဲ့ရပါတယ္။ ဒါ့အျပင္ ဟယ္ရီ မက္ဂြဲယားကလည္း ရာသီအစ ပြဲစဥ္ေတြမွာ ေျခစြမ္းျပဖို႔ ႐ုန္းကေနခဲ့ရေပမယ့္ ယခုပြဲစဥ္မွာေတာ့ အဂၤလန္ လက္ေ႐ြးစင္ဟာ အဲရစ္ ဘိုင္လီထက္ ဦးစားေပးျခင္းခံခဲ့ရတဲ့ ဗစ္တာ လင္ဒီေလာ့နဲ႔အတူ ယူႏိုက္တက္ကို အေကာင္းဆုံး ဦးေဆာင္ ကစားႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္ေနာက္တန္းက က်စ္လ်စ္မႈ ရွိခဲ့ၿပီး လီဗာပူးအသင္းတိုက္စစ္ဟာ ဒီဇင္ဘာလ ( ၁၇ ) ရက္ေန႔ကတည္းက ပရီးမီးယားလိဂ္ သြင္းဂိုး ရယူႏိုင္ခဲ့ျခင္း မရွိပါဘူး။ ယခုပြဲစဥ္မွာေတာ့ ယူႏိုက္တက္က သြင္းဂိုးရရွိဖို႔ ပိုမိုနီးစပ္ခဲ့ၿပီး အပိုင္အခြင့္အေရးအခ်ိဳ႕ လြဲေခ်ာ္ခဲ့ပါတယ္။ – Martin Keown ( Daily Mail )