အန်ဖီးလ်ကိုပြောင်းလာဖို့ ဆန်ချိုကို တိုက်တွန်းလိုက်တဲ့ အာနိုး

photo-daily mail

photo-PA

နောက်ခံလူအာနိုးဟာ မန်ယူအသင်းရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ဒေါ့မန်ကြယ်ပွင့်ဆန်ချိုကို သူရှိရာ လီဗာပူးအသင်းဆီပြောင်းလာဖို့ တိုက်တွန်းလိုက်ပါတယ်။ အသက် ၂၀ သာရှိသေးတဲ့ အဲဒီဒေ့ါမန်တောင်ပံကစားသမားဟာ ပရီးမီးယားလိဂ်ကိုပြန်ရောက်ဖို့ သတင်းထွက်နေပြီး ခေါ်ယူနိုင်ရေးအတွက် မန်ယူက ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ဒါပေမဲ့ လီဗာပူးနောက်ခံလူအာနိုးကတော့ စပါယ်ရှယ်အရည်အသွေးရှိဆန်ချိုကို အန်ဖီးလ်မှာ ရှိစေချင်တယ်လို့ ဝန်ခံလိုက်ပါတယ်။

photo-metro

”သူသာ ကျွန်တော်တု့ိဆီရောက်လာမယ်ဆိုရင် ကျွန်တော်တို့အသင်းပိုကောင်းအောင် သူလုပ်ပေးနိုင်မှာပါ။ ဒါကြောင့် သူသာ လာမယ်ဆိုရင် သူ့အတွက် ကျွန်တော်ပိုပျော်မိမှာပါ။ ဘာကြောင့်လဲဆိုတော့ အင်္ဂလန်အသင်းမှာ သူနဲ့အတူ ကစားခဲ့လို့ သူ့မှာ စပါယ်ရှယ်၊စပါယ်ရှယ်၊စပါယ်ရှယ်အရည်အသွေးရှိတယ်ဆိုတာ သိတာပါ”လို့ အာနိုးက Instagram ပေါ်က Live Chat တစ်ခုမှာ ပြောခဲ့တာပါ။

photo-PA

ပေါင် သန်းအထက် ကမ်းလှမ်းမှုတစ်ခု လက်ခံရရှိမယ်ဆိုရင်တော့ ဒေ့ါမန်ဟာ ဆန်ချိုကို အင်္ဂလန်ပြန်ဖို့ ခွင့်ပြုလိမ့်မယ်လို့ သတင်းတွေအရ သိရပါတယ်။ ဘွန်ဒက်စ်လီဂါမှာခြေစွမ်းပြနေတာကြောင့် အဲဒီအင်္ဂလန်ကြယ်ပွင့်လေးဟာ မန်ယူနဲ့ချဲလ်ဆီးတို့ရဲ့အဓိကပစ်မှတ်ဖြစ်နေပါတယ်။ ဆန်ချိုဟာ ဒီရာသီဘွန်ဒက်စ်လီဂါ ၂၃ ပွဲမှာ ၁၄ ဂိုးသွင်း၊ ၁၆ ဂိုးဖန်တီးပေးထားပါတယ်။

[Zawgyi]

အန္ဖီးလ္ကိုေျပာင္းလာဖို႔ ဆန္ခ်ိဳကို တိုက္တြန္းလုိက္တဲ့ အာႏိုး

ေနာက္ခံလူအာႏိုးဟာ မန္ယူအသင္းရဲ႕အဓိကပစ္မွတ္ျဖစ္တဲ့ေဒါ့မန္ၾကယ္ပြင့္ဆန္ခ်ိဳကို သူရွိရာ လီဗာပူးအသင္းဆီေျပာင္းလာဖို႔ တုိက္တြန္းလုိက္ပါတယ္။ အသက္ ၂၀ သာရွိေသးတဲ့ အဲဒီေဒ့ါမန္ေတာင္ပံကစားသမားဟာ ပရီးမီးယားလိဂ္ကိုျပန္ေရာက္ဖုိ႔ သတင္းထြက္ေနၿပီး ေခၚယူႏိုင္ေရးအတြက္ မန္ယူက ေရပန္းအစားဆုံးျဖစ္ေနပါတယ္။ ဒါေပမဲ့ လီဗာပူးေနာက္ခံလူအာႏိုးကေတာ့ စပါယ္ရွယ္အရည္အေသြးရွိဆန္ခ်ိဳကို အန္ဖီးလ္မွာ ရွိေစခ်င္တယ္လုိ႔ ၀န္ခံလိုက္ပါတယ္။

”သူသာ ကၽြန္ေတာ္တု႔ိဆီေရာက္လာမယ္ဆိုရင္ ကၽြန္ေတာ္တုိ႔အသင္းပိုေကာင္းေအာင္ သူလုပ္ေပးႏိုင္မွာပါ။ ဒါေၾကာင့္ သူသာ လာမယ္ဆုိရင္ သူ႔အတြက္ ကၽြန္ေတာ္ပိုေပ်ာ္မိမွာပါ။ ဘာေၾကာင့္လဲဆုိေတာ့ အဂၤလန္အသင္းမွာ သူနဲ႔အတူ ကစားခဲ့လုိ႔ သူ႔မွာ စပါယ္ရွယ္၊စပါယ္ရွယ္၊စပါယ္ရွယ္အရည္အေသြးရွိတယ္ဆိုတာ သိတာပါ”လုိ႔ အာႏိုးက Instagram ေပၚက Live Chat တစ္ခုမွာ ေျပာခဲ့တာပါ။

ေပါင္ သန္းအထက္ ကမ္းလွမ္းမႈတစ္ခု လက္ခံရရွိမယ္ဆိုရင္ေတာ့ ေဒ့ါမန္ဟာ ဆန္ခ်ိဳကို အဂၤလန္ျပန္ဖို႔ ခြင့္ျပဳလိမ့္မယ္လုိ႔ သတင္းေတြအရ သိရပါတယ္။ ဘြန္ဒက္စ္လီဂါမွာေျခစြမ္းျပေနတာေၾကာင့္ အဲဒီအဂၤလန္ၾကယ္ပြင့္ေလးဟာ မန္ယူနဲ႔ခ်ဲလ္ဆီးတုိ႔ရဲ႕အဓိကပစ္မွတ္ျဖစ္ေနပါတယ္။ ဆန္ခ်ိဳဟာ ဒီရာသီဘြန္ဒက္စ္လီဂါ ၂၃ ပြဲမွာ ၁၄ ဂိုးသြင္း၊ ၁၆ ဂိုးဖန္တီးေပးထားပါတယ္။